ဦးမင်းကိုနိုင် အိမ်အပြန် ခရီး တွင် ပြည်သူများ က ကြိုဆို ဂုဏ်ပြု (special report)

၁၉၈၈ ခုနှစ် အရေး တော်ပုံ ကြီး တွင် တက်ကြွ စွာ ပါဝင် ခဲ့သည့် ကျောင်းသား ခေါင်းဆောင်
တစ်ဦး လည်း ဖြစ် ပြီး ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး တွင် ၈၈ မျိုးဆက် ကျောင်းသား များ အဖွဲ့ 
ဦးဆောင် သူ တစ်ဦး အဖြစ် နိုင်ငံရေး လှုပ်ရှား မှု များ ကို ဦးဆောင် ခဲ့ သည့် ဦးမင်းကိုနိုင် (ခေါ်)
ပေါ်ဦးထွန်း သည် ယနေ့  ည ရ နာရီ ကျော် အချိန် ခန့် က နေရပ်  ရန်ကုန် မြို့  သို့  ပြန်လည် ၀င်
ရောက် လာ သည် ဟု FNG မှ သတင်း ရရှိ သည်။

ဦးမင်းကိုနိုင် နှင့် အဖွဲ့  သည် ရန်ကုန် မြို့  သို့ ရောက် ရှိ ပြီး နောက် မြောက် ဥက္ကလာပ မြို့  နယ်
သုဓမ္မာ လမ်း မ နှင့် ကန်သာယာ မှတ် တိုင် အနီး တွင် အသင့် စောင့် ကြို နေကြ သည့် ပြည်သူ
များ အား မိန့် ခွန်း ပြောကြား ခဲ့ သည်။

ကန်သာယာ တွင် ပြောကြား ခဲ့ သည့် ဦး မင်းကို နိုင် ၏ မိန့် ခွန်း

ကန်သာယာ မှတ် တိုင် အနီး တွင် ပြည်သူ များ က ဂုဏ်ပြု ပိုစတာ များ ၊ ဆိုင်း ဘုတ် များ ကိုင်
ဆောင် ကာ ကိုမင်းကိုနိုင် ကျန်းမာ ပါစေ ချမ်းသာ ပါ စေ ဟူ ၍ လည်း ကြွေးကျော် အော်ဟစ်
ကြသည် ဟု မြောက် ဥက္ကလာပ ဆေးတက္ကသိုလ် (၂) မှ ကျောင်းသား တစ်ဦး ဖြစ် သူ ကို ရဲမင်း
သူ က FNG သို့  ပြောသည်။

ဦးမင်းကိုနိုင် ၏ အပြန် ခရီး စဉ် ကို မိုးမခ သတင်းဌာန ၏ အင်တာနက် စာမျက် နှာတွင် ဖော်ပြထား စဉ်

ဦးမင်းကိုနိုင် နှင့် အဖွဲ့  သည်ဆက်လက် ထွက် ခွာ လာ ရာ မြောက်ဥက္ကလာ ပ မြို့  သုဓမ္မာ လမ်းမ
ကြီး မယ်လမု ဘုရား အရှေ့  တွင် စောင့် ကြို နေသူ များ အား နှုတ်ဆက် ပြီး နောက် နေအိမ် ရှိရာ
တောင် ဥက္ကလာ ပ မြို့  ဇာနည် လမ်း နေအိမ် သို့  ဆက် လက် ထွက် ခွာ သွား သည်။

တောင်ဥက္ကလာပ မြို့  နေအိမ် တွင်  ဦမင်းကိုနိုင် ကို ထောက် ခံ သူ ၂၀၀၀ နီး ပါးက စောင့်ကြိုနေ
ကြပြီး  အကျဉ်းထာင် မှ ပြန် လည် လွတ် မြောက် လာ သည့် ဦး မင်း ကို နိုင်  ဂုဏ်ပြု ကြို ဆိုနေ
သူများ အား နှုတ် ခွန်း ဆက် စကား ပြောကြား ခဲ့ ရာ “နောက်ထပ်တစ်ဆင့် ဒီမိုက ရေစီ ပိုပါတယ်။
လိုချင်ကြတယ် မ ဟုတ်လား။ လိုချင်တယ်ဆိုရင် နောက်ထပ် ထိုက်ထိုက်တန်တန်ကြိုး စားရဦး
မယ်ဆိုတာလည်း လက်ခံ တယ်မလား။ ထိုက်ထိုက်တန်တန် ပေးဆပ်ဖို့အတွက် ခွန်အားတွေရော
ရှိသေးတယ် မဟုတ်လား။ ကျွန်တော်တို့က ဓားမှန်းသိအောင်လို ဓားအိမ်ကောင်းကောင်း ပြစားရုံနဲ့
ဓားမှန်းသိတယ် ဆိုရင်တော့ လုံလောက်တယ်ပေါဗျာ၊ မဟုတ်ရင်တော့  တစ်ခါ တစ်ခါကျရင်
ဓားမှန်းသိအောင် ဓားအိမ်ထဲကနေ ထုတ်ပြရတာလေးတွေလည်း ရှိတာပေါ့။ အဲဒီ သတ္တိမျိုးကော
ရှိသေးလား။ ဒါဆိုလို့ရှိရင် လောလော ဆယ်ကတော့ စည်းကမ်းရှိပြီး ညီညွတ်ဖို့ လိုပါတယ်။

