အမေရိကန် ကို ၅ ရက် တာ အလည် အပတ် ရောက် ရှိ နေတဲ့ တရုတ် ဒုသမ္မတ နဲ့  အနာဂတ်
ခေါင်း ဆောင် (Leader in Waiting) ရှီကျင့်ပင်း Xi Jinping ကို အမေရိကန် သမ္မတ
အိုဘားမား က အိမ်ဖြူတော် မှာ ဒီနေ့  လက်ခံ တွေ့ ဆုံ ခဲ့ ပါတယ်။
သမ္မတ အိုဘားမား က တရုတ် နိုင်ငံ ရဲ့  လူ့  အခွင့်အရေး မှတ်တမ်း ၊ ဆီးရီးယား အရေး မှာ
ဗီတို သုံးတာ တွေ နဲ့  ပတ်သက် ပြီး ဝေဖန် ပြောဆို ခဲ့ ပေမယ့် နှစ် နိုင်ငံ ခေါင်းဆောင် တွေ
ရဲ့  ဆက်ဆံ ရေး ဟာ နွေးနွေး ထွေးထွေး ရှိ ခဲ့ တယ် လို့  ဆို ပါတယ်။
ရှီကျင့်ပင်း ဟာ ၁၉၈၅ ခုနှစ် က တရုတ် နိုင်ငံ ရဲ့  ဟူဘီ ခရိုင် မှာ အုပ်ချုပ် ရေးမှုး အဖြစ် တာဝန်
ယူစဉ် က လယ်ယာ စိုက်ပျိုးရေး လေ့လာ ရေး ခရီးစဉ် အတွက် တစ်ခါ က လာရောက် လေ့လာ
ခဲ့ ဖူးတဲ့ အမေရိကန် နိုင်ငံ အိုင်ယိုဝါ ပြည် နယ် က လယ်တော ယာ မြေ ကို တစ်ခေါက် ပြန်ပြီး
လည်ပတ် ခဲ့ တဲ့ အတွက် Firm Diplomacy လို့  လဲ ခေါ်ဆိုကြပါတယ်။(ယခင် တရုတ် အမေရိ
ကန် ဆက်ဆံ ရေး တွင် ပင်ပေါင် သံတမန်ရေး (Ping Pong Diplomacy) ရှိ သည်။
တရုတ် ဒု သမ္မတ က ၎င်း ၏ နိုင်ငံ တွင်း ရှိ လူ့  အခွင့် အရေး ချိုးဖောက် မှု များ အား ကာကွယ်
ပြောဆို ခဲ့ ပြီး တရုတ် နိုင်ငံ သည် အင်အားကြီးလာ သည် နှင့် အမျှ နိုင်ငံ တကာ လုံခြုံရေး တွင်
တာဝန် ရှိ လာ သည် ဟု ဆိုသည်။
ဥရောပ ၏ ကြွေးမြီ ပြဿနာ ကို တရုတ် က ကူညီ မည် ဟု ဆိုသည်။
အမေရိကန် ရောက် တရုတ် ဒီမိုကရေစီ ရေး လှုပ်ရှား သူများ နှင့် တိဘက် လွတ်မြောက်ရေး
လှုပ် ရှားသူ များ က ရှီကျင့်ပင် ၏ ခရီး ကို အပြင်း အထန် ကန့် ကွက် ကြသည်။
Related articles
- Obama greets China’s Xi with friendly words, firm stance (vancouversun.com)
- Obama: Strong relationship with China is “vital” (cbsnews.com)
မော်စီတုန်း နှင့် ရစ်ချတ် နစ်ဆင် ဂျင်မီကာတာ နှင့် တိန့် ရှောင်ဖိန် တိန့် ရှောင်ဖိန် တက္ကတက် ရောက် စဉ် က ဟွာကိုဖုန်း နှင့် အတူ အမှတ် တရ Cowboy အုပ်ထုပ် များဝယ် ယူ နေစဉ် တိန့် ရှောင် ဖိန် နှင့် ဂျင်မီကာတာ ချုအင်လိုင်း နှင့် ရစ်ချတ် နစ်ဆင်








