ရုရှား မှာ အစိုးရ ဆန့် ကျင် ရေး ဆန္ဒပြပွဲ ခြိမ့်ခြိမ့်သဲ ကျင်းပ

ဒီဇင်ဘာလ ၄ ရက်နေ့  က ရုရှား နိုင်ငံတွင် ကျင်းပခဲ့ သည့် ရွေးကောက် ပွဲ တွင် ၀န်ကြီး ချုပ် ပူ
တင် ၏ လက်ရှိ အာဏာ ရ ပါတီ ဖြစ် သော United Russia Party က မဲသမာ မှု နှင့် ရွေးကောက်
ပွဲ ကလိမ် ကျမှု ကို ဆန့် ကျင် ကန့် ကွက် သည့် ဆန္ဒပြ ပွဲ တစ်ခု ကို ယနေ့  စနေ နေ့ တွင် မြို့ တော်
မော်စကို ၊ပူတင် ၏ ဇာတိမြို့  စိန့် ပီတာ ဘတ် နှင့် ရုရှား နိုင်ငံ ရှိ မြို့  ပေါင်း ၁၅ ခုထက် မနည်း
တွင် ကျင်း ပခဲ့ ကြသည်။

သတင်း နှစ် ပတ် အတွင်း အကြီး ဆုံး ဆန္ဒပြ ပွဲ တစ်ခု ကို ဆန္ဒ ပြ သူ များ က စီစဉ် နိုင် ခဲ့ ခြင်း ဖြစ်
ပြီး ဆန္ဒပြသူများ က စနေ နေ့  မနက် အစော ပိုင်း တွင် ဆာခါရေဗ် ရိပ်သာ လမ်းဉ် စုဝေး ပြီး စတင်
ခဲ့ ခြင်း ဖြစ်သည်။

ချမ်းအေးပြီး နှင်းများကျ နေသည့် ခရစ္စမတ် အကြို နေ့ တွင် ဆန္ဒပြ သူများ ပူတင် နှုတ်ထွက်ပေးရန်
နှင့် ရွေးကောက်ပွဲ အသစ် ပြန်လည် ကျင်း ပ ပေး ရန် တောင်း ဆို ခဲ့ သည်။ မော်စကို တစ်မြို့  တည်း
တွင် ပင် ဆန္ဒပြသူ တစ်သိန်း ကျော် ခန့်  ပါဝင် ခဲ့သည်။ မစ္စတာ ပူတင် ၏ ပြောခွင့် ရ ပုဂ္ဂိုလ် က
ရွေးကောက်ပွဲ တွင် ပူတင် ၏ ပါတီ ကို မဲပေး သူများ မှာ ရုရှား ပြည်သူ အများ စု က ဆုံး ဖြတ် ခဲ့
ကြ သည် ဟု ဆိုသည်။

ယနေ့ ဆန္ဒပြ ပွဲ တွင် ပြည်သူများ က အစိုးရ ဆန့် ကျင် ရေး ၊ ပူတင် နှင့် သမ္မတ မက်ဗီဒက် တို့ နှုတ်
ထွက်ပေး ရေး တို့  တောင်း ဆို ခဲ့ ကြ ပြီး ဆန္ဒ ပြ သူများ၏ တောင်းဆို မှု များ မှာ ပို ပြီး ပြင်းပြင်းထန်
ထန် ရှိ လာသည် ဟု CNN သတင်း တစ်ရပ် တွင် ဖော် ပြ ထား သည်။

မော်စကို တွင် ပြု လုပ် သည့် ဆန္ဒပြပွဲတွင် ယခင် ရုရှား ဘဏ္ဍာ ရေး ၀န်ကြီး ဟောင်း အလက်ဆီ ကာဒင်၊
ဆန္ဒပြ ပွဲ များ ကို ဦးဆောင် စည်းရုံး ခဲ့ သည့် ထင်ရှား သည့် အလက်ဆီ ကာဒင် ၊ ယခင် ရုရှာ ဘာသာ
ဖြင့် ထုတ်ဝေ သည့် Newsweek မဂ္ဂဇင်း အယ်ဒီတာ ချုပ် ဟောင်း လီယိုနစ် ပါဖီနော်ဗစ် တို့ က
ဆန္ဒပြ သူများ ကို မိန့် ခွန်း များ ပြော ခဲ့ ကြ သည်။

