ဥရောပ သမဂ္ဂ က မြန်မာ အစိုးရ အရာ ရှိ အချို့  ကို ခရီးသွား လာခွင့် ဗီဇာ ပိတ်ပင် ထား မှု ကို
ဒီနေ့ တနင်္လာ နေ့ မှာ ရုတ်သိမ်း ပေး ခဲ့ တယ် လို့ တယ်လီဂရဖ် သတင်း မှာ ဖော် ပြထား ပါတယ်။
မနှစ် က မြန်မာ နိုင်ငံ ကို တစ်နှစ် ထပ်မံ သက်တမ်း တိုးထား တဲ့ အရေးယူ ပိတ် ဆို့  မှု တွေ ဟာ
ဧပြီ လ ၃၀ ရက်နေ့ မှ ပြည့် မှာ ဖြစ်ပေမယ့် သုံးလ ကျော် အလို လောက် မှာ မြန်မာ အစိုးရ သမ္မတ
ဦးသိန်စိန် နဲ့  ၀န်ကြီး အဖွဲ့  ၀င် အချို့  ကို ဗီဇာ ထုတ်ပေး မှု ငြင်းဆို ထား ခြင်း ကို ပယ်ဖျက် ပေး
လိုက် တာ ဖြစ်ပါတယ်။
ပြင်သစ် နိုင်ငံ ခြား ရေး ၀န်ကြီး အပါ အ၀င် ဥရောပ သမဂ္ဂ အဖွဲ့  ၀င် နိုင်ငံ အချို့  က နိုင်ငံခြားရေးဝန်
ကြီး အချို့  ဟာ မြန်မာ နိုင်ငံ ကို လာရောက် လည်ပတ် အပြီး မှာ မြန်မာ အစိုး ရ အဖွဲ့  ခေါင်းဆောင်
တွေ ကို လာ ရောက် လည် ပတ် ခွင့် ပြု လိုက်တာ ဖြစ်ပါတယ်။
ဒီနေ့  ပြု လုပ် တဲ့ အီးယူ နိုင်ငံခြားရေး ၀န်ကြီးများ အဆင့် အစည်း အဝေးမှာ မြန်မာ အစိုးရ အရာရှိ
တွေ ကို ခရီးသွားလာ ခွင့် ဗီဇာ ဖွင့် ပေး ဖို့  သဘောတူ ခဲ့ တာ ဖြစ်ပါတယ်။
အမေရိကန် အစိုးရ ကတော့ ယခင် စစ်အစိုးရ လက်ထက် မှာ ပါခဲ့ တဲ့ မြန်မာ အစိုးရ ခေါင်းဆောင်
တွေ ကို ခရီးသွား လာခွင့် ပိတ် ပင် ထား ဆဲ ဖြစ်ပြီး ဧပြီ လမှကျင်းပ မယ့် ကြားဖြတ် ရွေးကောက်
ပွဲ ရဲ့  သမာသမတ် ရှိ မှု အပေါ် အခြေခံ ပြီး ပိတ် ဆို့  ထား မှု တွေ ကိုပြန်ဖွင့် ဖို့  စဉ်းစား မှာ ဖြစ်တယ်
လို့  အရီဇိုးနား ပြည်နယ် အထက် လွှတ်တော် အမတ် ဂျွန်မက် ကိန်း မနေ့ က မြန်မာ နိုင်ငံ လာရောက်
စဉ် မှာ ပြော ခဲ့ ပါတယ်။
ဥရောပ သမဂ္ဂ နိုင်ငံခြား ရေး ရာ ကောင်စီက မြန်မာ အစိုး ရ ၏ နိုင်ငံ ရေး အရ ပြု ပြင် ပြောင်း လဲ မှု
ခြေလှမ်း များ ကို ကြို ဆို လိုက် ပြီး အထက်လွှတ်တော် နှင့် အောက် လွှတ်တော် ဥက္ကဌ များ ကို လည်း
ခရီးသွားလာ ခွင့် ဗီဇာ ပိတ် ပင် ထား မှု မှ ပယ် ဖျက် ပေး ခဲ့ ပြီး ဗီဇာ ပိတ်ပင်ထား မှု ပယ်ဖျက် ခြင်း တွင်
ကာယာကံ ရှင် များ နှင့် တကွ ၎င်းတို့  ၏ မိသား စု များ လည်း ပါဝင် သည် ဟု သိရသည်။

Ha Ha Right Right
ဗိုလ်ပြုတ်တွေကတော့ အရမ်းသဘောကျ…ဥရောပကို တိုင်းပြည်ငွေသုံးပီးသွားမယ်…ဟိုရောက်ယင် ပြင်သစ်
ဝိုင် ကော့ညက် နဲ့ ဇိမ်ရစ်မယ်…တိုင်းပြည်က ၀န်ကြီး ၀န်သေး လစာတောင် အနိုင်နိုင်ပေးထားရတာ..လေယာဉ်ခ ဟော်တယ်ခ သောက်ခ စားခ ကုန်လိုက်မဲ့ ပိုက်ဆံ။။။တိုင်းပြည်ကတော့
ဘာမှ ဖြစ်မလာစေဘူး စိတ်ချ။။
တကယ်သွားရမှာက အနားက မြန်မာပြည်ကိုကျော်တက်နေတဲ့ ဘင်္ဂလား လာအို ဗိယက်နမ် ဖိလစ်ပိုင်
အရှေ့တီမော။။။ဒီလို နိုင်ငံတွေကိုသွား လယ်သမားလယ်တဲမှာ ၇ ရက်လောက်ညအိပ်။သူများတိုင်းပြည်က
လယ်သမားတွေ ဘယ်လိုစားသောက် နေနိုင်ဘီလဲ။။။သူတို့အစားအသောက်တွေ ဓါတုဆေးတွေကင်းလား
သူတို့အစိုးရက ဘယ်လို စီမံထားလဲ ဆိုတာကို လေ့လာရမှာ။။။ဒါမှ မြန်မာ့လယ်သမားထု အတွက်နည်းကောင်း
ရမှာ။။။။ခုတော့ အစိုးရ ၀န်ကြီးတွေသွားမယ်။။နောက် ၀န်ကြီးကတော်တွေ ဥရောပ ဈေးဝယ်ထွက်မယ်။။။နောက်သူတို့ သားသမီးတွေ လည်လည်ထွက်မယ် ပြည်သူကတော့ ငတ်ပီးယင် ငတ်ဖြစ်မယ်။။။။