ပြီးခဲ့ တဲ့ နှစ် မတ်လ မှာ စတင် ခဲ့ တဲ့ လူထု အုံကြွမှု ကနေ စစ်သား တွေ ဆန္ဒပြ သူ တွေ ဘက် ပူး
ပေါင်း ပါဝင် ခဲ့ လို့  တစ်ဖက် နဲ့  တစ်ဖက် လက်နက် ကိုင် တိုက် ခိုက် ပြီး ပြည်တွင်း စစ် အသွင်
ဆောင် နေတဲ့ ဆီးရီးယား နိုင်ငံ မြို့  တော် ဒမ္မစကတ် မှာ ရှိတဲ့ အမေရိကန် သံရုံး ကို လုံ ခြုံရေး
အခြေအနေ ကြောင့် ဒီ နေ့  ပိတ် ပစ်လိုက် ပြီ ဖြစ်ပါတယ်။
တနင်္ဂနွေ နေ့ က နယူးယောက် က ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ မှာ ကျင်းပတဲ့ ဆီးရီးယား
ကို အရေးယူ မယ့် ဥပဒေ မူကြမ်း ကို ရုရှား နဲ့  တရုတ် က ဗီတို အာဏာ သုံး ပြီး ပယ်ချ လိုက်
ပြီး တဲ့ ဆီးရီးယား သမ္မတ အာဆဒ် ကို သစ္စာ ခံ တဲ့ တပ် တွေ က ဟွမ် နဲ့  တူရကီ နယ်စပ်က
မြို့  တွေ မှာ ဆန္ဒပြ သူ တွေ ကို ရက်ရက် စက်စက် နှိပ် ကွပ် မှု တွေ ထပ်မံ ပြု လုပ် ခဲ့ ပြီး တစ်
ရက် ထဲ မှာ တင် သေဆုံးသူ ၂၀၀ ကျော် ရှိ တယ် လို့  ဆီးရီးယား က လာတဲ့ ရိုက်တာ သတင်း
တစ်ရပ် မှာ ဖော်ပြ ထား ပါတယ်။
တရုတ် အစိုးရ ရဲ့  နိုင်ငံ ခြား ရေး ၀န်ကြီး က တော့ ဆီးရီးယား အရေး မှာ တရုတ်က ဗီတို သုံး
တာ နဲ့  ပတ်သက် ပြီး ဒီနေ့  ခုခံ ကာကွယ် ပြောကြား ခဲ့ ပါတယ်။
အမေရိကန် သံရုံး ကို ဆီးရီးယား မှာ ပိတ် လိုက် ပြီ ဖြစ်တဲ့ အတွက် အမေရိကန် နဲ့  ဆီးရီးယား
ဆက်ဆံ ရေး ဟာ ပြီး ဆုံး သွား ပြီ ဖြစ်ပြီး အာဆဒ် အစိုးရ အဖွဲ့  ဟာ ပိုပြီး အထီးကျန် သွားပြီ
လို့  ဆီးရီးယား အတိုက် အခံ တွေ က ပြောပါတယ်။
အာဆဒ် အစိုးရ အဖွဲ့  ကို ဆန့် ကျင် တဲ့ ဆန္ဒပြ သူ တွေ ကို ဆီးရီးယား အစိုးရ လုံခြုံရေး အဖွဲ့ 
တွေ က ပစ်သတ် ခဲ့ တာ မှာ သေဆုံး သူ ၆၀၀၀ ကျော် ရှိ သွား ပြီ ဖြစ်ပါတယ်။
အမေရိကန် ၊ အာရပ် နိုင်ငံ အချို့  နဲ့  ဥရော ပ တိုက် က အစိုးရ တွေ ကတော့ အာဆဒ်
ရာထူး က ဆင်းပေး ဖို့  သံတမန် ရေး ရာ လှုပ်ရှား မှု အချို့  ကို ဆက်လုပ် မယ် လို့  ပြောထား
ပါတယ်။
ဗြိတိသျှ နိုင်ငံ ခြား ရေး ၀န်ကြီး ၀ီလျှံ ဟိဂ် က တော့ ရုရှား နဲ့  တရုတ် ဟာ လူသတ် ဆီးရီယား
အစိုးရ ကို အားပေး အားမြှောက် လုပ် တယ် လို့  ပစ် တင် ဝေဖန် ထား ပါတယ်။
