ဆီးရီးယား သမ္မတ ဘာရှား အယ်(လ)အာဆတ် ကို ဆန့် ကျင်တဲ့ လက်နက် ကိုင် တပ် ဖွဲ့  ၀င်
(Free Syrian Army ) တွေ အခြေစိုက် ပြီး အတိုက်အခံ တွေ အား ကောင်း တဲ့ Homs မြို့ 
ကို ဆီးရီးယား စစ်တပ် က ပိတ်ဆို့ ထား ပြီး သတ်ဖြတ် နေတာ တွေ ကို ရပ်ဆိုင် ဖို့  နဲ့ အာရပ်
အဖွဲါချုပ် အနေနဲ့  ၀င်ရောက် စစ်ဆေး ပေး ဖို့  ဆီးရီးယား အတိုက်အခံ တွေ က တောင်း ဆို
လိုက်ပါတယ်။
ကုလသမဂ္ဂ အနေ နဲ့  အာဆတ် အစိုး ရ အဖွဲ့  ရဲ့  ပြည်သူ တွေ ကို အကြမ်း ဖက် သတ်ဖြတ် မှု
တွေကို ရပ်တန့်  အောင်လုပ် ပေး ဖို့  တောင်း ဆို ထား ပါတယ်။
ပုပ်ရဟန်း မင်းကြီး ဘင်နီဒစ် ၁၇ က ဆီးရီးယား မှာ ငြိမ်းချမ်းရေး ရရှိ ဖို့  ဆုတောင်း မေတ္တာ ပို့ 
ပြီး နာရီ ပိုင်း လောက် အကြာ မှ ဆီးရီးယား အစိုးရ က တပ် က မြောက် ပိုင်း က မြို့  ငယ် လေး
တွေ ထဲ ကို အလုံး အရင်း နဲ့  ၀င် ပြီး သတ်ဖြတ် မှု တွေ စတင် ခဲ့ တာ လို့  ဆီးရီးယား အတိုက်အခံ
တွေ က Fox သတင်း ဌာန ကို ပြောပါတယ်။
အာရပ် အဖွဲ့ ချုပ် က ဆီးရီးယား နိုင်ငံ ကို လာရောက် ပြီး အခြေအနေ တွေ ကို စစ်ဆေး မှု တွေ
လုပ် နေပေမယ့် ဆီးရီးယား အတိုက် အခံ တွေ က အာရပ် အဖွဲ့ ချုပ် ကို အယုံအကြည် မရှိ တာ
ကို တွေ့ ရတယ် လို့  Al Jazeera သတင်း မှာ ဖော် ပြထား ပါတယ်။
မတ်လ ကတည်း က စတင် ခဲ့ တဲ့ ဆန္ဒ ပြ မှု တွေ အတွင်း မှာ အနည်း ဆုံး ဆီးရီးယား ပြည်သူ
၆၀၀၀ ကျော် ကို ဆီးရီးယား လုံခြုံရေး တပ် ဖွဲ့  တွေ က သတ် ဖြတ် ပြီး ဖြစ်ပါတယ်။
