ဒီမိုကရေစီ ရေးလှုပ်ရှား သူများ အား နှိပ်စက် သတ်ဖြတ် ရာတွင် အဓိက တရားခံ ဖြစ်သူ ဦးခင်ညွန့် အား လုပ်ကြံ မည့် သတင်း များထွက်ပေါ်

၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေး တော် ပုံ တွင် ပါဝင်ခဲ့ သည့် ကျောင်းသား ၊ ကျောင်းသူ များနှင့်
အပြစ်မဲ့ ပြည် သူများ အား နှိပ်စက် ညှင်းပန်း ပြီး သတ်ဖြတ် ခြင်း ၊ ထောင် သွင်း အကျဉ်း ချခြင်း
တို့  အပြင် ၎င်း အာဏာ ရှိ စဉ် ၁၉၈၈ ခုနှစ် မှ ၂၀၀၄ ခုနှစ် အောက် တို ဘာလ အတွင်း ဉ် တက်
ကြွ လှုပ်ရှား သူများ နှင့် ဒီမိုကရေစီ ရေး ကြိုး ပမ်း ခဲ့ သူ တို့  ကို ရက်ရက်စက်စက် နှိပ် ကွပ် ခဲ့
သည့် မြန်မာ အစိုးရ ၀န်ကြီး ချုပ် ဟောင်း နှင့် ထောက်လှမ်းရေး အကြီးအကဲ ဟောင်း ဖြစ်သူ
ဗိုလ်ချုပ် ကြီး ခင်ညွန့်  အား လက် စား ချေ လုပ်ကြံသတ် ဖြတ် မည့် သတင်း များ ထွက် ပေါ်}
နေသည် ဟု သတင်း ရရှိ သည်။

အဆိုပါ လုပ်ကြံ သတ် ဖြတ် မှု များ ကို ၎င်း အာဏာ ရှိ စဉ် က အပြင်း အထန် နှိပ်ကွပ် မှု ကို ခံ
ရသည့် ဒီမို ကရေစီ ရေး လှုပ် ရှား သူများ  က ပြု လုပ် ရန် စီစဉ် ခြင်း မဟုတ် ဘဲ စစ်ထောက်
လှမ်း ရေး မိသား စု များ ကြောင့် စီးပွား ဥစ္စာ ဓန နှင့် ဘ၀ ပါ ဆုံး ရှုံး ခဲ့ ရသည့် မိတ်ဆွေ များ
ကွန် ယက် က ပြု လုပ် ရန် စီစဉ် ခြင်း ဟု FNG  မှ သိရှိ ရသည်။

ဗိုလ်ချုပ် ခင်ညွန့် အား လုပ် ဖြတ် သတ် ဖြတ် ရန် သူ အာဏာ ရှိ စဉ် က တည်း က စီစဉ် ထား ရှိ ခဲ့
မှု များ ရှိ သည် ဟု သတင်း ရရှိ ပြီး
နောက်ပိုင်း အဖမ်း ခံရ ချိန်တွင် ဆိုင်း ငံ ထား ခဲ့ ခြင်း ဖြစ် နိုင် ကြောင်း နှင့် ယခု ပြန်လည် စတင်
ခြင်း ဖြစ် နိုင် ကြောင်း  ယခင် ရွှေ တိဂုံ ဘုရား လမ်း ရှိ ကာကွယ်ရေး ၀န်ကြီးဌာန မှ အရာ ရှိ
တစ်ဦး က ပြော သည်။

ဗိုလ်ချုပ်ကြီး ခင်ညွန့်  အာဏာ ရှိ စဉ် က စီးပွားပျက် ၊ ဘ၀ ပျက် မှု ခံ ခဲ့ ရသူ များ တွင် စီးပွား
ရေး နှင့် လူ မှု ရေး လုပ် ငန်း လုပ် ကို နေသူ များ ပါ ပါဝင် သည်။

ထပ်မံ တိုးတက် ဖြစ်ထွန်း သည့် သတင်း  ကို ဆက် လက် ဖော် ပြ ပါမည်။

30 thoughts on “ဒီမိုကရေစီ ရေးလှုပ်ရှား သူများ အား နှိပ်စက် သတ်ဖြတ် ရာတွင် အဓိက တရားခံ ဖြစ်သူ ဦးခင်ညွန့် အား လုပ်ကြံ မည့် သတင်း များထွက်ပေါ်

