ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီး ၀ီလျှံဟိဂ် မြန်မာ ပြည်ရောက်

ဗြိတိသျှ နိုင်ငံခြားရေး ၀န်ကြီး ၀ီလျှံ ဟိဂ် ဟာ ဒီနေ့ ဇန်န၀ါရလ ၅ ရက်နေ့ မှာ မြန်မာ နိုင်ငံ နေပြည်
တော် မြို့  ကို ရောက် ရှိ လာပြီး အခု ဦးသိန်းစိန် အစိုးရ တာဝန် ရှိ သူ တွေ နဲ့  တွေ့ ဆုံ နေတယ်
လို့  သတင်း FNG က သတင်း ရရှိ ပါတယ်။

ဝီလျှံ ဟိဂ် ဟာ မြန်မာ နိုင်ငံ ကို လာရောက် လည်ပတ် ခြင်း ဟာ အမေရိကန် နိုင်ငံခြားရေး
ဝန်ကြီး ဟီလာရီ ကလင်တန် ပြီးနောက် ထင်ရှား တဲ့ ကမ္ဘာ့  နိုင်ငံတကာ ခေါင်းဆောင် တစ်
ဦး လာရောက် လည်ပတ် ခြင်း ဖြစ်ပါတယ်။

ဝီလျှံ ဟိဂ်နဲ့ တွေ့ ဆုံ စဉ် မှာ  မြန်မာ နိုင်ငံ ခြားရေး ၀န်ကြီး ဦးဝဏ္ဏ မောင်လွင် က နိုင်ငံရေး
အကျဉ်းသား တွေ ကို ထပ် မံ လွှတ်ပေး မှာ ဖြစ်ပြီး မြန်မာ အစိုးရ က ဒီမိုကရေစီ ကနေ နောက်
ကြောင်း ပြန် လှည့် ဖို့ လုံး ၀ မရှိ ဘူး လို့  ကတိပြု ပြောကြား ခဲ့ တယ် လို့  ဆိုပါတယ်။

မနက်ဖြန် မှာ မြန်မာ နိုင်ငံ က ထွက် ခွာ မှာ ဖြစ်တဲ့ ၀ီလျှံ ဟိဂ် ဟာ ဒေါ်အောင်ဆန်း စု ကြည်
နဲ့  လည်း တွေ့ ဆုံ မှာ ဖြစ်ပါတယ်။

ဒီနေ့ မနက် အစောပိုင်း က မြန်မာ နိုင်ငံ ခြားရေး ၀န်ကြီး ဦးဝဏ္ဏ မောင်လွင် နဲ့  တွေ့ ဆုံ ခဲ့ ပြီး
မြန်မာ နိုင်ငံ မှာ ပြု ပြင် ပြောင်း လဲ ရေး တွေ လုပ် ဖို့  တိုက်တွန်း ခဲ့ ပါတယ်။

ဝီလျှံ ဟိဂ် မြန်မာ နိုင်ငံ ကို ရောက် ရှိ လာမှု ဟာ နှစ် ၅၀ အတွင်း ပထမ ဦးဆုံး ဗြိတိသျှ အစိုးရ
အရာ ရှိ တစ်ဦး မြန်မာ နိုင်ငံ ကို လာရောက် လည်ပတ် ခြင်း ဖြစ်ပါတယ်။