သဲသဲ၊ ၊ဓာတ်ပုံ နဲ့  ဓာတ်မှန် စတဲ့ ဆေးဘက်ဆိုင်ရာ လုပ်ငန်းသုံး ပစ္စည်း တွေ ထုတ်
တဲ့ ဂျပန် နိုင်ငံ အခြေစိုက် Olympus ကုမ္ပဏီ ရုံးချုပ် နဲ့  ကုမ္ပဏီ ရဲ့  ထိပ်တန်း အရာ ရှိ တွေ
နေ အိမ် ကိုဂျပန် ရဲတပ်ဖွဲ့  နဲ့  ဂျပန် ငွေကြေး ကစား မှု ဆိုင်ရာ လုံခြုံရေ တပ် ဖွဲ့  တွေ က မနေ့ 
က၀င်ရောက် စီးနင်း ခဲ့ ပါတယ်။
အောက်တိုဘာလ က ကုမ္ပဏီ ဥက္ကဌ ဖြစ်သူ Michael Woodford ကို အလုပ်က ထုတ်ခဲ့
ပြီး နောက် သူက ကုမ္ပဏီ ပတ်သက် တဲ့ ငွေကြေး အရှုပ် တော် ပုံ ကို ဆက်လက် ဖွင့်ချခဲ့တာ
ကြောင့် ဂျပန် အစိုးရ စုံထောက် တွေ က ခြေရာ ခံ နိုင် မိတာ ဖြစ်ပါတယ်။
Olympus က နေ စမ်းသပ် နေတဲ့ Blue-Chip လို နည်းပညာသစ် တွေ အတွက် ငွေကြေး
စိုက် ထုတ် ပေး နေတဲ့ The Sumitomo Mitsui Financial Group ကလည်း Olympus
မှာ ငွေကြေး အရ အရှုံး ပေါ် နေတာ သိပေမယ့် ရေငုံ နှုတ်ပိတ် လုပ် နေခဲ့ တယ်လို့  ဂျပန်
ဒိုင်းယက် လွှတ်တော် အမတ် တွေ က ဝေဖန် ကြပါတယ်။
ဗြိတိသျှ နိုင်ငံ သား ဖြစ်တဲ့ Olympus ကုမ္ပဏီ ဥက္ကဌ ဟောင်း Michael Woodford ဟာ
ပြီး ခဲ့တဲ့ အောက်တိုဘာလ က အိုလံပတ်(စ) ရဲ့  လုပ်ငန်း တွေ ၊ ပေးချေစရာရှိတာတွေ
နဲ့  ပတ် သက် ပြီး ရှယ်ယာရှင် တွေ သိအာင် လုပ်ဖို့  ဒါရိုက် တာတွေ ကို မေးခွန်း ထုတ် ခဲ့
ရာ ကနေ သူ့ ကို ဘုတ် အဖွဲ့  က ရာထူး က ရပ် နား ခဲ့ တာ ဖြစ်ပါတယ်။
Michael Woodford ဟာ ဂျပန် နိုင်ငံသား မဟုတ် ဘဲ ပထမဦး ဆုံး အနေ နဲ့  ထိပ်တန်း
ဂျပန် ကုမ္ပဏီ တစ်ခု ရဲ့  အကြီး အကဲ အဖြစ် တာဝန်ထမ်းဆောင် ခြင်း ခံရ သူ ဖြစ်ပါတယ်။
အလုပ် က ထုတ် ခံ ရ ပြီး နောက် သူက Olympus ရဲ့  အတွင်း ရေး တွေ ကို တဖြည်းဖြည်း
ချင်း ဖွင့် ချနေခဲ့ လို့  ခြိမ်းခြောက် မှု တွေ နဲ့  ရင် ဆိုင် ခဲ့ ရပါတယ်။
Olympus ဟာ ပြီးခဲ့ တဲ့ နှစ်တွေ အတွင်းမှာ အမေရိကန် ၁.၇ ဘီလျှံ အရှုံး ပေါ် ခဲ့ ပေမယ့်
စာရင်း မှန် တွေ ကို တော့ ရှယ်ယာ ရှင် တွေ ကို အသိမပေး ခဲ့ ပါဘူး။
မနေ့ က စီးနင်းမှု မှာ Olympus ရဲ့  ကုမ္ပဏီ ခွဲ သုံး ခု ရဲ့  ရုံးချုပ် တွေ ပါဝင် ပြီး ၊ လက်ရှိ
ဥက္ကဌ ရဲ့ တိုကျို မြို့ လည်က နေအိမ် လည်း ပါဝင် ပါတယ်။
ဒီနေ့ မနေ့ နီကီး စတော့ ဖွင့် ချိန် မှာ အိုလံပတ်(စ) ရဲ့  စတော့ အညွှန်း တွေ က ၇၅ ရာခိုင်
နှုန်းလောက် ထိုး ကျသွား ခဲ့ ပါတယ်။
ဂျပန် အာဏာပိုင် တွေ က Olympus ကုမ္ပဏီ က အရေးကြီး တဲ့ စာရွက် စာတမ်း တွေ နဲ့ 
မှတ် တမ်း မှတ် ရာ တွေ ကို သိမ်းဆည်း ခဲ့ ကြပါတယ်။
Olympus ကုမ္ပဏီက တာဝန်ရှိ သူတွေ က ဂျပန် ရဲ့  အကြီးဆုံး ဒုစရိုက် ဂိုဏ်း တစ်ခု
ဖြစ်တဲ့ ယာကူဇာ နဲ့  ပေါင်းပြီး ငွေကြေး ခ၀ါ ချမှု တွေ လဲ လုပ်ဆောင် ခဲ့ တယ် လို့ ဆို
ပါတယ်။
Olympus ကုမ္ပဏီ ရုံးချုပ် ဟာ တိုကျို ရှင် ဂျူ ကု ရပ် ကွက် မှာ ရှိပါတယ်။
Related articles
- VIDEO: Olympus HQ in earnings probe raid (bbc.co.uk)