  1. ကိုခင် ကိုဘဲ သတ်ပစ်တာမဟုတ်ဘဲနဲ့သူ့နောက်လိုက်တဲ့လူမှန်သမျှ ကို(လုံးဝ)အရေးယူပြီးကြီးမားတဲ့ပြစ်ဒဏ်ပေးရမယ်ဆိုတာ အားလုံးထောက်ခံရမယ်နော်…ဒါလေးနဲ့တောင်မပြည့်စုံသေးပါဘူး..နောင်တ ဆိုတဲ့စကားတော့မသုံးတော့ပါနဲ့..တကယ်ဘ၀ ပျက် မိသားစု ဘ၀ ပျက် တာတွေ ကိုဘဲပြေးပြီး မေး ကြည့်ပါနော်..အဲဒါမှ မင်းနားလည်မယ် ….

  2. တပြားဘိုး ဟုပြင်ဆင်ဖတ်ပါ ဟုမေတ္တာ ရပ်ခံပါသည်။ လက်ကွက် သတ်ပုံမှားသွားသည် ကိုတောင်းပန်အပ်ပါသည်။

  3. အစွန်းရောက်စိတ်ဓါတ်များကို မထောက်ခံပါ.. ဦးခင်ညွန့်ကို ထောက်ခံသော.. ဦးခင်ညွန့်ပေးတာ တပြားလိုးမျှ ရခဲ့ဘူးသော ယူခဲ့ဘူးသော သူမဟုတ်ပါ..ဇာဂနာကဲ့သို့ မြင့်မြတ်သော စိတ်ဓါတ်ထားဘို့ တိုက်တွန်းလိုပါသည်..
    ရုံ့ရင်းသောတုံ့ပြန်မှု များ ကိုမတုံ့ပြန်လိုပါ..
    ကိုမင်းကိုနိုင်၏ကဗျာအတိုင်း မိမိရေးဆွဲသောပုံအောက်တွင် ကိုယ်တိုင် လက်မှတ်ထိုးဘို့လိုပါသည်။

  4. ဒီလို နှစ်ဖက်ချွန် တစ်ယောက်ကိုတော့ သတ်သင့်ပါတယ်၊ ဒီမိုကရေစီ ကိုမကြိုက်တဲ့ စစ်အစိုးရ အရာရှိဟောင်းကြီးကို လောကကြီးမှာရှိမနေစေချင်ပါဘူး၊ ဒီလိုပါဘဲ နိုင်ထက်စီးနင်း အာဏာသုံး အနိုင်ကျင့် တတ်တဲ့ ၀န်ထမ်းအားလုံး စစ်ဘက်ကလာတဲ့လူမျိုးပါ၊ ဒီလိုလူတွေ ပြုတ်သင့်ပါပြီ၊
    အားပေးပါတယ်၊
    အစိုးရ စစ်ဘက်တွေကို ပြန်လည်စုံစမ်းတဲ့ သူ့အကျင့်ကိုတော့လေးစားပါတယ်
    လာဘ်စားမှုတွေ၊ မတရားမှုတွေကို စုံးစမ်းစစ်ဆေး သင့်ပါတယ်

  5. အင်္ဂုလိမာလဆိုရင်…အရင်တုန်းကလူသတ်လက်ဖြတ်ခဲ့တယ်…။အခုဆိုရင် ရဟန္တာမထေရ်ဖြစ်ပြီး သံသရာ ပြတ်သွားခဲ့ပါတယ်…။ဒါပေမဲ့သူပြုထားတဲ့အကြောင်းကြောင့် ရွာထဲမှာဆွမ်းခံဝင်ရင် အုတ်ခဲ၊ တုတ်တွေနဲ့ ထုရိုက်နှက်ခံရတာ အသိပါဘဲ…။ အဲဒီမှာ ကိုကေအေတီရဲ့ စာအတိုင်းပါဘဲ … သူမဖြောင့်တာ
    ကြောင့်…ကိုယ်ပါလိုက်ကောက်လို့မဖြစ်ပါဘူး…။ အခုချိန်မှာလည်း..သူကဘယ်လိုစိတ်ဝင်နေတယ်ဆိုတာ
    ကိုယ်တပ်အပ်မပြောနိုင်ဘူး…။ အခုအချိန်မှာ သူက ကုသိုလ်စိတ်ဝင်နေလား…။ အကုသိုလ်စိတ်ဝင်နေလား
    ဆိုတာမသိနိုင်ပါဘူး..။ ဗုဒ္ဓဘာသာရဲ့အနှစ်သာရကိုနားလည်တဲ့လူဆိုရင် ကလဲ့စားချေခြင်းဆိုတဲ့ နည်းလမ်း
    ကိုအားပေးရမှာမဟုတ်ပါဘူး…။ ပြုသူအသစ် … ခံရသူဟာ … အဟောင်းဆိုတဲ့အတိုင်းဘဲ…။ ကိုယ်ပြုမိလိုက်ရင် မကောင်းမှုတွေအသစ်ဖြစ်သွားပါလိမ့်မယ်….။

