အီဂျစ် ရွေးကောက်ပွဲ မှာ မူဘာရက် ကို ဖြုတ်ချ ဖို့  ဦးဆောင် ခဲ့ တဲ့ မွတ်စလင် ညီအကိုတော် များ အဖွဲ့  ရွေးကောက်ပွဲ မှာ အနိုင်ရ

၂၀၁၁ ခုနှစ် ဇန်န၀ါရီ လက နိုင်ငံ ကို နှစ်ပေါင်း ၃၀ ကျော် အုပ် ချုပ် လာ ခဲ့ သည့် အီဂျစ် သမ္မ
တ ဟိုစနီ မူဘာရက် ကို ဖြုတ် ချ ရန် ဦးဆောင် လှုံ ဆော် ခဲ့ သည့် အီဂျစ် Muslim Brotherhood
အဖွဲ့  မှာ ကျောထောက် နောက် ခံ ပေး ထား သည့် နိုင်ငံ ရေး ပါတီ ဖြစ်သည့် Freedom and
Justice Party သည် ယနေ့  ပြု လုပ် သည့် အီဂျစ် လွှတ်တော် အမတ် နေရာ ရွေးကောက် ပွဲ
တွင် ၄၇.၁၈ ရာ ခိုင်နှုန်း ဖြင့် အနိုင် ရရှိ သွား ခဲ့ သည်။

အောက်လွှတ်တော် အမတ် ၅၀၈ နေရာ တွင် ၂၃၅ နေရာ ကို FJP  က အနိုင် ရရှိ ခဲ့ ခြင်း ဖြစ်သည်။

Freedom and Justice ပါတီ ကို မူဘာရက် အလွန်  ၂၀၁၁ ခုနှစ် ဧပြီ လ တွင် စတင် တည် ထောင်
ခဲ့ ခြင်း ဖြစ်ပြီး စစ်တပ် မှ ဦးစီး ကျင်းပ သည့် ရွေးကောက် ပွဲ တွင် အနိုင် ရရှိ ခဲ့ ခြင်း ဖြစ်သည်။

အမေရိကန် လက်ထောက် နိုင်ငံခြား ရေးဝန်ကြီး Bill Burns က မွတ်စလင် ညီအကိုတော် များ
အဖွဲ့  ၏ ခေါင်းဆောင် မိုဟာမက် မော်ဆီ နှင့် ယနေ့  ကိုင် ရိုတွင် တွေ့ ဆုံ ခဲ့ သည်။  နိုင်ငံ တကာ
ငွေကြေး ရံပုံ ငွေ အဖွဲ့  နှင့် ဥရော ပ တိုက် မှ အစိုး ရ အဖွဲ့  အချို့  လည်း FJP ပါတီ ၊ မွတ်စလင်
ညီအကို တော် များ အဖွဲ့  နှင့် တွေ့ ဆုံ ရန် စီစဉ် ထား သည်။ အမေရိကန် သမ္မတ ဟောင်း ဂျင်
မီကာတာ လည်း အီဂျစ် နိုင်ငံ သို့  လာရောက် လည်ပတ် ပြီး စစ်ကောင်စီ နှင့် အတိုက် အခံ
အချို့  တို့  နှင့် တွေ့  ဆုံ ခဲ့ သည်။

သမ္မတ ဟိုစနီ မူဘာရက် လက် ထက် က ဘရားသားဟုဒ် အဖွဲ့  ၏ နိုင်ငံ ရေး လှုပ်ရှား မှု မှာ ပိတ်ပင်
ခံထား ရ သည်။