မြန်မာ နိုင်ငံ အစိုးရ ၊ ပြန်ကြားရေး ၀န်ကြီးဌာန လက် အောက် ရှိ စာပေ စီစစ် ရေး ရုံး နှင့် ၎င်း ၏
လုပ်ငန်း လည်ပတ် မှု များ မှာ မကြာခင် ရက် ပိုင်း အတွင်း ဖျက်သိမ်း တော့ မှာ ဖြစ်ကြောင်း မြန်
မာ နိုင်ငံ စာပေ နှင့် စာနယ် ဇင်း အဖွဲ့  ညွှန် ကြား ရေး မှုး ဦးတင့်ဆွေ က လွတ်လပ် သည့် အာရှ
အသံ သတင်း ဌာန ကို တရား ၀င် ပြော ကြား ခဲ့ သည်။
မီဒီယာ များ နှင့် ပတ်သက် သည့် ဥပေဒေ ကြမ်း တစ်ခု ကို လွှတ်တော် သို့  တင်သွင်း ထား ပြီး
ဥပဒေ အဖြစ် ပြဌာန်း တဲ့ အခါ မီဒီယာ လွတ်လပ် မှု ဟာ အခြား ဒီမို ကရေစီ နိုင်ငံ တွေ လို ပဲ အ
ပြည့် အ၀ ရှိ လာ မယ် လို့  လဲ ထည့် သွင်း ပြောကြား ခဲ့ ပါတယ်။
စာပေ စီစစ် ရေး ဖျက် သိမ်းတော့ မည် ဆိုသည့် သတင်းသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်
က ဒီလှိုင်း အမည် ရှိ စာစောင် ထုတ် ဝေချိန် တွင် ပေါ် ထွက် လာခြင်း ဖြစ်သော် လည်း ၂၀၁၀
ခုနှစ် က ရွေးကောက် ပွဲ ကျင်းပ ချိန် တွင် တရားဝင်မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီများအနေဖြင့်
ပါတီ၏ မူဝါဒ၊ သဘောထားရပ်တည်ချက်၊ မဲဆွယ်စည်ရုံးရေးဆိုင်ရာ အကြောင်းအရာ အချက်အ
လက်များ ပါရှိသော စာ ရွက်စာတမ်း၊ စာအုပ်နှင့် လက်ကမ်း စာစောင်များအား ပုံနှိပ်ဖြန့်ချိလို
ပါက ပုံနှိပ် ထုတ်ဝေခွင့် သက်သေခံလက်မှတ် မှတ်ပုံတင်ကြေးကျပ်တစ်သိန်းအပြင် အာမ
ခံကြေးငွေကျပ် ငါးသိန်းကို ပုံနှိပ်သူများ၊ ထုတ်ဝေသူများမှတ်ပုံတင်နှင့် စာပေစိစစ်ဖြန့်ချိရေး
ဌာန သို့  ပေး သွင်း ရမည် ဟု အတိအလင်း ကြေငြာ ခဲ့ ဖူးသည်။
မြန်မာ နိုင်ငံ စာ ပေ နှင့် စိစစ်ရေး အဖွဲ့  သည် ပြည်တွင်း နှင့် နိုင်ငံ တကာ သတင်းများ ကို တင်း
ကျပ် စွာ စီစစ် မှု ပြု သည်။ ၂၀၀၉ ခုနှစ်က အမေရိကန် သမ္မတ ဘရက် အိုဘားမား နိုဘဲလ် ငြိမ်း
ချမ်းရေး ဆု တက်ရောက် လက်ခံ ရ ယူသည့် သတင်း ကို ဖော်ပြ ခွင့် မပြု သလို ၊ ယမန် နှစ်က
အာရပ် အုံကြွမှု သတင်း များ ကိုလည်း အကန့် အသတ် ဖြင့် သာ ဖော်ပြ ခွင့် ပြု ခဲ့ သည်။
FNG မှ ဖော်ပြခဲ့ သည့် စာပေ စီစစ်ရေး နှင့် ပတ်သက် သည့် သတင်းများ ကို ဖတ်ရှုရန်
ပြည်တွင်း နိုင်ငံရေး နှင့် စီးပွားရေး သတင်း များ အပါအ၀င် ၊ ရုပ်ရှင် ၊ ဗီဒီယို ၊ ပန်းချီ ပြ ပွဲ
များ ကို လည်း တင်းကျပ် သည့် စီစစ် မှု များ ပြု လုပ် သည်။ ထိပ်တန်း အစိုးရ အရာ ရှိ
များ နှင့် ပတ်သက် နေ သည့် ရာဇ၀တ် မှု များ ၊ မတရား မှုများ ကို လည်း စီစစ်ရေး က မီ
ဒီယာ များ တွင် ထည့် သွင်း ဖော်ပြ ခွင့် မပြု ဟု သိရသည်။
ကွယ်လွန် သွားပြီ ဖြစ်သည့် ဒေါက်တာ နေ၀င်းမောင် ဦးစီး ထုတ် ဝေခဲ့ သည့် The Voice
ဂျာနယ် မှ အယ်ဒီတာ တစ်ဦးက မူ စာပေစီစစ်ရေး ဖျက် သိမ်း တော့ မည် ဆို ခြင်း နှင့် ပတ်
သက် ပြီး ” မင်္ဂလာ သတင်း ပါပဲ ” ဟု ပြောသည်။
သတင်း မီဒီယာ နှင့် ဖျော်ဖြေရေး မီဒီယာ မှ ထုတ်ဝေ ဖြန့် ချီသူများ သည် ၎င်း တို့  ၏ လုပ်ငန်း
များ အချိန် မှီ သွက် လက် မြန်ဆန် စွာ စီးဆင်းနိုင် ရေး အတွက် စာပေ စီစစ်ရေး သို့  လာဘ်
သပ် ပကာ မြောက် မြား စွာပေး ရသည်။
ဦးတင့် ဆွေ သည် ပြီး ခဲ့ သည့် နှစ် က စာပေ စီစစ်ရေး သည် ဒီမိုကရေစီ နိုင်ငံ နှင့် လျှော် ညီမှု
မရှိ ကြောင်း ကို လည်း RFA သတင်း ဌာန ကို ပြော ခဲ့ သည်။
Related articles
- စိစစ်ရေး က ဖျော်ဖြေရေး ပုံ တွေ ကို မျက်နှာလွှဲ (freedomnewsgroup.com)
- နောက်နှစ် မှာ လုံးတီး ပုံ တွေ တွေ့ ရ တော့ မယ် (freedomnewsgroup.com)
