ပြည်တွင်း စစ် အခြေအနေ မျိုး လည်း ရှိ နေပြီး ၊ အစိုးရ လုံခြုံရေး တပ် ဖွဲ့  တွေ ရဲ့  အပြင်း အထန်
နှိပ် ကွပ် မှု ကို ခံ နေရ တဲ့ ဆီးရီးယား ပြည်သူ တွေ ကို အကာအကွယ် ပေး ဖို့  အာရပ် အဖွဲ့ ချုပ်က
ကုလ သမဂ္ဂ ကို တောင်း ဆို လိုက် ပါတယ်။
အဖွဲ့  ၀င် ၂၂ နိုင်ငံ ပါရှိတဲ့ အာရပ်လိဂ် အဖွဲ့ ချုပ် ရဲ့  ကိုင်ရို မြို့  မှာ လုပ် တဲ့ အစည်း အဝေး မှာ အာဓ
ရပ် အဖွဲ့ ချုပ် ၀င် နိုင်ငံ တွေ က သံတမန် တွေ ကို ဒမ္မစကတ် က နေ ပြန်ခေါ် ဖို့  နဲ့  ကုလ နဲ့  ပေါင်း
ပြီး ငြိမ်းချမ်းရေး ထိမ်းသိမ်း ရေး တပ် ဖွဲ့  တွေ ကို အမြန်ဆုံး ချထား နိုင် ဖို့  တွေ ဆွေး နွေး ခဲ့ ကြ
ပါတယ်။
အာရပ် အဖွဲ့ ချုပ် ရဲ့ ဆော်ဒီ အာရေးဗီးယား သံအမတ်က ” ဆီးရီးယား က ကျွန်တော် တို့  ညီအကို
တော် တွေ အခု လို သေနေတာ လက် ပိုက် မကြည့် နိုင် ဘူး ၊ ဆီးရီးယား အစိုးရ တည် မြဲ ဖို့ အာမ
ခံ ချက် ပေး ထား တဲ့ သူ တွေ ကို လည်း ကန့် ကွက် တယ် ” ဟု ပြော ဆို ခဲ့ သည်။
ဒီတစ်ပတ် အတွင်းမှာ ပဲ အတိုက် အခံ တွေ အင်အား ကောင်း တဲ့ ဟွမ် နဲ့  ဟာမား စတဲ့ ဆီးရီးယား
မြို့ တွေ မှာ တင့် ကား တွေ ၊ လက်နက်ကြီး တင် လေယာဉ် တွေ သုံးပြီး တိုက်ခိုက် ခဲ့ တယ် လို့  ဆီး
ရီးယား က လာ တဲ့ နိုင်ငံ တကာ သတင်း တွေ မှာ ဖော် ပြထား ပါတယ်။
၁၁ လာကြာပြီ့ ဖြစ် တဲ့ ဆီးရီးယန်း ပြည်သူ တွေ ရဲ့  အုံကြွမှု ကို သမ္မတ ဘာရှား အယ်(လ) အာဆဒ်
က ရက်ရက် စက်စက် နှိပ်ကွပ် ခဲ့ လို့  သေဆုံး သူ ၇၀၀၀ ကျော် ရှိ ပြီ လို့  ကုလ သမဂ္ဂက တရား ၀င်
သတင်း ထုတ် ပြန်ထား ပါတယ်။
လက်ရှိ အယ်(လ)ကာယီးဒါး ခေါင်းဆောင် ဖြစ်တဲ့ ဒေါက်တာ အေမန် အယ်(လ) ဇ၀ါဟီရီ က တော့
ဆီးရီးယား ပြည်သူ လူ ထု အုံကြွ မှု ကို ထောက်ခံ ထား ပြီး ၊ အနောက် နိုင်ငံ တွေ ရဲ့  အကူအညီ မပါ
ဘဲ လွတ်မြောက်ရေး ကို ရအောင်ယူကြ ဖို့  သူ့ ရဲ့  ဗီဒီယို မက်ဆေ့ခ်ျမှာ တိုက် တွန်း ထား ပါတယ်။
တစ်ကမ္ဘာ လုံးမှာ ရှိတဲ့ မွတ်ဆလင် တွေ အနေဲ့  လည်း လွတ်မြောက်ရေး တိုက်ပွဲ ၀င် နေတယ့် ဆီးရီး
ယား သူပုန် တွေ ကို ကူညီ အားပေး ကြ ဖို့  တိုက် တွန်းထား ပါတယ်။
မနေ့ က ဆီးရီးယား စစ်တပ် က အဆင့် မြင့် အရာရှိ တစ်ဦး ဟာ သူ့  ရဲ့  ဒမ္မစကတ် နေအိမ် မှာ သေ
နတ် သမား တွေ ရဲ့  လုပ်ကြံ ခြင်း ကို ခံ လိုက် ရ ပြီး နောက် ဆီးရီးယား နိုင်ငံ မှာ ပိုပြီး တော့ မငြိမ် မ
သက် မှု တွေ ရှိ လာ ပါတယ်။