ရွေးကောက်ပွဲ တွင် ပါဝင် ယှဉ်ပြိုင် မည် ဟု ကြေငြာ ခဲ့ သည့် ရုရှား ဘီလျှံ နာ သူဌေးကြီး Mikhail
Prokhorov က လည်း ယနေ့  ဆန္ဒ ပြ ပွဲ ကို တက် ရောက် ခဲ့ သည်။

နိုဘဲလ်ငြိမ်း ချမ်းရေး ဆုရှင် နှင့် ရုရှား သမ္မတ ဟောင်း မီဟိုင်းလ် ဂေါ်ဘာချောဗ် ကလည်း ဆန္ဒပြသူ
များ ထံ သ၀ဏ် လွှာ ပို ခဲ့ ပြီး မတ်လ တွင် ကျင်း ပမည့် သမ္မတ ရွေးကောက် ပွဲ တွင် ပူတင် ၀င်ရောက်
ယှဉ်ပြိုင်ရန် မသင့် ကြောင့် ရေဒီယို မှ တစ်ဆင့် ပြောကြား ခဲ့ သည်။

ရုရှား နိုင်ငံ အရှေ့ ဖျား ဗလာဒီ ဗော့ စတော့ မှ သည် နိုင်ငံ အနောက်ပိုင်း ဆာရာတောဗ် ခရိုင် အထိ
ဆန္ဒပြ ပွဲ များ ဖြစ်ပွား ခဲ့ သည်။ ဆန္ဒပြ သူများ က ပူတင် အစိုး ရ ၏ နိုင်ငံရေး ရန် လို မှု ဖြင့် ဖမ်းဆီး
ထား သည့် ရုရှား နိုင်ငံ ၏ အချမ်းသာဆုံး သူ ဌေး မီဟိုင်းလ် ခေါ်ဒေါဗ် စကီး နှင့် နိုင်ငံရေး အကျဉ်း
သား များ ကို ပြန် လွှတ်ပေး ရန် တောင် ဆို ခဲ့ သည်။

ရေခဲ့ မှတ် အောက် ၃၀ ဒီဂရီ ခန့် ရောက် ရှိ နေသည့် ဆိုက်ဘေးရီးယား တွင် ပူ တင် ဆန့် ကျင်ရေး
ဆန္ဒ ပြမှု များ ဖြစ်ပွား ခဲ့ သည် ဟု BBC သတင်း တွင် ဖော် ပြထားသည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့  က မော်စကို ဘိုလော့ညာ ရင် ပြင် တွင် ဆန္ဒပြ မှု နောက် ပိုင်း တွင် ယနေ့ 
ဆန္ဒပြ မှု သည် အကြီး မား ဆုံး ဖြစ် ပြီး ၂၀၁၂ ခုနှစ် ဆန်း တွင် ရုရှား ပြည်သူ များ အား လုံး ပါဝင်
ရန် တိုက် တွန်း ထား သည်။

ရုရှား အစိုးရ ဆန့် ကျင် ရေး ဆန္ဒပြ ပွဲ တွင် နိုင်ငံရေး အသွေး အရောင် အမျိုး မျိုး နှင့် လူတန်း စား
အလွှာ အသီးသီး မှ တညီတညွတ် တည်း ပါဝင်ကြ သည်။

ယခု ဆန္ဒပြ မှု သည့် ပူတင် အစိုးရ နှင့် United Russia Party တို့  ကို စိမ်ခေါ် မှု ဖြစ်ပြီး ဆန္ဒပြမှု့
များ သည် ပိုကြီးထွား လာ နိုင် သည်ဟု ကြဿပတေး နေ့  က အကျဉ်းထောင် မှပြန်လည် လွတ်
မြောက် လာခဲ့ သည့် အလက်ဆီ နေဗီနီလ်း နှင့် အီလျှာ ယာရှင် တို့  က ၀ါရှင်တန် ပို့  စ် သတင်း စာ
နှင့် တွေ့ ဆုံ မှု တွင် ပြောသည်။

ယနေ့ ဆန္ဒ ပြ သူများ က ရုရှား ရွေးကောက် ပွဲ ကော်မရှင် ဥက္ကဌ ဗလာဒီမာ ချုရောဗ် ကို လည်း နှုတ်
ထွက်ပေး ရန် တောင်း ဆို ခဲ့ သည်။

မော်စကို နှင့် စိန့် ပီတာ စဘတ် တွင် ဆန္ဒ ပြ သူများ ကို ဖမ်းဆီး မှု များ ရှိ သည်။

Photo Credit : James Hill for The New York Times, CNN , Voice of Russia