အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် ပြည်သူ့လွှတ်တော်
ဥက္ကဋ္ဌ သူရ ဦးရွှေမန်း တို့  သည် ယနေ့ နေ ပြည်တော်တွင် တွေ့ ဆုံ သည် ဟု FNG မှ သတင်း
ရရှိ သည်။ ဒေါ်အောင်ဆန်း စုကြည် သည် ပြည်ထောင်စု လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်
နှင့် လည်းနေ ပြည်တော် ရှိ လွှတ်တော် တွင် သူရ ဦးရွှေမန်း နှင့် အတူ တွေ့ ဆုံ ခဲ့ သည်။
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် မြန်မာ အစိုးရ သမ္မတ ဦးသိန်း
စိန် တို့ သည် နေ ပြည်တော် ရှိ သမ္မတ အိမ်တော် တွင် သြဂုတ်လ ၁၉ ရက်နေ့ က တွေ့ ဆုံ မှု
နောက် ပိုင်း မြန်မာ ဥပဒေပြုရေး အာဏာ ရှိ သူများ နှင့် ပထမ ဦးဆုံး အကြိမ် တွေ့ ဆုံ ခဲ့ ခြင်း
ဖြစ်သည်။
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် ယနေ့ တွေ့ ဆုံ သည့် ပြည်သူ
လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း သည် စစ်အစိုးရ လက်ထက် က တတိယ အာဏာအရှိ
ဆုံး သူ ဖြစ်ပြီး လက်ရှိ အစိုးရ အဖွဲ့  တွင် လည်း အရေး ပါ အရာ ရောက်သူ ဖြစ်သည်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့  NLD ပါတီမှတ်ပုံတင်ရန်
ကိစ္စအတွက်နေပြည်တော်သို့ ခရီးထွက်ခွာ စဉ် လွှတ်တော် သို့  သွား ရောက် လည်ပတ် ခြင်း
ဖြစ်သည်။
Photo Credit : AP,AFP, The Messenger Journal



