အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ကို တရားဝင် နိုင်ငံ ရေး ပါတီ အဖြစ် ရပ် တည် ရန် မြန်မာ နိုင်ငံ
ရွေးကောက် ပွဲ ကော်မရှင် က ယနေ့  ဇန် န၀ါရီလ ၅ ရက်နေ့ တွင် ခွင့် ပြု လိုက် ပြီ ဟု FNG မှ
သတင်း ရရှိ သည်။
၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့  က မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်
သည် NLD ပါတီမှတ်ပုံတင်ရန် ကိစ္စအတွက် သူ မ ကိုယ်တိုင် ဗိုလ်ချုပ်ကြီး ဟောင်း သူရ ဦးတင်
ဦး နှင့် အတူ နေပြည်တော်သို့ သွားရောက် ခဲ့ သည်။ ထိုခရီး စဉ် တွင် လွှတ်တော် သို့  သွား ရောက်
လည်ပတ် ခြင်း နှင့် ရွေးကောက် ပွဲ ကော်မရှင် ဥက္ကဌ တို့  နှင့် တွေ့ ဆုံ ခြင်း တို့  ကို လည်း ပြုလုပ်
ခဲ့ သည်။
