မီတာခ ကန့် ကွက် ပွဲ မတိုင်ခင် ရန်ကုန် တက္ကသိုလ် အနီး ဗုံးပေါက် ကွဲ တစ်ဦး သေဆုံး ၊ သုံးဦး ဒဏ်ရာရ

ရန်ကုန်မြို့  ကမာရွတ် မြို့ နယ် တက္ကသိုလ် ရိပ်သာ လမ်း နှင့် ပြည်လမ်းထောင့် ရှိ လှည်းတန်း
လမ်းဆုံ အနီး အများ သုံးသန့် စင် ခန်း တစ်ခု တွင် ဗုံး ပေါက် ကွဲမှု ကြောင့် တစ်ဦး သေဆုံး
ပြီး သုံးဦး ဒဏ်ရာရရှိ သည် ဟု FNG မှ သတင်းရရှိ သည်။

ဗုံး ၏ ပေါက် ကွဲ အား မှ ပြင်းထန် ပြီး လှည်တန်း လမ်းဆုံး ရှိ ပြည်မြန်မာ ကုန် တိုက် မှ ပင်
ကြားရ သည် ဟု သိရသည်။ ပြည်မြန်မာ ကုန် တိုက် အနီး တွင် လက်ဖက် ရည် ဆိုင် ဖွင့် ထား
သူ တစ်ဦး က ဗုံး သံ က ကျယ်တယ်။ ဒီက တောင် ကြားရတယ်။ အခုတော့ လမ်းတွေ ပိတ်ထား
တယ်။ ကျွန်တော် တို့  တက္ကသိုလ် ဘက် ကနေ ပဲ သွား ကြည့် လို့ ရတယ် ” ဟု ပြောသည်။

Burnma VJ မှ ရိုက်ကူးထာသည့် ဓာတ်ပုံများ ကို ကြည့် ရန် ကလစ် နှိပ်ပါ

ယနေ့  ၁၁ နာရီ ခန့်  က ဖြစ်ပွား ခဲ့ သည့် ဗုံးပေါက် ကွဲ မှု သည် အမျိုးသမီး သန့် စင်ခန်း တွင်
ဖြစ်ပွား ခဲ့ ခြင်း ဖြစ်ကာ အမျိုးသမီး တစ်ဦး သေဆုံး ကာ (သူမ ၏ အဖော် ဖြစ်ဟန် တူ သည့်
အမျိုးသား ) မှာ ပြင် ပ မှ စောင့် ဆိုင်း နေစဉ် ဗုံးပေါက် ကွဲ မှု ဒဏ် ကြောင့် ပြင်းထန် စွာ ထိ
ခိုက် ဒဏ်ရာ ရရှိ ခဲ့ သည်။

အဆိုပါ ဗုံး ပေါက် ကွဲ မှု သည် ယနေ့  ပြုလုပ်မည် ဟု သတင်း ထွက် နေသည့် အိမ်သုံးလျှပ်စစ်
မီတာ ခ ဈေးတက် မှု ကန့် ကွက် ရေး လှုပ်ရှား မှု မတိုင် ခင် နာရီပိုင်း အလို တွင် ပင် ဖြစ်သွား
သည် ဟု  FNG မှ သတင်း ရရှိ သည်။

ဗုံးပေါက်ကွဲ မှု ကြောင့် တက္ကသိုလ် ရိပ်သာ လမ်း  နှင့် ပြည် လမ်း (ရန်ကုန် တက္ကသိုလ် ဘက်အခြမ်း)
တို့  ကို ပိတ်ထား သည်။ ရန်ကုန် မြို့  လှည်းတန်း ဈေး တွင် လည်း ဗုံးပေါက် ကွဲ မှု ဖြစ် ပြီးနောက်
ဗုံးလန့်  မှု ဖြစ်ပွား ခဲ့သည်။ လှည်းတန်း လမ်းဆုံး အနီး မုန့် ဟင်း ခါး ရောင်းသူ တစ်ဦး က FNG
ကို ပြောသည်။

Phot0 Credit :7 Days News Journal, The Messenger ဂျာနယ် နှင့် San Oo ၏ Facebook မှ ရယူပါသည်။

One thought on “မီတာခ ကန့် ကွက် ပွဲ မတိုင်ခင် ရန်ကုန် တက္ကသိုလ် အနီး ဗုံးပေါက် ကွဲ တစ်ဦး သေဆုံး ၊ သုံးဦး ဒဏ်ရာရ

  1. မီတာခ က ဘာ ကန့်ကွက် ဆရာ ရှိလို့ လဲ … ဒီတခါ ဗုံးကွဲတာ တော့ ဖန်တရာတေ အစိုးရ လက်ချက်လို့ မထင်ပါ … ငပွကြီး ဆိုတော့ လဲ ဘယ်တော့ဖြစ်ဖြစ် စွပ်စွဲ ခံရတာပေါ့…..

Comments are closed.