အကျဉ်းသား ရာ နဲ့  ချီ သေဆုံး တဲ့ ထောင်မီးလောင် မှု ကြောင့် ဟွန်ဒူးရပ်(စ) မှာ မငြိမ်မသက် မှု တွေ ဖြစ်

လက်တင် အမေရိက နိုင်ငံ တစ်ခုဖြစ်သည့် ဟွန်ဒူးရပ်(စ) နိုင်ငံ ရှိ ကိုမာယာဂွာ အကျဉ်းထောင် မီးလောင်
မှု ကြောင့် အကျဉ်း သား ၃၅၀ ကျော် သေဆုံး ခဲ့ ရာ အကျဉ်း သား များ ၏ ကျန်ရစ် သူ ဆွေးမျိုးမိသားစုများ၊
လူ့  အခွင့် အရေး လှုပ်ရှား သူများ နှင့် နိုင်ငံရေး သမား များ က အစိုးရ ကို ပြစ်တင် ဝေဖန် ကန့် ကွက် မှုများ
ကြောင့် နိုင်ငံ မှာ စိုးရိမ် စရာ ဖြစ်နေသည် ဟု ဂါးဒီးယန်း သတင်း တွင် ဖော်ပြထား သည်။

အင်္ဂါ နေ့  ညနက် ပိုင်းကတည်း က စတင် လောင်ကျွမ်းခဲ့ သည့် မီးကြောင့် သေဆုံး သူ အကျဉ်းသား ၃၇၀
ကျော် ရှိ သွား ပြီ ဟု ဟွန်ဒူးရပ်(စ) မှ လာသည့် AP သတင်း တွင် ဖော်ပြထားသည်။အကျဉ်းသား ၈၀၀၀
ဆန့် သည့် ထောင် တွင် အကျဉ်းသား ၁၃၀၀၀ ကျော် ထည့်သွင်းထား မှု ကြောင့် မီးလောင်ကျွမ်းမှု တွင်
အသက် ဆုံးရှုံး မှု ပို ဖြစ်ရသည် ဟု တက်ကြွ လှုပ်ရှား သူများ က ဝေဖန် ထောက် ပြ ကြသည်။

အကျဉ်းထောင် မီးလောင် ချိန် တွင် အကျဉ်းသား များ ထား ရှိ ရာ အဆောင်များ မှ သော့ ကို မီးသတ်တပ်
ဖွဲ့  က ရှာ မတွေ့  ခြင်း ကြောင့် အကျဉ်းသား များ ကို အချိန် မှီ ကယ် မ ထုတ် နိုင်ခဲ့ ဟု ကိုမာယာဂွာ မြို့ မှ
မီးသတ် တပ် ဖွဲ့ မှုး ဟိုဆေး ဂါဆီယာ က AP သတင်း ဌာန ကို ပြောသည်။

အကျဉ်းထောင် သည် မြို့ တော် တီဂူဆီလာ ပါ ၏ မြောက် ဘက် ကီလိုမီတာ ၇၀ ခန့် အကွာ တွင် ပါရှိ ပြီး
သေဆုံး သူများ ထဲ တွင် ထောင် မှ လွတ်မြောက်ရန် ၂၄ နာရီ မှာ သီတင်း တစ်ပတ် ခန့် သာ လိုတော့
သည် သူ အနည်း ဆုံး ၃၀ ကျော် ခန့်  ပါ ၀င်သည်။

ယနေ့ မီးလောင် သည့် အကျဉ်းထောင်မှာ
ယခင် က လည်း မီးလောင်မှု နှင့် ထောင်အုံ
ကြွမှု များ ဖြစ်ပွားခဲ့ရာ အကျဉ်းသား ရာ ချီ
သေဆုံး ခဲ့ မှု များ ရှိ သည်။

ဟွန်ဒူးရပ်(စ)သမ္မတ ပေါ်ဖီရီယို လိုဘို ဆိုဆာ က
“သေဆုံး မှု များ အတွက် ၀မ်းနည်း စကား ဆိုခဲ့ြ့ပီး
အစိုးရ အဖွဲ့  အရေး ပေါ် အစည်း အဝေး ခေါ်ကာ
သေဆုံး မှု များ အတွက် စုံစမ်း စစ်ဆေးရေး ကော်
မရှင် ကို ဖွဲ့  စည်း ခဲ့ သည်။

အခင်းဖြစ်ပွား ခဲ့ သည် ကိုမာယာဂွာ ထောင်ပိုင် နှင့်
ဟွန်ဒူးရပ်(စ) အကျဉ်းထောင် ညွှန်ကြားရေး မှုး ကို လည်း ရာထူးတာဝန်များ မှ ရပ်စဲ လိုက်သည်။

ဟွန်ဒူးရပ်(စ) နိုင်ငံ ၏ လူ့  အခွင့် အရေး လှုပ်ရှား
သူ Germán Enamorado က အကျဉ်းထောင် လုံခြုံရေး တပ် ဖွဲ့  သည် မီးလောင်မှု ကြောင့် ထွက် ပြေးသည့်
အကျဉ်း သားများ ကို ပစ်ခတ် မှု ကြောင့်သေဆုံး ခဲ့ မှု များ ရှိ သည် ဟု စွပ် ဆွဲ မှု များ ရှိ သည်။

မီးလောင် ချိန် တွင် ပြင်ပရှိ ကူညီ ကယ်ဆယ် ရေး ၀န်ထမ်း များ သည် လည်း လာရောက် ရန် နောက်
ကျခဲ့ သည်။

ဟွန်ဒူရပ်(စ) နိုင်ငံ ၏ အကျဉ်းထောင် ၂၄ ခု စလုံး မှာ ရာဇ၀တ်မှု ဆိုင် ရာ တက္ကသိုလ် များ ဖြစ်သည်ဟု
ထို နိုင်ငံ ၏ လူသတ်မှု နှင့် ရာဇ၀တ် မှု နှုန်း မြင့် မား နေသည့် အချက် ကို မီဒီယာ များ က ထောက် ပြပြီး
ပြော ဆိုကြသည်။

honduras prison fire