  6. ဟေ့…ခွင့်လွှတ်ဖို့ မသင့်ဘူး ..အသေတတ်…သသသသသသသသသသသသသသသသသ။။။။။။။။။

  7. khwint ma hloot thint par bu, Khint Nyunt bar lote khae tal so tar Myanmar Tiny thi pe thar par ,so ……., thu a pyit tway ko arr lone sit say pe ,Pyit Dan Cha thit par tae

  8. စထွက်လာပြီးသတင်းစာရှင်းလင်းပွဲမှာအရင်ဆုံးသူပြောသင့်တာက
    “ကျွန်တော်မျိုးကြီးသေသင့်ပါတယ်”

  9. မသတ်သင့်သေးပါ။ သူတို့ အုပ်စု ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေကို ဥပဒေအတိုင်းပြန်ခံစားစေပြီး ထောင်လှည့်ပေးပါ။ ပြီးရင် သူတို့ အုပ်စုရဲ့ မတရား ညှင်းပန်းနှိပ်စက်မှုကြောင့် ကျဆုံးခဲ့ရတဲ့ နိုင်ငံရေး အကျဉ်းသားတို့ လို၊ ဘ၀မျိုးစုံပျက်ခဲ့ရတဲ့ တိုင်းသူပြည်သားတွေ ခံစားခဲ့ရသလိုမျိုး ပေးခံစားကြည့်ခိုင်းပါ။

  10. တရားသဘောနဲ့ တကယ်တရား ရပြီလား။ တရားတော်ကို ခုတုံးလုပ်တာလား။ ဘာသာရေးတရားဆိုတာကိုရော ဘယ်လိုနားယူထားဖူးလို့လဲ။ ဘုရားစင်ရှေ့လက်အုပ်ချီတိုင်း ဘာသာကိုင်းရှိုင်း ယုံကြည်သူလား။ အတွင်းစိတ်က အရေးကြီးပါတယ်။
    နောင်တ။ နောင်တရတယ်ဆိုတာ မှားခဲ့တာကို မှားခဲ့ပါတယ်လို့ ၀န်ခံတာကိုဆိုလိုတယ်။
    sorry ဆိုတာ မရည်ရွယ်ဘဲ ထိခိုက်မှုအတွက် တောင်းပန်တာ။ မြန်မာတွေက ကန်တော့နော်တဲ့၊ ယဉ်ကျေးလိုက်တာ။
    အသက်တစ်ရာ မနေရပေမဲ့ အမှုတစ်ရာကြုံခဲ့ရပြီ။ ကိုယ်ရောက်ရှိတဲ့နေရာ၊ ရာထူး၊ အတွက် တာဝန်ကျေခဲ့တာလား။ တာဝန်မဲ့ ၊ ရာထူးမဲ့ ၊ ဘာမဲ့ ၊ ညာမဲ့၊ ဘ၀မှာ အရင်က မောက်မော်ခဲ့တဲ့ဘ၀တုံးက ပြုမူမှုတွေကို သုံးသပ်ကြည့်ပါ။ ရွံမုန်းစရာ၊ မသတီစရာ၊ ကြောက်မက်ဖွယ်ရာ၊ လူမဆန်မှုတွေလား ဆိုတာ။ စမ်းစစ်ကြည့်ပါ။
    သူ့ကဲ့သို့လူတွေအများကြီး ကျန်သေးတယ်။ တစ်ချို့ဘေးမှာရောက်နေတယ်။ တစ်ချို့ရာထူးပြောင်းတွေနဲ့ ရုပ်တည်ကြီးတွေနဲ့ ။ မှားယွင်းစွာပြုမူမှုတွေအတွက် ပြည်သူက ဘယ်လိုဆက်ဆံမယ်။ ဘယ်လိုသဘောထားမှာလဲ ဆိုတာ စမ်းသပ်တဲ့ အနေနဲ့ ရှေ့ဆုံးကနေ အစမ်းသပ်ခံဖို့ သူ့ကိုလွှတ်ပေးလိုက်တယ်။ သူတို့က အရသာခံ၊ ကျိတ်ပြီး လေ့လာသုံးသပ်နေတယ်။ နောက်ကွယ်က။
    ကျန်နေသေးတဲ့ လူ့ဘ၀ သက်တမ်းတိုတိုလေးမှာ ဘ၀ကူးကောင်းအောင်၊ ဒါမှမဟုတ် ကိုယ့်သမိုင်းကို တံတွေးခွက်ထဲ မကျအောင်၊ မည်သို့ အဖတ်ဆယ်မလဲ ၊ ကိုယ့်သမိုင်းကိုယ်ရေးတဲ့ ၊ အရင်လို ပေါက်ကရ သမိုင်းအမှန်ပြုစုရေးဆိုပြီး အာဏာရစဉ်ကလို ရေးခိုင်းလို့တော့ မရနိုင်တော့ဘူး။
    လက်တွေ့ကျရမယ်။

