သမ္မတ ဘာရှား အယ်(လ) အာဆဒ် ဦးဆောင် တဲ့ ဆီးရီးယား အစိုးရ က အပြစ်မဲ့ တဲ့ ဆန္ဒပြ ပြည်
သူ တွေ ကို ရက် စက် စွာ သတ်ဖြတ် နေမှုကို အမေရိကန် က သည်း မခံ နိုင်တော့ ကြောင်း ဒီနေ့ 
မှာ အမေရိကန် အစိုးရ က တရား ၀င် ပြောကြား ခဲ့ ပါတယ်။
အမေရိကန် အစိုးရ ရဲ့  ကုလ သမဂ္ဂ ကိုယ်စားလှယ် Susan Rice က ဒီနေ့  သမ္မတ အာဆဒ် ကို
ရည်ညွှန်း ပြီး “သူ့ ရဲ့  နေ့ တွေ ဟာ လက် ချိုးရေ လို့ ရ နေပြီ ” လို့  ပြော ခဲ့ ပါတယ်။
အမေရိကန် အထက် လွှတ်တော် အမတ် နဲ့  လွှတ်တော် လက်နက် ရေးရာ ကော်မတီ ဥက္ကဌ
ဂျွန်မက်ကိန်း က ဆီးရီးယား အတိုက်အခံ တွေ ကို လက်နက် ထောက်ပံ့ ဖို့  ထောက်ခံ ပြောကြား
ခဲ့ ပါတယ်။
အမေရိကန် အစိုးရ အနေနဲ့  ရုရှား နဲ့  တရုတ် တို့  ကို ကျော်ပြီး သူ့ ရဲ့ မဟာမိတ် နိုင်ငံ တွေ ၊ အာရပ်
နဲ့  ပင်လယ် ကွေ့  နိုင်ငံ တွေ ရဲ့  ပူးပေါင်း ဆောင် ရွက် မှု နဲ့  စစ်ရေး ၊ သံတမန်ရေး နည်းလမ်း ကို
သုံး နိုင် ဖွယ် ရှိ ကြောင်း PBS သတင်း ရဲ့  အစီအစဉ် တစ်ခု မှာ ဖော်ပြ ထား ပါတယ်။
ပင်လယ်ကွေ့ ပူးပေါင်း ဆောင်ရွက် ရေး ကောင်စီ နဲ့  အာရပ် နိုင်ငံ တွေ က အာဆဒ် ရဲ့ လူသတ်
လိုင် စင် ရထား သလို ရာဇ၀တ်မှု တွေ ကျူး လွန် နေတဲ့ ကိစ္စ ကို ရှုံ့ ချထား ပြီး ၊ ပြီး ခဲ့တဲ့ လက
အီဂျစ် အောက်လွှတ်တော် ရွေးကောက် ပွဲ မှာအနိုင် ရရှိ ခဲ့ တဲ့ မွတ်ဆလင် ညီ အကို တော် များ
အဖွဲ့  ကလည်း ရုရှား နဲ့  တရုတ် တို့  ရဲ့  ဗီတို အာဏာ သုံး တဲ့ လုပ် ရပ် ကို လည်း ကန့် ကွက်ထား
ပါတယ်။
ဆီးရီးယား အစိုးရ လုံခြုံရေး တပ် တွေ က ဆန္ဒ ပြ ပြည်သူ တွေ ကို ဆက်လက် သတ်ဖြတ် ဆဲ့ဖြစ်
ပြီး တပ်ထဲ က နေ ဘက်ပြောင်း လာတဲ့ Free Syrian Army က တော့ တူရကီ နယ်စပ် နဲ့  နီးတဲ့
ဆီးရီးယား မြို့ တွေ နဲ့  ဒမ္မစကတ် ဆင်ခြေဖုံး နေရာ အချို့  ကို သိမ်းပိုက် ထား ပါတယ်။
