၂၀၀၆ ခုနှစ်က စစ်တပ် က အာဏာသိမ်း ပိုက်ပြီး ရာထူးက ဖယ်ရှား ခြင်း ခံရတဲ့ ထိုင်းဝန်ကြီး
ချုပ် ဟောင်း သက်ဆက် ရှင်နာဝတ်ထရာ ဟာ ပြီး ခဲ့ တဲ့ ကြသပတေး နေ့ က သူ့  ရဲ့  မဇ္ဈိမ ဒေ
သ ဘုရား ဖူး ခရီးစဉ် အတွက် မြန်မာ နိုင်ငံ မှာ တစ် ထောက် နားစဉ် မှာ မြန်မာ စစ်ခေါင်းဆောင်
ဟောင်း ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၊ သမ္မတ ဦးသိန်း စိန် တို့  နဲ့  တွေ့ ဆုံခဲ့ တယ်လို့ ဘန်ကောက်
ပို့  စ် သတင်း စာ ရဲ့  သီးသန့်  မေးမြန်း မှု တစ်ခု မှာ ထုတ် ဖော် ပြော ဆို ခဲ့ ပါတယ်။
သက်ဆင် နဲ့  ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၂၀၄၄ ခုနှစ်က ဆုံ တွေ့ ခဲ့ စဉ်က ၀ီကီလိခ် မှတ်တမ်း တစ်ခု
သက်ဆင် ရဲ့  ညီမ ဖြစ်သူ လက်ရှိ ထိုင်းဝန်ကြီးချုပ် ယင်လပ် ရှင် နာဝတ်ထရာ ဟာ မြန်မာ နိုင်ငံ
မှာ ယနေ့  ကျင်းပမယ့် လေးကြိမ် မြောက် မဟာ မဲ ခေါင် ဒေသ အစည်း အဝေး ကို မတိုင် ခင် မြန်မာ
အစိုးရ ခေါင်း ဆောင် တွေ နဲ့  ပြီး ခဲ့ တဲ့ ကြသပတေး နေ့ က တွေ ဆုံ ခဲ့ တာ ဖြစ်ပါတယ်။
၁၉၉၅ ခုနှစ် သက် ဆင် နိုင်ငံခြားရေး ၀န်ကြီး အဖြစ် တာဝန် ထမ်းဆောင် နေစဉ် မြန်မာ စစ်အစိုး
ရ ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၊ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွန့်  တို့  နှင့် သီးသန့် တွေ့ ဆုံခဲ့
ဖူး ပြီး သူ ၀န်ကြီး ချုပ် အဖြစ် တာဝန် ထမ်းဆောင် ချိန် ၂၀၀၀ နှင့် ၂၀၀၄ ခုနှစ် များ တွင်ထပ်မံ
တွေ့ ဆုံ ခဲ့ သည်။
မြန်မာ စစ်ထောက် လှမ်း ရေး အကြီး အကဲ ဟောင်း ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွန့်  ၏ သားဖြစ်
သူ ရဲ နိုင် ၀င်း ပိုင် ဆိုင် သည့် Bagan Cybertech လုပ်ငန်း များ တွင် သက်ဆင် က ငွေကြေး
နှင့် နည်းပညာ အကူ အညီ ပေး ခဲ့ ပြီး ၊ ၂၀၀၄ ခုနှစ် တွင် မြန်မာ စစ်အစိုးရ ကို ဒေသတွင်း စီးပွား
ရေး ပူးပေါင်း ဆောင် ရွက် မှု အစီအစဉ် အရ အမေရိကန် ဒေါ်လာ ၄၅ သန်း ခန့် ချေးငှား ခဲ့ သည်။

ထိုင်း နိုင်ငံ ဟာ သူ့  နိုင်ငံ တွင်း မှာ လျှပ် စစ်မီး ရရှိ ရေး အတွက် မြန်မာ နိုင်ငံ က ထွက် တဲ့ သဘာဝ
ဓာတ် ငွေ့ ကို ၀ယ် ယူ သုံးစွဲ နေရတာ ဖြစ် ပြီး ၊ သက်ဆက် နဲ့  မြန်မာ စစ်ခေါင်းဆောင် တွေ တွေ့ ဆုံ
မှု ဟာ မြန်မာ အနေနဲ့  သူ့  ရဲ့  ညီမ ဖြစ်သူ ယင်လပ် ရှင်နာဝတ်ထရာ အာဏာတည် မြဲရေး အတွက်
မြန်မာ အစိုးရ နဲ့  ချောမွေ့ စွာ ဆက်ဆံ ရေး အဆင် ပြေ နိုင်ဖို့  ဖြစ်တယ် လို့  အကဲခတ် တွေ က
သုံး သပ် ကြပါတယ်။
မြန်မာ စစ်အစိုးရ က ယခု လဆန်း ပိုင်းက နှစ် နိုင်ငံ ကုန် သွယ်ရေး မှာ အရေး ပါတဲ့ မြ၀တီ – မဲ
ဆောက် တံ တား ကို ပြန်လည် ဖွင့် လှစ် ပေး ခဲ့ ပါတယ်။
ထိုင်းဝန်ကြီး ချုပ် ဟောင်း သက် ဆင် ဟာ ပြည်ပ ရှောင်တိမ်း နေထိုင် သူ တစ်ဦး ဖြစ် ပြီး ပင်
လယ်ကွေ့ နိုင်ငံ တစ်ခု ဖြစ်တဲ့ ဒူ ဘိုင်း မှာ အခြေချ နေ ထိုင် ပါတယ်။
သူအာဏာ ရစဉ် အတွင်း မှာ ထိုင်း နိုင်ငံ ဖွံ့ ဖြိုး တိုးတက် ရေး အတွက် တောရော ၊ မြို့  ပါမကျန်
အံမခန်း စွမ်းဆောင် ခဲ့ ပါတယ်။
ထိုင်းဝန်ကြီးချုပ် ယင်လပ် ရဲ့  မြန်မာ ပြည် ခရီး စဉ် ကို ထိုင်း နိုင်ငံ က လူ့ အခွင့် အရေး လှုပ်ရှား
တက်ကြွ သူ တွေ ၊ အတိုက်အခံ တွေ က သတိထား စောင့်ကြည့် နေကြတယ် လို့  ဘန်ကောက်
ပို့ စ် သတင်း စာ မှာ ဖော် ပြထား ပါတယ်။
