ဆီးရီးယား နိုင်ငံ အရေး နဲ့  ပတ်သက်ပြီး ဒီနေ့ ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ မှာ
တစ်ခဲ နက်တည်း ဆုံးဖြတ် ချက် ချလိုက် နိုင်ပြီ ဖြစ်ပါတယ်။ ဒီဆုံးဖြတ် ချက် ဟာ ဆီးရီးယား
နိုင်ငံ တွင်း မှာ အစိုးရ တပ် ဖွဲ့  တွေ ရဲ့  ဆန္ဒပြသူ တွေ တိုက်ခိုက် သတ်ဖြတ် နေတာ တွေ ရပ်
တန့် ဖို့  ၊ ဆီးရီးယား သမ္မတ ဘာရှား အယ်(လ) အာဆဒ် ရာထူး က ထွက် ခွာ ပေး ဖို့  နဲ့  လူ့ 
အခွင့် အရေး နဲ့  လူ့ ဂုဏ် သိက္ခာ ချိုးဖောက် မှု တွေ ကို ချက် ခြင်း ရပ် စဲ ပေး ဖို့  စတဲ့ ဆုံးဖြတ်
ချက် တွေ ပါဝင် ပါတယ်။
ကုလသမဂ္ဂ အထွေထွေညီလာခံ မှာ ဒီနေ့ တက်ရောက်လာလာတဲ့ အဖွဲ့  ၀င် ၁၃၇ နိုင်ငံ ရှိတဲ့
အထဲ က ၁၂ နိုင်ငံ က ဆန့် ကျင် ခဲ့ ပြီး ၁၇ နိုင်ငံ က မဲ မပေး ဘဲ နေခဲ့ ပါတယ်။
ကုလ သမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး Susan E. Rice က ” ဆီးရီးယား ကို တစ်
ကမ္ဘာ လုံး က ရှင်းလင်း တဲ့ အမှာ စကား ပါလိုက် ပြီ ဖြစ်ပါတယ်။ ဆီးရီးယား ပြည်သူ တွေ
နဲ့  ကမ္ဘာကြီး က အတူ ရှိ နေတယ် ဆို တာ ပါပဲ ” ဟု CNN သတင်း ဌာန ကို ပြော သည်။
ဆီးရီးယား အစိုးရ လုံခြုံရေး တပ်ဖွဲ့  ကဆန္ဒပြ သူ တွေ ကို ဆက်လက် နှိပ်ကွပ် နေဆဲ့ ဖြစ်
ပြီး နာမည် ကျော် ဆီးရီးယား ဘလောက်ဂါ Razan Ghazzawi ၊ လူ့  အခွင့် အရေး လှုပ်
ရှား သူ Mazen Darwish ရဲ့  ဇနီး နဲ့  အခြား တက်ကြွ သူ ၂၀ ခန့်  ကို မနေ့  က ဖမ်းဆီး}
ထား ပါတယ်။
ဆီးရီးယား နိုင်ငံ ကို လုံခြုံရေး ကောင်စီ က ဆုံး ဖြတ် ချက် ချ နိုင် ဖို့  အတွက် ပြင်သစ် နိုင် ငံ
ခြားရေး ၀န်ကြီး အလန် ယပ်ပီ ရုရှား နဲ့  တရုတ် တို့  ကို စည်း ရုံး ပြီး ဆက် လှုပ် ရှား သွား အုံး
မယ် လို့  ဆို ပါတယ်။
ကုလ ညီလာခံ ရဲ့  ဒီနေ့ ဆုံးဖြတ်ချက်မှာ အာရပ် အဖွဲ့ ချုပ် ရဲ့  အစီအစဉ် တွေ ဖြစ်တဲ့ ဆီးရီးယား
မှာ ငြိမ်းချမ်းရေး ထိမ်းသိမ်း ရေး တပ် ဖွဲ့  စေလွှတ် ဖို့  တွေ ကို ပါ ထောက်ခံ ဖို့  တွေ ပါဝင်ပါ
တယ်။
ဆီးရီးယား သမ္မတ ဘာရှား အယ်(လ) အာဆဒ် က တော့ နိုင်ငံ တွင်းမှာ ဆန္ဒ ခံ ယူပွဲ လုပ်မယ်
လို့  မနေ့  က သတင်း မီဒီယာ တွေ ကို ပြောခဲ့ ပါတယ်။

