မိန်းမလျာများ အား သေဒဏ်ပေးရန် လှုံ့ဆော်သူ သုံးဦး ဗြိတိန် တွင် ထောင်ကျ

ဗြိတိန်နိုင်ငံတွင် လိင်တူဆက်ဆံသူများကို သုတ်သင်သတ်ဖြတ်ရန် လက်ကမ်းကြော်ငြာများဖြန့်ဝေ
ခဲ့ကြသော (Derby) ဒါဘီမြို့ နေလူ (၃) ဦးအား ဖေဖေါ်ဝါရီလ (၁၀) ရက်နေ့တွင် ဒါဘီကရောင်း
တရားရုံးမှ ထောင်ဒဏ်များအသီးသီးပေးအပ်လိုက်သည်။

အီဂျက်စ်အလီ (Ihjaz Ali)၊ ကဘီယာအာမက် (Kabir Ahmed) နှင့် ရက်ဇ်ဝမ်ဂျာဗက်တို့အနေနှင့်
အခြားသူများ၏ ပုဂ္ဂလိကလိင်မှုရေးရာရွေးချယ်ခြင်းနှင့်ပတ်သက်၍ မုန်းတီးမှုများလှုံ့ဆော်ပေးနေ
ကြကြောင်း လွန်ခဲ့သောလ၌ တရားရုံးမှ အထင်အရှားတွေ့ရှိခဲ့သည်။ “ သေဒဏ် ” ဟုဖေါ်ပြ
ထားသော လက်ကမ်းကြော်ငြာများအား (၂၀၁၀) ခုနှစ်၊ ဇူလိုင်လအတွင်း၌ ပြုလုပ်ခဲ့သော မိန်းမလျာ
များနှင့်သက်ဆိုင်သော အခမ်းအနားတခု၌ ဖြန့်ဝေတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အီဂျက်စ်အလီအား ထောင်ဒဏ် (၂) နှစ်ချမှတ်၍၊ ကဘီယာအာမက်နှင့် ရက်ဇ်ဝမ်ဂျာဗက်တို့အား
ထောင်ဒဏ် (၁၅) စီအသီးသီးချမှတ်ခဲ့သည်။ ဗြိတိန်နိုင်ငံ၌ (၂၀၁၀) ခုနှစ်တွင် ဥပဒေသစ်များ
အတည်ပြုပြဋ္ဌာန်းပြီသည့်နောက်ပိုင်း ၄င်းတို့အားပထမဆုံးစတင်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ဒါဘီမြို့ရှိ ဂျာမီးယားဗလီ (Jamia Mosque) အနီး၌၊ မူစလင်တို့၏သောကြာနေ့ဝတ်ပြုချိန်အပြီးတွင်
ဖြတ်သွားဖြတ်လာများအား အတင်းလိုက်လံပေးခဲ့၍ စာတိုက်ပုံးများအတွင်း၌လည်း လျှောက်ထည့်
ထားခဲ့သည့် “ မူစလင်တာဝန် ” ဟုရိုက်နှိပ်ထားသော လက်ကမ်းကြော်ငြာများသည် လူ့အဖွဲ့အစည်းကို
ခြိမ်းခြောက်မှုတရပ်အသွင်ဆောင်နေပြီး၊ အလွန်ပင်မနှစ်မြို့စရာကောင်းလှသည်ဟု တရား
ရုံးတွင်ဖေါ်ပြခဲ့သည်။

အဆိုပါကြော်ငြာစာရွက်တွင် လူပုံတူသစ်သားရုပ်အား ဆွဲကြိုးချထားပြီး အစ္စလာမ်မစ်ကျမ်းစာများကို
ဖေါ်ပြထား၍ လူ့အဖွဲ့အစည်းအတွင်းရှိ လိင်တူဆက်ဆံမှုအား အမြင့်ဆုံးသောပြစ်ဒဏ်ပေးခြင်းဖြင့်သာ
သုတ်သင်နိုင်မည်ဖြစ်ကြောင်း ဖေါ်ပြထားခဲ့သည်။

 ပြောင်းရင်ပြောင်း၊ မပြောင်းရင်မီးရှို့ (Turn or Burn) နှင့် “ အခြောက်…ဘုရားကမင်းကိုရွံတယ်
(GAY – God Abhors You) ဟုပုံနှိပ်ထားသော အခြားလက်ကမ်းကြော်ငြာ (၂) မျိုးကိုလည်း
အဆိုပါတရားခံသုံးဦးမှ ဖြန့်ဝေခဲ့သေးပြီး၊ “ သေစမ်းဒါဘီ ” (Dead Derby) ဆိုသော စတုတ္ထမြောက်
လက်ကမ်းကြော်ငြာကိုမူ မဖြန့်ဝေရသေးခင် တွေ့ရှိခဲ့သည်ဟုဆိုသည်။

