ကတ္တီပါ တော်လှန်ရေး ခေါင်းဆောင် ဗားဆလဗ် ဟာဗလ် ကွယ်လွန်

ဥရော ပ တိုက် နိုင်ငံ ငယ် တစ်ခု ၏ ခေါင်းဆောင် တစ် ယောက် ဖြစ်သော် လည်း သူ၏
ရဲရင့်ပြောင်မြောက် ပြီး ၊ မတရား မှု အတွက် အညံ့ မခံ တွန်း လှန် နိုင် ခဲ့
သည့် လုပ်ရပ် ကြောင့် ကမ္ဘာ က လေးစား ကြည် ညို မှု ရရှိ ခဲ့ သည့် ချက် နိုင်ငံ နှင့် ချက်ကို
စလို ဗက်ကီးယား သမ္မတ ဟောင်း ဖြစ်သူ ဗားဆလဗ် ဟာဗလ် သည် ဒီဇင်ဘာလ ၁၈ ရက်နေ့ 
အသက် ၇၅ နှစ် အရွယ် တွင် ကွယ် လွန် ခဲ့ သည်။

ဇာတ်ညွှန်း ရေး ဆရာ အဖြစ် သူ ၏ ဘ၀ ကို စတင်ခဲ့ ပြီး အတိုက် အခံ နိုင်ငံရေး ခေါင်းဆောင်
မှ သည် ဆိုဗီယက် ခောတ် ၏ နောက် ဆုံး သမ္မတ ၊ လွတ်လပ် သော ချက် နှင့် ချက် ကိုစလို
ဗက်ကီးယား သမ္မတ နိုင်ငံ ၏ ပထမ ဦး ဆုံး သမ္မတ အဖြစ် တာဝန် ထမ်း ဆောင် ခဲ့ သည်။

ချက် ကိုစလို ဗက်ကီးယား နိုင်ငံ  ကျောင်း သား များ နှင့် ပြည်သူ လူထု ၏ ချက်ကိုစလိုဗက်
ကီးယား နိုင်ငံ ကွန်မြူနစ် ပါတီ အစိုးရ ကို အုံကြွ မှု တစ်ခု  ဖြစ်သည့် ကတ္တီ ပါ တော်လှန်ရေး
အတွက် ဦးဆောင် စည်းရုံး ခဲ့ ပြီး ခေါင်းဆောင် မှု ပေး ခဲ့ သည့် ဗားဆလဗ် ဟာဗလ် သည်
၁၉၈၉ ခုနှစ် ဒီဇင်ဘာ လ ၂၀ ရက်နေ့ တွင် သွေးထွက် သံယို မှု မရှိ သည့် ကတ္တီပါ တော်
လှန်ရေး အောင်မြင် ပြီး နောက် ချက် ကိုစလို ဗက်ကီးယား နိုင်ငံ ၏  ခေါင်းဆောင် ဖြစ်လာ
ခဲ့ သည်။

၁၉၉၂ ခုနှစ် တွင် စလိုဗက်ကီးယား ကို နိုင်ငံ တစ်ခု အဖြစ် ခွဲ ထွက် ခွင့် ပြု ပြီး နောက်
ချက် နိုင်ငံ ၏ သမ္မတ အဖြစ် ၁၉၉၃ ခုနှစ် တွင် ပြန်လည် ရွေးကောက် ခံခဲ့ရသည်။

၁၉၉၇ ခုနှစ် ဇန်န၀ါရီလ ၄ ရက် တွင် ချက် နာမည် ကျော် သရုပ်ဆောင် ဖြစ်သူ Dagmar Havlová
နှင့် အိမ်ထောင် ပြု ခဲ့ သည်။

၁၉၉၈ နောက် ပိုင်း တွင် ကင်ဆာ ရောဂါ ဝေဒနာ ပိုဆိုး လာခဲ့ သော်လည်း ၂၀၀၃ ခုနှစ် အထိ ချက်
နိုင်ငံ ၏ သမ္မတ အဖြစ်တာ ၀န် ထမ်းဆောင် ခဲ့ သည်။

