DK၊ ၊အာရေဘီးယားပင်လယ်တွင်းသို့ လေယာဉ်တင်တိုက်ခိုက်ရေးတပ်ဖွဲ့ (Carrier Strike
Group) တခု ရောက်ရှိလာပြီဖြစ်ပြီး၊ နောက်ထပ် လေယာဉ်တင်တိုက်ခိုက်ရေးတပ်ဖွဲ့တခုမှာလည်း
ထိုဒေသတွင်းသို့ ဦးတည်လာနေပြီဖြစ်သည်ဟု အမေရိကန်စစ်ဘက်မှ ဗုဒ္ဓဟူးနေ့၌ကြေငြာခဲ့ပြီး၊
ရေတပ်တိုက်ခိုက်ရေးတပ်ဖွဲ့များခရီးစဉ်သည် လတ်တလော အီရန်နိုင်ငံနှင့်ဖြစ်ပွားနေသော တင်း
မာမှုများကြောင့်မဟုတ်ပဲ သမရိုးကျခရီးစဉ်သာဖြစ်သည်ဟု ဆိုခဲ့သည်။
အမေရိကန်ရေတပ်၏ အင်အားကောင်းသောရေတပ်ဖွဲ့များ ရွှေ့ပြောင်းတပ်ဖြန့်မှုသည် လက်ရှိ၌
စကားလုံးခပ်ကြီးကြီးများဖြင့် ဟော်မုဇ်ရေလက်ကြားကို ပိတ်ပစ်ရန်ခြိမ်းခြောက်နေသော
အီရန်နှင့် တင်းမာမှုများ မြင့်တက်လာနေသော အချိန်နှင့် တိုက်ဆိုင်နေ၏။
ဟော်မုဇ်ရေ လက်ကြားသည် ကမ္ဘာပေါ်၌ အရေးအပါဆုံးသော ရေနံတင်ပို့ရာ ရေလမ်းကြောင်းဖြစ်ပြီး၊
အကယ်၍ အီရန် နျူကလီးယားလက်နက်ထုတ်လုပ်ရေး အစီအစဉ်ကြောင့် အမေရိကန်နှင့်
ဥရောပသမဂ္ဂတို့၏ စီးပွားရေးပိတ်ဆို့မှုများမှ အီရန်၏ရေနံတင်ပို့မှုကို ဖြတ်တောက်လာမည်
ဆိုလျှင် ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့မည်ဟု အီရန်မှ စကားလုံးကြီးကြီးများဖြင့်
လေသံပစ်ထား၏။
၎င်းအနေနှင့် မဟာဗျူဟာကျသော ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့မှုမှန်သမျှကို ရပ်တန့်စေ
မည်ဖြစ်သည်ဟု အမေရိကန်စစ်ဘက်မှပြောကြားခဲ့ပြီး၊ ပဋိပက္ခဖြစ်လာရန်အလားအလာ
ရှိသောကြောင့် ပြင်ဆင်မှုများပြုလုပ်နေ၍ ၄င်းအနေနှင့် ညဘက်များတွင်ပင် မအိပ်ဖြစ်ပဲ
နိုးနိုးနေသည်ဟု အမေရိကန်ရေတပ်ဦးစီးချုပ်မှ အင်္ဂါနေ့၌ ဆိုခဲ့သည်။
သို့သော်လည်း လတ်တလော လေယာဉ်တင်သင်္ဘောများအား ပြောင်းရွှေ့တပ်ဖြန့်မှုများ နှင့်
အီရန်နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့ အကြားတင်းမာမှုများအကြား တိုက်ရိုက်ဆက်
စပ်မှုမရှိဟု ပင်တဂွန်စစ်ဋ္ဌာနချုပ်မှ ငြင်းဆိုခဲ့သည်။
မိမိတို့အနေနှင့် ယနေ့အီရန်နိုင်ငံတွင် ဖြစ်ပွားနေသော အရေးကိစ္စများကြောင့် လေယာဉ်
တင်သင်္ဘော (၂) စီးကိုစေလွှတ်ထားသည်ဟု မယူဆစေကြလိုပဲ၊ ထိုကိစ္စနှင့် သက်ဆိုင်မှု
မရှိပါဟု ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးဂျော်န်ကီယာဘီမှ ပြောကြားခဲ့သည်။
တာဝန်ပြီးဆုံးတော့မည်ဖြစ်သည့် USS John C. Stennis လေယာဉ်တင်တိုက်ခိုက်ရေးတပ်ဖွဲ့
အားအစားထိုးရန်အတွက် အာရေးဘီးယားပင်လယ်တွင်းသို့ တနင်္လာနေ့၌ အမေရိကန်
လေယာဉ်တင်သင်္ဘောတစီးဖြစ်သော USS Carl Vinson မှရောက်ရှိလာခဲ့သည်။
ပင်လယ်ကွေ့မှ (၂၀၁၁) ဒီဇင်ဘာလနှောင်းပိုင်းတွင် ထွက်ခွာခဲ့သော USS John C. Stennis
လေယာဉ်တင်တိုက်ခိုက်ရေးတပ်ဖွဲ့အား ပင်လယ်ကွေ့သို့ပြန်မလာရန် အီရန်မှ စကားလုံးကြီးကြီး
များဖြင့် သတိပေးခဲ့သည်။
