၆၉ ကြိမ်မြောက် ရွှေ ကမ္ဘာ လုံး ဆုပေးပွဲ

ဟောလိဝုဒ် နိုင်ငံခြား သတင်းထောက်များ အသင်းမှ နှစ်စဉ် ကျင်းပ သည့် ရုပ်ရှင် ထူးချွန်ဆု တစ်ခု
ဖြစ်သည့် ရွှေကမ္ဘာလုံး ဆု အတွက် ယနေ့  ဆု ချီးမြှင့် ရာ ဒါရိုက်တာ အလက်ဇန္ဒား ပိန်း ရိုက် ကူးပြီး
ဂျော့ ကလူ နီ ပါဝင် သရုပ် ဆောင် ထား သည့် The Descendants ဇာတ် ကား က အကောင်း ဆုံး
မင်းသား ဆု အပါ အ၀င် ၊ အကောင်း ဆုံး ဒရာမာ ဇာတ် ကား ဆု ကို ရရှိ သွား ခဲ့ သည်။

၆၉ ကြိမ်မြောက် ရွှေကမ္ဘာ လုံး ဆု ပေးပွဲ ကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ တွင် ဟောလိဝုဒ်
ဘီဗာလီ ဟီလ်တန် ဟိုတယ် ကျင်းပရာ  အကောင်း ဆုံး ဂီတ နှင့် ဇာတ်မြူး အမျိုး အစား တွင် “The
Artists” အမည် ရှိ ဇာတ်ကား က ရရှိ သွား ခဲ့ သည်။

အကောင်းဆုံး Animation အထူး ပြုလုပ် ချက် ဇာတ် ကား ကို ဒါရိုက်တာ စတီဗင် စပီးလ်ဘာဂ်နှင့်
ဒါရိုက်တာ ပီတာ ဂျက် ဆင် တို့  ပူးပေါင်း တင်ဆက် သည့် Adventures of Tin Tin ဇာတ်ကားက
ရရှိ သွား သည်။

ဒါရိုက်တာ မာတင် စကော့ (စ) ဆက်ဆီ ၏ Hugo (3D)  ဖြင့် ရရှိ သွား သည်။ အကောင်း ဆုံး နိုင်ငံခြား ဘာ
သာ စကား ပြောဇာတ်ကား ဆု ကို ဆုရမည် ဟု တစ် ပြေး နေသည့် ကျောက် ယင်မူး ၏ The Flowers
of War က မရရှိ ပဲ အီရန် ဇာတ်ကား Separation က ရရှိ သွား သည်။

အကောင်းဆုံး ရုပ်ရှင် ဇာတ် ညွှန်း ဆု ကို ဒါရိုက် တာ ၀ူဒီ အယ်လင် က Midnight in Paris ဖြင့် ရရှိ
သွား သည်။

အကောင်းဆုံး ရုပ်သံ သရုပ် ဆောင် မင်းသမီး ဆု ကို ကိတ်ဝင်း စလက် က သူ မ၏ ရုပ်သံ ဇာတ်လမ်း
Mildred Pierce ဖြင့် ရရှိ ပြီး မာရိုင်း စထရပ် က Iron Lady ဖြင့် အကောင်း ဆုံး ဒရာမ မင်းသမီး
ဆု ရရှိ သည်။

ဂျော့ ကလူနီ သည် သူ ဒါရိုက်တာ အဖြစ် ရိုက်ကူး ခဲ့ သည့် ဇာတ်ကား ဖြစ်သည့် The Ides of March
ဖြင့် အကောင်း ဆုံး ဒါရိုက် တာ ဆု လည်း ရရှိ ခဲ့ သည်။

ဂျော့ ကလူနီ သည် O’ Brother where are thou. Syriana ဇာတ်ကား များ ဖြင့် လည်း ရွှေ ကမ္ဘာ
လုံး ဆု ချီး မြှင့် ခံခဲ့ ရသည်။