ဗားဆလဗ် ဟာဗလ် သည် မြန်မာ့ ဒီမိုကရေစီ ရေး ကို အား ပေး ထောက်ခံ သူ ဖြစ်ပြီး
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် အား နိုဘဲလ် ငြိမ်းချမ်းရေး ဆု အတွက် စတင် အဆို
ပြု ခဲ့ သူ ဖြစ်သည်။

မြန်မာ စစ်အစိုးရ လက်ထက် က ဗားဆလဗ် ဟာဗလ်  ၏ သတင်းများ ကို မီဒီယာ များ ဉ်
ဖော်ပြ ခြင်း မရှိဘဲ စလိုဗက်ကီးယား နိုင်ငံ ကို ခွဲထွက် ခွင့် ပေးသည့် အခါ  စစ်အစိုးရ
အာဘော် သတင်း စာ များ က သူ့ ကို နိုင်ငံဖြိုခွဲ သူ တစ်ဦး အဖြစ်  ပြင်းပြင်းထန်ထန် ဝေဖန်
တိုက် ခိုက် ခဲ့ သည်။

နိုင်ငံရေး အကျဉ်းသား ဟောင်း တစ်ဦး ဖြစ်သူ ကိုကြည်သာက ” စစ်အစိုးရ မုန်းတဲ့ သူ
တွေ ထဲ မှာ ဗားဆလဗ် ဟာဗ်လ် က ထိပ် ဆုံး က တစ်ယောက် ပဲ ၊ ဒေါ်စု ကို နိုဘဲလ်
ဆု အတွက် ထောက်ခံပေး တဲ့ အချိန် မှာ ဗိုလ်ချုပ် ခင်ညွန့် က ဗားဆလဗ် ဟာဗ်လ် ကို
ပြည်တွင်း ရေး ၀င် ရှုပ်သူ ဆို ပြီး ဝေဖန် ခဲ့တယ် ” ဟု FNG သို့  ပြောသည်။

ဗားဆလဗ် ဟာဗ်လ် သည် တူနီးရှား ၊ လစ်ဗျား၊ ဆီးရီးယား၊ အီဂျစ် စသည့် နိုင်ငံ များ
မှ ပြည်သူ များ မှ လွတ်မြောက် ရေး လှုပ်ရှား မှု များ ကို ထောက်ခံ အား ပေး ခဲ့ ပြီး
ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ် ချုပ် မှာ လွတ် မြောက် မှု အား ဦးစွာ ကြို
ဆို ခဲ့ သူ တစ်ဦး ဖြစ်သည်။

မကွယ်လွန် ခင် တစ် ရက် အလို  တွင် Time မဂ္ဂဇင်း ၏  တစ်နှစ် တာ အထူးချွန်ဆုံး
ပုဂ္ဂိုလ် အဖြစ် တစ်ကမ္ဘာ လုံး မှ အုံ ကြွ သူ များ ကို ချီး ကျူး ဂုဏ် ပြု ထား မှု များ ကို
နှစ်ခြိုက်စွာ ဖတ် ရှု နေခဲ့ သည် ဟု သူ ၏ ဇနီး က CNN ကို ပြောသည်။

ဗားဆလဗ် ဟာဗ်လ် သည် ကဗျာ ရေးခြင်း ၊ ဇာတ်ညွှန်း နှင့် ၀တ္ထုရေးခြင်း ၊ ရုပ်ရှင် ရိုက်
ခြင်း တို့  ကို အထက်တန်း ကျောင်းသား ဘ၀ မှ သည် ကွယ်လွန် ချိန် အထိ ဆောင်ရွက်
ခဲ့ သည်။

“ကတ္တီပါ တော်လှန်ရေး မှ သည် ငွေရောင် ပိတ် ကား  ” အမည် ရှိ ဗားဆလဗ် ဟာဗလ် ၏
ဘ၀ ဇာတ်ကြောင်း အထူး ဆောင်း ပါး ကို မကြာခင် စောင့် မျှော် ဖတ်ရှု ပါ။