USS Stennis လေယာဉ်တင်သင်္ဘောမှ ဆန်ဒီယေးဂိုးရှိ မိခင်ဆိပ်ကမ်းသို့ ပြန်လာရန်ရှိ
နေသော်လည်း မည်သည့်အချိန်တွင် ပြန်လာမည်ကိုကား ပင်တဂွန်မှပြောကြားခဲ့ခြင်းမရှိချေ။
အာရေးဘီးယားပင်လယ်မှ စတင်သော CENTCOM ဟုခေါ်သည့် အမေရိကန်အလယ်ပိုင်း
ဒေသစစ်ဋ္ဌာနချုပ် (US Central Command) ၏စစ်ဆင်ရေးနယ်မြေတွင်းရှိ စစ်ဆင်ရေး
လုပ်ငန်းများအတွက် USS Carl Vinson လေယာဉ်တင်တိုက်ခိုက်ရေးတပ်ဖွဲ့နှင့် ပူးပေါင်းရန်၊
အင်္ဂါနေ့တွင် ထိုင်းနိုင်ငံသို့အလည်အပတ်ခရီးစဉ်ပြီးဆုံးသွားခဲ့သည့် USS Abraham Lincoln
လေယာဉ်တင်တိုက်ခိုက်ရေးတပ်ဖွဲ့သည်လည်း ယခုအခါအိန္ဒိယသမုဒ္ဒရာအတွင်းသို့
ရောက်ရှိလာပြီဖြစ်သည်။
CENTCOM စစ်နယ်ဝှမ်းအတွင်း၌ လေယာဉ်တင်သင်္ဘောနှစ်စီးတပြိုင်နက်ထားရှိခြင်းမှာ
ထွေထွေထူးထူးတော့မရှိလှပါဟု အမေရိကန်စစ်ဘက်အရာရှိတဦးမှဆိုသည်။
လွန်ခဲ့သော (၁၈) လအတွင်း၊ ပင်လယ်ကွေ့ဒေသ၌ လေယာဉ်တင်သင်္ဘောနှစ်စီး တပြိုင်တည်းဖြန့်ချထားမှု
နှစ်ကြိမ်ရှိခဲ့သည်ဟု အခြားစစ်ဘက်အရာရှိတဦးမှဆိုသည်။
အီရန်နှင့် အမေရိကန်ပြည်ထောင်စုတို့အကြား တင်းမာမှုများသည် လွန်ခဲ့သောအပတ်၌
သိသိသာသာမြင့်တက်လာခဲ့၏။ အီရန်မှ ကြွယ်ဝယူရေနီယံထုတ်လုပ်ရန် မြေအောက်စက်ရုံကို
တည်ဆောက်နေပြီး၊ အမေရိကန်နိုင်ငံသားအီရန်လူမျိုးတဦးအား သူလျှိုဟုစွပ်စွဲပြီး
သေဒဏ်ချမှတ်ခဲ့သေးသည်။
အီရန်၏ရေနံတင်ပို့မှုအား ကန့်သတ်ရန် အမေရိကန်နှင့် ဥရောပသမဂ္ဂတို့မှ အရှိန်မြှင့်
လုပ်ဆောင်လာနေခဲ့ကြပြီး၊ လတ်တလောဗုံးခွဲခံရပြီး သေဆုံးခဲ့သော အီရန် နျူကလီးယား
သိပ္ပံပညာရှင်နှင့်ပတ်သက်ပြီး အီရန်အစိုးရမှ အမေရိကန်နှင့် အစ္စရေးထောက်လှမ်းရေး
များကို ရမ်းသမ်းစွပ်စွဲနေခဲ့သည်။
အဆိုပါဗုံးခွဲမှုနှင့်ပတ်သက်ပြီး အစ္စရေးမှ ဘာမှမတုံ့ပြန်ခဲ့သလို၊ အမေရိကန်မှလည်း ထိုဗုံးခွဲမှုနှင့်
မသက်ဆိုင်ကြောင်းကြေငြာခဲ့ပြီး၊ ဗုံးခွဲမှုအားရှုံ့ချခဲ့သည်။ ထိုအီရန်နျူကလီးယားပညာရှင် ပါလာ
သောကားအား မော်တော်ဆိုင်ကယ်တစီးပေါ်မှ ဗုံးနှင့်ပစ်ပေါက်သွားခဲ့ခြင်းဖြစ်သည်။
USS Stennis အား အာရေဘီးယားပင်လယ်ကွေ့သို့ ပြန်လည်ဝင်ရောက်လာခြင်းမပြုရန် အီရန်မှ
သတိပေးခဲ့ပြီး၊ အခြားသော အမေရိကန်လေယာဉ်တင်သင်္ဘောတစီး ပင်လယ်ကွေ့အတွင်းသို့
မည်သည့်အချိန်တွင် ရောက်ရှိလာမည်ဆိုသည်ကား မသိရသေးပေ။ သို့သော် အမေရိကန်
လေယာဉ်တင်သင်္ဘောတစီးမှ ဟော်မုဇ်ရေလက်ကြားကိုဖြတ်၍ ပင်လယ်ကွေ့အတွင်းသို့ အနှေးနှင့်
အမြန် ဝင်ရောက်လာလိမ့်မည်ဟု ပင်တဂွန်စစ်ဋ္ဌာနချုပ်မှ အရိပ်အမြွက်ဆိုခဲ့သည်။
မိမိတို့၏သင်္ဘောများအားလုံး၊ သင်္ဘောအမျိုးအစားအားလုံးကို အာရေးဘီးယားပင်လယ်ကွေ့အ
တွင်း၌ ပုံမှန်အတိုင်းသာ ဆက်လက်လှုပ်ရှားသွားမည်ဖြစ်သည်ဟု ဗိုလ်မှူးကြီးဂျော်န်ကီယာဘီမှ
ပြောသည်။