  11. ကို anonymos ခင်ဗျာ….. မလေ.လာဘဲနဲ. မပြော ပါနဲ……အကြမ်းဖက်လူတေါကို သွားပြော….အစ္စလာမ်ကို သွားမပြော နဲ…… ကိုငေ၇ွှတို.ကော ဗုဒ္ဓဘာသာဝင် မဟုတ်ဘူးလား….ဗုဒ္ဓဘာသာမှာ လောင်းကစား၇လား….အ၇က်သောက်လို.၇လားး…..အဲဒီမကောင်းမှုတွေ လုပ်နေတဲ. ဗုဒ္ဓဘာသာဝင်တွေကိုကြည်.ပြီး ဗုဒ္ဓ ဘာသာ မကောင်းဘူး ပြော လို. မ၇ဘူး…. သေချာ လေ.လာပြီး ပြော ပါ ….သူများ ဘာသာ ကို ၈၈နန မသိ ဘဲနဲ. မပြော ပါနဲ.

  12. For Buddhism point of view,We should forgive him for his deeds.But It is not meant for forget it .He will pay for what he had done in the past.For the time being,I will not grateful to President Thein Sein for his amnesty.These people who they put them into jail was should not be prisoners for long long ago.They are not entitled for prisoners who not commit any crime in their history.We welcome the manner of President Thein Sein. He actually is one of culprits for downgrade the Nation education system.Our Country Education Sector is still in the dark.I looked up the a few comment for his released showing that our sis and bro still do not know which one is right or wrong.We still too far from democracy. He is not political Prisoner.He is war criminal like 2nd war Nazi solider.

  13. ဗုဒ္ဓဘာသာဝင်စစ်စစ်ဆိုရင် ဒီလို မလုပ်သင့်ဘူး… သူမဖြောင့်တာကြောင့် ကိုယ်ပါ လိုက်မကောက်သွားစေချင်လို့ပါ။ We are face to the music.

  14. ခင်ညွန့်တစ်ယောက်ထဲသတ်လို့ကတော့.
    သိတ်မမျှတဘူး..သန်းရွှေကျန်သေးတယ်.
    နအဖတစ်ဖွဲ့လုံးသတ်ရမယ်..
    ကိုယ့်အလှဲ့ကျမနွဲ့ကြစတမ်း.သေပေတော့စာကို.
    တစ်ယောက်တစ်လည့်စီ.ပို့ပီး.တစ်ယောက်ချင်းသတ်.
    ဆားပုလင်းနှင်းမောင်မရှိဘူး..မြန်မြန်သာစပေတော့.

