နှစ် ပေါင်း ၂၀ အတွင်း ပထမ ဦး ဆုံး အကြိမ် အဖြစ် မြန်မာ နှင့် အမေရိကန် နှစ် နိုင်ငံ ဆက် ဆံ
ရေး တွင် သံ အမတ် အကြီး အဆင့် ပြန် လည် ထား ရှိ တော့ မည် ဟု အမေရိကန် နိုင်ငံ ခြား ရေး
ဝန်ကြီး ဟီလာရီ ကလင်တန် က သောကြာ နေ့ တွင် သတင်း ထုတ် ပြန် သည်။
မြန်မာ အစိုးရ က ဇန်န၀ါရီ လ ၁၃ ရက်နေ့  တွင် ထင်ရှားသော နိုင်ငံ ရေး အကျဉ်း သား အမြောက်
အမြား လွှတ်ပေး ပြီး နောက် အမေရိကန် အစိုး ရ နိုင်ငံ ခြား ရေး ၀န်ကြီးဌာန က သံတမန် ဆက်ဆံ
ရေး အဆင့် တိုး မြှင့် ဖို့  အတည် ပြု ခဲ့ ခြင်း ဖြစ်သည်။
မြန်မာ အစိုး ရ အား သံတမန် ရေး ရာ အဆင့် နှိမ့် ဆက်ဆံ မှု ကို ၁၉၉၁ ခု နှစ် မှ စတင် ခဲ့ ပြီး အမေ
ရိကန် ပြည်ထောင် စု က မြန်မာ နိုင်ငံ တွင် သံရုံး ယာယီ တာဝန်ခံ အဆင့် သာ ထား ရှိ ခဲ့ သည်။