The leaflet called for gay people to be given the death penalty

ဖဲယားဖက်စ်လမ်းနေ အီဂျက်စ်အလီ (၄၂ နှစ်)၊ မက်ဒလေလမ်းနေ ကဘီယာအာမက် (၂၈ နှစ်) နှင့်
ဝိုင်းလ်ဖရက်ဒ်လမ်းနေ ရက်ဇ်ဝမ်ဂျာဗက် (၂၇ နှစ်) တို့မှလည်း မိမိတို့မူစလင်များအနေနှင့် အစ္စလာမ်
“ဘာသာအရအပြစ်ရှိသော အပြုအမူအားရှုံ့ချသော တာဝန်အားထမ်းဆောင်ခြင်းဖြစ်သည်ဟု ဆိုကြလေသည်။
၎င်းတို့သုံးယောက်အပြင် အလားတူထပ်မံတရားစွဲဆိုခံခဲ့ကြရသော မယ်ဘုဘ်ဟူစိန် (Mehboob
Hussain) နှင့် အူမာဂျာဗက် (Umar Javed) တို့ကိုမူ အပြစ်မရှိကြောင်း တရားရုံးမှဆုံးဖြတ်ခဲ့သည်။

မင်းတို့ရဲ့ရည်ရွယ်ချက်က လူအများကြားမှာ မုန်းတီးမှုတွေကိုလှုံ့ဆော်ဖို့ရည်ရွယ်ချက်ရှိပြီး အေးချမ်း
တည်ငြိမ်တဲ့ လူ့အသိုင်းအဝိုင်းတခုကို အကြီးအကျယ်ဒုက္ခပေးဖို့ကြံစည်နေတာဖြစ်လို့ မင်းတို့ကိုပြစ်ဒဏ်ချတယ်

ဟု တရားသူကြီး ဖြစ်သူ ဂျော်န်ဘားဂက်စ် (John Burgess) မှပြောကြားခဲ့သည်။

အဆိုပါတရားစီရင်မှုတလျှောက်လုံးတွင် လွတ်လပ်စွာပြောဆိုခွင့်ရှိခြင်းနှင့် ပတ်သက်ပြီး လူတော်တော်များ
များမှပြောဆိုခဲ့ကြ၏။ လွတ်လပ်စွာပြောဆိုခွင့်ရှိခြင်းဆိုသည်မှာ ခိုင်မာလေးနက်တဲ့၊ ဘာသာရေးအရ
အခြေအမြစ်ရှိတဲ့၊ ယုံကြည်ချက်တွေကို ထုတ်ဖေါ်ပြောဆိုခွင့်ရှိတယ်လို့ဆိုလိုတာဖြစ်တယ်။ လွတ်လပ်
စွာပြောဆိုခွင့်ရှိခြင်းသည် ဒီမိုကရေစီ၏မှတ်တိုင်တခုဖြစ်ပြီး လွတ်လပ်သောလူ့အဖွဲ့အစည်းတိုင်း၏
အခြေခံပိုင်ဆိုင်မှုတရပ်လည်းဖြစ်သည်။ သို့သော်၎င်း၌ ခိုင်မာလေးနက်မှုမရှိ၊ အခြေအမြစ်မရှိပဲ အခြား
သူများကို ထိခိုက်ခြိမ်းခြောက်သည့်သဘော သက်ရောက်သော အပြောအဆို၊ အပြုအမူများမပါဝင်ပေ။
ဤတရားခံသုံးဦးအား အရေးယူခဲ့သည့် ဥပဒေပြုမှုအားအတည်ပြုပြဋ္ဌာန်းခဲ့စဉ်က အထက်ပါသဘောတရားအား ဗြိတိသျှလွှတ်တော်မှအဓိကထည့်သွင်းမြှုပ်နှံခဲ့ခြင်းဖြစ်သည်။

Ref:

  • Derby men jailed for giving out gay death call leaflets
  • In Britain, Antigay Leaflets Bring Criminal Convictions
  • British Court Convicts Three Muslims for Advocating the Execution of Homosexuals
  • Muslims posted ‘nasty and frightening’ anti-gay leaflets demanding homosexuals ‘turn or burn’