ဟိန်းခိုင်ထွန်း ၊ ၊ဒီဇင်ဘာ လ ၂၉ ရက် နံနက် ၁ နာရီ မိနစ် ၃၀ အချိန် တွင် ရန်ကုန် တိုင်း
မင်္ဂလာ တောင်ညွန့် မြို့ နယ် ကူးတို့ ဆိပ်ရပ်ကွက် စက်ဆန်း ရှိ အစိုးရ ပိုင် ဓါတု ကုန်လှောင် ရုံ
တွင် မီးလောင် ပေါက်ကွဲ မှုကြောင့် လူ ၂၀ ထက် မနည်း သေဆုံး က ရာချီ ဒဏ်ရာ ရရှိ ခဲ့ သည့်
ဖြစ် ရပ် ဆိုး ကြီး ကြောင့်ဒီဇင်ဘာ ၃၁ ရက် နှစ် သစ် ကူး ည အား ယခင် က လို ပျော် ပျော် ရွှင်
ရွှင် ဖြစ် ဖြတ် သန်း နိုင်တော့ မည် မဟုတ် ကြောင်း ကျောက် မြောင်း လမ်း ကျယ် တွင် အထည်
လုပ်ငန်း လုပ်ကိုင် သူတစ်ဦး ဖြစ်သည့် မသီတာ ဦး က FNG ကို ပြောသည်။
လွန် ခဲ့သည့် သီတင်း ပတ် က လှည်း တန်း လမ်းဆုံ ဗုံး ပေါက် ကွဲ မှု တစ်ဦး သေဆုံး မှု ၊ ယနေ့ 
မနက် ဆန်း ကြယ် သော ပေါက် ကွဲ မှု များ က သူ့ ကို နှစ်သစ် ကူး ည တွင် အပျော် မကျုး စေဖို့ 
သတိ ပေး သလို ဖြစ် နေကြောင်း ရန်ကုန် ကွန် ပျူတာ တက္ကသိုလ် မှ ကျောင်း သား တစ်ဦး ဖြစ်
သူ ကိုဗညား လင်း က ပြောသည်။
ပထမ တော့ မျှော် စင် ကျွန်း မှာ လုပ် မယ့် ရှိုး ပွဲ သွား ကြည့် မလို့  ဗျာ ဒါပေမယ့် အခု ဖျက် လိုက်
ပြီ ၊ အခြေအနေ က ဘာ တွေ ဖြစ် အုံး မလဲ ဆိုတာ အခု ထိ မသိ နိုင် ဘူး ဟု သူ က ပြောသည်။
ယနေ့ ကျင်းပမည့် အမျိုးသား ဒီမို ကရေစီ အဖွဲ့ ချုပ် ၏ ပညာရေးရန်ပုံငွေ ဂီတပွဲ တော် တွင် လည်း
မူလ က နွှဲ ပျော် ရန် အား ခဲ ထား သူ အချို့  မှာ လည်း ဆက်တိုက် ဆို သလို ဖြစ် နေသည့် ထိတ်
လန့် ဖွယ်ရာ သတင်း များ ကြောင့် စိတ် နှလုံး မသာ မယာ ရှိ နေကြ သည်။
မည် သို့  ပင် ဖြစ် စေ လူငယ် အချို့  ကမူ နှစ်သစ် ကူး ည ပွဲ တော် တွင် နွှဲပျော် ကြ မည် ဟု ဆိုသူများ
လည်း ရှိ သည်။
“ကျွန်တော် တို့  တော့ စတိတ် ရှိုး သွား မယ် ပြီး ရင် လျှောက် လည် ကြ မယ် ၊ မိုးလင်း မှ အိမ် ပြန်
မယ် ၊ ဘာပဲ ဖြစ်ဖြစ် ဗျာ ” ဟု ရန်ကုန် မြို့  ရေ ကျော် ရပ် မှ လူငယ် တစ်ဦး က ဆို သည်။
၂၀၁၀ ခုနှစ် ဧပြီလ က မြန်မာ့ ရိုးရာ နှစ် သစ် ကူး အတာ သင်္ကြန် ပွဲ တော် ကာလ အကြတ် နေ့ ညနေ
ဉ် ရန်ကုန် မြို့  မင်္ဂလာ တောင် ညွန့်  မြို့ နယ် ကန်တော် ကြီး ကန် ပတ် လမ်း တွင် လူ ၃၀ ကျော် သေ
ဆုံး ခဲ့ သည့် ဗုံး ပေါက် ကွဲ မှု ဖြစ် ပွား ပြီး နောက် တစ်ရက် ဖြစ် သည့် သင်္ကြန် အတက် နေ့  တွင်
လူငယ် များ က ပျော်ရွှင် စွာ ဖြင့် ရေ ပက် ခံ ဆော့ ကစား မှု ပြု ခဲ့ ကြ သည်။
မြန်မာ နိုင်ငံ တွင် အစိုးရ က ဒီမို ကရေစီ စနစ် ကို ပြောင်း လဲ နေ ပြီ ဟု ကြေငြာ မောင်း ခတ်ထား
သော် လည်း ပြည် တွင်း စစ် နှင့် မတည် ငြိမ် မှု များ ကြောင့် ပြည်သူ များ မှာ ချမ်းသာ သု ခ အစစ်
အမှန် ကို ခံ စား ရခြင်း မရှိ သေး ဟု ရန်ကုန် အခြေ စိုက် သတင်း အယ်ဒီတာ တစ်ဦး က ပြောသည်။
လတ် တ လော ဖြစ် ပေါ် နေသည့် စစ်အစိုး ရ ခောတ် က လို အခြေ အနေ များ နှင့် ပတ် သက် ပြီး
ရန် ကုန် မှ တက် ကြွ လှုပ် ရှား သူ တစ်ဦး က ” မြန်မာ နိုင်ငံ မှာ အပြောင်း အလဲ တွေ ဖြစ် နေပါ ပြီ။
နောက် ဆုံး တော့ ဗုံး ခွဲ တဲ့ နည်း စနစ် ပါ ပြောင်းသွား ခဲ့ ပါပြီ အရင် လို မဟုတ်တော့ ဘူး
” ဟု သူ ၏ အမြင် ကို ပျော် သည်။
သဘော ထား တင်း မာ ဆဲ ရှိ ပြီး ၊ ပြည်သူ ၏ ဆန္ဒ ကို မျက်ကွယ် ပြု လို သည့် ဆန္ဒ ရှိ နေဆဲ ဟု ယူ
ဆရ သည့် မြန်မာ အစိုး ရ မှာ ပြည်သူ တို့  ၏ ပျော်ရွှင် မှု များ ကို တွေ့ြုမင် လို စိတ် ရှိ ပုံ မပေါ် သေး
ဟု ရန်ကုန် မြို့  တွင် ရောက် နေသည့် အမေရိကန် ဓာတ် ပုံ ဆရာ တစ်ဦး က ပြောသည်။

အရမ်းမပြောကြပါနဲ့။ဗုံးခွဲတာမဟုတ်ပါဘူး။စမ်းတာပါ။နဲနဲပြင်းသွားလို့ လူတွေထိသွားတာပါ။မီး……လောင်ချင်လို့လောင်တာမဟုတ်ဘူး။ ရှို့လို့လောင်တာ။
အရမ်းကောင်းတဲ့ ရှု ထောင့် အမြင် ကနေ ရေးထားတဲ့ ဆောင်းပါး ပါ။ FNG ကို ကျေးဇူး တင်ပါတယ်။