  15. အစွန်းရောက် အစ္စလာမ်မစ် ဆိုတာပဲ ကြားဘူးပါတယ်၊
    အစွန်းရောက် ဗုဒ္ဓဝါဒီဆိုတဲ့ဝေါဟာရ မကြားဖူးပါဘူး။

  16.ဲပြဿနာလို့ပြောရမလား သဘောလို့ပြောရမလားဘဲနော
    တစ်ချိန်တုန်းကတော့ လူတွေကို နှိပ်စက်ညှင်းပန်းခဲ့တယ်
    နောက်သူကိုယ်တိုင် အဖမ်းခံရတယ်
    အဖမ်းခံရတဲ့အကြောင်းကလည်းကြည့်ဦး သူခိုးကို ဓမြတွေက ဖမ်းတဲ့အမှု့ :D
    ဒီလိုနဲ့ပြန်လွတ်လာပါလေရော
    ဒီနေရာမှာ လိုင်းကကွဲသွားပြီး သာမန်လူတွေကတော့ သံဝေဂတွေဘာတွေရလို့ပေါ့
    ခံခဲ့ရတဲ့လူတွေကတော့ တွေးကြည့်ပေါ့ သူခံခဲ့ရတာ တရားသွားချဘို့တော့ ကျုပ်လည်း မလုပ်ရဲဘူး
    မတော်နေ သူကဒေါသက ကျုပ်စီကူးလာဦးမှာ
    ဒီနေရာလေးမှာ အလွန်စိတ်ပျက်စရာတစ်ခုဖြစ်လာတာက
    ခွင့်လွှတ်ခြင်တဲ့သူက ခွင့်လွှတ်ခြင်ပေမယ့် ကျူးလွန်ထားတဲ့ သတ္တဝါက မျက်ခွက်တည်ကြီးနဲ့
    ငါမသိဘူး ငါမူးနေတယ် ပုံတောင်မဟုတ်ဘူး
    ငါ့မှာ ဘာအပြစ်မှ မရှိဘူး ဆိုတဲ့ ပုံစံကြီးကိုတော့ လုံးဝ ဘဝင်မကျနိုင်ဘူး

  17. ဗုဒ္ဓဘာသာဝင်တိုင်း ဓုဒ္ဓရဲ့ အဆုံးအမကို လိုက်နာနိုင်တာ မဟုတ်ဘူးဆိုတာ ပေါ်လွင်နေတယ်

  18. သူ့ကံရဲ့အကျိုးကိုသူခံရလိမ့်မယ်

  19. ဆွေခုနစ်ဆက် မျိုးခုနစ်ဆက် ရှင်လျက်နဲ့သေနေရတဲ့ ဘဝမျိုးရောက်အောင် လုပ်လို့ရတဲ့နည်းကိုသာ အမြန်ဆုံး ပြောပြပေးကြပါခင်ဗျာ

  20. ဗုဒ္ဓဘာသာဝင်စစ်စစ်ဆိုရင်တော့ဒီလမ်းစဉ်ဟာ အားပေးရမဲ့ လမ်းစဉ်မဟုတ်ပါဘူး။ သူ့ အကုသိုလ်နဲ့ သူပါ။
    ကိုယ်ကကြားမဝင်ချင်ပါနဲ့ တော့။မကောင်းတဲ့ သံသရာရှည်ခြင်းဟာဘာအကျိုးမှမဖြစ်စေပါဘူး။

  21. ခိုင်းသူ၊ လုပ်သူ၊ သဘောတူသူ၊ ၀မ်းမြောက်သူ၊ အကျိုးတူတယ်လို့ဆိုတယ်။
    အကြောင်းတရားတိုင်းမှာ အကျိုးတရားတွေရှိနေတယ်။
    ဓားခုတ်ရာ လက်မထိုးမိဖို့ လိုတယ်။
    လူသားအားလုံးငြိမ်းချမ်းပါစေ။

  22. ဘာ….? ခွင့်လွှတ်ရမယ်……? ဝေးဝေးမှာသွားပြော….။

  23. ကောင်းတော့မကောင်းဘူးပေါ့….ဒါပေမဲ့ဖြစ်သင့်ပါတယ်……….

  24. နောင်တရပြီဆိုခွင့်လွတ်သင့်ပါတယ်။

  25. တစ်ကယ်လုပ်သင့်တဲ့လုပ်ရပ်လို့ ထောက်ခံချင်တယ်…

Comments are closed.