မြောက်ကိုရီးယား ခေါင်းဆောင် သစ် အဖြစ် ရွေးချယ် ခံ ထားရတဲ့ ကင်ဂျုံအွန်း ဟာ သူ့ ရဲ့  ဖခင်
ဖြစ်သူ ဈာပန အခမ်း အနား အတွက် တောင်ကိုရီးယား က လာရောက် တဲ့ အဖွဲ့  ကို လက်ခံ
တွေ့ ဆုံ ခဲ့ ပါတယ်။
ကွယ်လွန် သွား ပြီ ဖြစ် တဲ့ နိုဘလ်ငြိမ်းချမ်းရေး ဆုရှင် တောင် ကိုရီးယား သမ္မတ ဟောင်း ကင်
ဒေးဂျုံ ရဲ့  ဇနီး ဖြစ်သူ လီဟွိုင် ဟို နဲ့  ဟွန် ဒိုင်း မော်တော်ကား ကုမ္ပဏီ ဥက္ကဌ ဖြစ်သူ ဟွန်ဂျွန်အွန်း
တို့  ကို မြောက်ကိုရီး မြို့  တော် ပြုံး ယမ် မှာ လက်ခံ တွေ့ ဆုံ ခဲ့ ပါတယ်။
သူ့  ရဲ့  ဖခင် ကင်ဂျုံအီလ် ဟာ ဒီဇင်ဘာ လ ၁၇ ရက် နေ့  က ကျဉ်ကာ စနစ် တွေ အပြည့် အဝ
တပ် ဆင် ထားပြီး အကောင်းစားပြိုင်ကား တွေ တင်ဆောင် ထား တဲ့ ရထား နဲ့  ခရီး ထွက် နေ
တုန်း မှာ သေဆုံး ခဲ့ ပါတယ်။
တောင်ကိုရီးယား က ၁၈ ဦး ပါ ကိုယ်စား လှယ် အဖွဲ့  ဟာ Kumsusan Memorial Palace မှာ
ထား ရှိ တဲ့ ကင်ဂျုံအီလ် ရဲ့  ရုပ် အလောင်း ကို သွား ရောက် ဂါရ၀ ပြု ကြပါတယ်။
ကင်ဂျုံအွန်း ဟာ သူ့ ဖခင် သေဆုံး ပြီး တဲ့ နောက် မှာ မြောက်ကိုရီးယား အလုပ်သမား ပါတီ ရဲ့ 
ဗဟို စစ်ကော်မရှင် ဥက္ကဌ လို ရာထူး နေရာ အထိ ဆက်ခံ ဖို့  အသင့် ဖြစ်နေပေမယ့် ကျန် နေသေး
တဲ့ အဆင့် မြင့် ဆုံး ရာထူး တစ်ခု ဖြစ်တဲ့ အမျိုးသား ကာကွယ်ရေး ကော် မရှင် ဥက္ကဌ ရာထူး ကို
တော့ ရရှိ ခြင်း မရှိ သေး ပါဘူး။
ဟွန်ဂျွန်အွန်း ရဲ့  ခင်ပွန်း ဖြစ်သူ ဟွန် ဒိုင်း မော်တော်ကား ကုမ္ပဏီ ဥက္ကဌ ဟာ မြောက်ကိုရီးယား
နိုင်ငံ မှာ သူ့  ရဲ့  မော်တော်ကား ကုမ္ပဏီ ကို တည်ဆောက် ဖို့  စီစဉ် နေသူ တစ်ဦး လည်း ဖြစ်ပါတယ်။