ဟု ပြောကြား ခဲ့ သည်။ (Eleven Media မှ ကောက်နှုတ် ချက် )

ဦးမင်းကိုနိုင် ၏ တောင်ဥက္ကလာပ နေအိမ် ရှေ့ မိန့် ခွန်း အပြည့် အစုံ

ဦးမင်းကို နိုင် သည် ဇန်ဝါရီလ ၁၃ ရက်နေ့ က သရက် မြို့  အကျဉ်းထောင် မှ နံနက် အစောပိုင်း
တွင် ပြန် လည် လွတ် မြောက် လာ ကတည်းက သရက် ထောင်ဗူးဝ တွင် ဆီးကြို သူများ ကို နှုတ်
ဆက် ခဲ့ ပြီး သရက် မြို့ ထဲ တွင် ဒေသံ ခံ များ ကို နှုတ် ဆက်ပြီး မြေထဲ မြို့  သို့  ရောက်ရှိ လာကာ
မြေထဲ မြို့  တွင် ဒေသခံ များ ကို နှုတ်ဆက် ပြီး နောက် ဆက်လက် ထွက် ခွာ လာရာ ပြည်မြို့  သို့ 
ည  ၉ နာ ရီ ခန့် တွင် ရောက်ရှိ ပြီး ပြည်မြို့ တွင် ညအိပ် ရပ်နားသည်။

ပြည်မြို့  တွင် ၎င်း အား ထောက်ခံ သူများ နှင့် တွေ့ ဆုံပြီး နောက် ရုပ်ရှင် သရုပ်ဆောင် နှင့်ဒါရိုက်
တာ တစ်ဦး ဖြစ်သည့် နာရေး ကူညီမှု အသင်း တည် ထောင်သူ ကို ကျော် သူ နှင့် တွေ့ ဆုံ ခဲ့ သည်။

၁၄ ရက်နေ့ နံ နက် ပိုင်း တွင် ပြည်မြို့  မှာ ဆက် လက် ထွက် ခွာ လာရာ ပေါင်းတည် မြို့  ရှစ်လေး
လုံး အောင် မြေ တွင် ခွပ် ဒေါင်းအောင်လံ ကို စိုက် ထူ ပြီး နောက် ဒေသခံ များ ကို မိန့် ခွန်း ပြော
ကြား ခဲ့ သည်။

ဘီဘီစီ သတင်းဌာန နှင့် ဦးမင်းကိုနိုင် ဆက်သွယ် မေးမြန်းမှု

ဦး မင်းကို နိုင် နှင့် အဖွဲ့  သည် ဆက်လက် ထွက် ခွာ လာရာ လက်ပံတန်း ၊ သယာဝတီ ၊ မှော်ဘီ နှင့်
တိုက်ကြီး မြို့  များ တွင် ခရီး တစ်ထောက် နား ပြီး နောက် ရန်ကုန် မြို့  သို့  ရောက် ရှိ သည်။

ဦးမင်းကိုနိုင် ၏ အပြန် ခရီး စဉ် ကို Eleven Mdia သတင်းဌာန ၏ News Eleven သတင်းစာ အင်တာနက် စာမျက် နှာတွင် ဖော်ပြထား စဉ်

ဧရာဝတီ သတင်းဌာန နှင့် ဦးမင်းကို နိုင် ဆက်သွယ် မေးမြန်းမှု

လွတ်လပ် သည့် အာရှ အသံ မှ ဦးမင်းကိုနိုင် ၏ သတင်း

ဒီမိုကရက်တစ်မြန်မာ့ အသံ မှ တင်ဆက် မှု

Burma VJ မီဒီယာ မှ ဦးမင်းကို နိုင် ၏ အပြန် ခရီး သတင်း နှင့် ဗီဒီယို

ဓာတ်ပုံ များ မှာ ပြည်တွင်း ၊ ပြည်ပ သတင်း ဌာန များ ၊ လူပုဂ္ဂိုလ် တစ်ဦး ချင်း စီ၏ ရိုက်ကူး မှု
မှတ်တမ်းများ နှင့် Facebook မှ ရယူထား ပါသည်။

One thought on “ဦးမင်းကိုနိုင် အိမ်အပြန် ခရီး တွင် ပြည်သူများ က ကြိုဆို ဂုဏ်ပြု (special report)

Comments are closed.