နိုင်ငံရေး အကျဉ်းသား လွှတ်ပေး မည် ဟု မီးရထား ၀န်ကြီး ပြော

နေမျိုးဦး၊              ၊၂၀၁၂ ခုနှစ် ဇန်န၀ါရီ လ ၄ ရက်နေ့ တွင် ကျရောက် မည့် မြန်မာ နိုင်ငံ ၏
၆၄ ကြိမ်မြောက် လွတ်လပ်ရေး နေ့  အခမ်းအနား တွင် နိုင်ငံရေး အကျဉ်းသား များ အား
ထပ်မံ လွှတ်ပေးမည်
ဆိုသည့် သတင်း သည် မြန်မာ နိုင်ငံ ရေး လှုပ်ရှား တက်ကြွသူများ အကြား တွင် ကျယ်ကျယ်
ပြန့် ပြန့် ပေါ် ထွက် နေ ခဲ့ သည်။

အဆိုများ သတင်း များ ပေါ် ထွက် နေခြင်း သည် ယမန်နေ့  က မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် က မြန်မာ နိုင်ငံ ၏ အကြီး ဆုံး ဖြစ်သည့်  မြေအောက် နိုင်ငံရေး လှုပ်
ရှား မှု အဖွဲ့ တစ်ခု ဖြစ်သော ၈၈ မျိုးဆက် ကျောင်းသား များ အဖွဲ့  နှင့် တွေ ဆုံ ပြီး ချိန် တွင် ကျယ်
ကျယ် ပြန့် ပြန့် ပေါ် ထွက် ခဲ့ သလို့  ယနေ့  မြန်မာ အစိုး ရ မီးရထား ၀န်ကြီး ဦးအောင်မင်း က
ထိုင်းနိုင်ငံ စံခလဘူရီတွင် ကျင်းပသည့် နယ်စပ် အခြေစိုက် လက်နက် ကိုင်အဖွဲ့  များ နှင့် အပစ်
အခတ် ရပ် စဲ ရေး သဘောတူညီ ချက် တွေ့ ဆုံ မှု တွင် လွတ်လပ် ရေး နေ့  (သို့ မဟုတ်) ပြည်
ထောင်စု နေ့ တွင် လွတ်ရန် ရှိ ကြောင်း လက်နက်ကိုင် အဖွဲ့ များ အား  ပြော ဆို ခဲ့ သည် ဟု
KNU (ကရင် အမျိုးသား အစည်း အရုံး) မှ တာဝန် ရှိ သူ တစ်ဦး က FNG သို့  ပြောသည်။

ပြည့်သူ့ လွှတ် တော် ဥက္ကဌ သူရ ဦး ရွှေမန်း ကလည်း မြန်မာ နိုင်ငံ အကျဉ်းထောင် များ တွင်ထိမ်း
သိမ်း ခံ ထား ရ သည့် နိုင်ငံ ရေး အကျဉ်းသား များ မကြာ မှီ လွတ် မြောက် ဖို့  ရှိ သည် ဟု အမေရိ
ကန် နိုင်ငံ ခြား ရေး ၀န် ကြီး ဟီလာရီ ကလင်တန် မြန်မာ နိုင်ငံ သို့ လာ ရောက် လည် ပတ် စဉ် ပြော
ဆို ခဲ့ သည်။

အောက်တိုဘာလ အတွင်း က နိုင်ငံရေး အကျဉ်းသား အချို့   ပြန်လွှတ်ပေး ရာ တွင် ဟာသပညာရှင်
ကိုဇာဂနာ အပါဝင် ထင်ရှားသည့် နိုင်ငံရေး အကျဉ်းသား အချို့  ပြန်လည် လွှတ်ပေး ခဲ့ သော်လည်း
နိုင်ငံရေး အကျဉ်းသား ၂၀၀ ကျော် သာ လွှတ်ပေးသည့် အတွက် ကန့် ကွက် မှု ဝေဖန်မှု များ ပေါ် ထွက်
ခဲ့ သည်။

လက်ရှိ ထောင်ဒဏ် နှစ် ရှည် အပြစ် ပေး ခြင်း ခံထား ရသည့် နိုင်ငံ ရေး အကျဉ်းသား တစ်ဦး ဖြစ်သူ
ကို မျိုး မင်းထိုက် ၏ မိသား စု ၀င် တစ်ဦး က မူ ” ဦးလေး တို့  တော့ တကယ် လွတ် လာမှာ သာ …အော်
လွှတ်ပေး ပါလား ဆိုတာ ကို ပဲ မှတ် ယူ တော့ မယ် ” ဟု ပြော သည်။

“အကယ် ၍ နိုင်ငံ ရေး အကျဉ်းသား အကုန် လုံး ပြန်လွှတ် ပေး ခဲ့ ရင် တောင် ဒါ မြန်မာ အစိုး ရ အစစ်
အမှန် ပြောင်း လဲ့ ဖို့  ခြေစတစ်လှမ်း စတာ ပဲ ရှိ သေး တယ်။ နယ်စပ် မှာ လက်နက် ကိုင် ပဋိပက္ခ တွေ၊
အစိုးရ တစ်ရပ် အနေ နဲ့  ပွင့် လင်း မြင်သာ မှု ရှိ ဖို့  တွေ နဲ့  ပြည်သူ့  ဆန္ဒ တွေ ကို လက်တွေ့ အကောင်
အထည် ဖော် ဖို့  တွေ လို နေသးတယ် ဟု ပြောသည်။

အကျဉ်းထောင်တွင်း ထိမ်းသိမ်း ခံထား ရသည့် နိုင်ငံရေး အကျဉ်းသား များ နှင့် ပတ်သက် ပြီး စာရင်း
ကောက် ယူမှု ပြုရာတွင်  ပြည်ပ အခြေစိုက် အဖွဲ့  အချို့  နှင့် ပြည်တွင်း အခြေစိုက် အဖွဲ့  များ ကြား
အတော်ပင် ကွဲ လွဲ မှု ရှိ သည့် အချက် မှာ လည်း စိုး ရိမ် စရာ ဖြစ်သည် ဟု ဆိုသည်။

ရန်ကုန် အင်းစိန် အကျဉ်းထောင် ၊ ပဲခူး တိုင်း သာယာဝတီ ထောင် နှင့် မန္တလေး တိုင် အိုးဘို အကျဉ်း
ထောင် သုံး ခု ဉ် ကို ပင် ဖမ်းဆီး ထိမ်း သိမ်းထား သည့် နိုင်ငံ ရေး အကျဉ်းသား အနည်း ဆုံး
၃၀၀ ကျော်ခန့် ရှိ သည် ဟု သိရသည်။

နိုင်ငံရေး အကျဉ်းသား များ ကို ဖေဖော်ဝါရီလ ၁ ရက်နေ့  နောက်ဆုံး ထား ပြီး မလွှတ် ပါက လည်း
အကျဉ်းသား လွတ် မြောက်ရေး အတွက် တောင်း ဆို ဆန္ဒ ပြမည် လှုပ်ရှား မှု များ စီစဉ် ထား ရှိ
သည် ဟု တက်ကြွ လှုပ်ရှား သူများ သတင်း ရပ် ကွက် မှ တစ်ဆင့် သိရသည်။