ဗြိတိန် နာမည် ကျော် သူရိယ သတင်း စာ ကို အသွင်သစ် ဖြစ်တွေ့ ရမည်

တယ်လီဖုန်း ကြားဖြတ် နားထောင်မှု ၊  တရား မ၀င် ကြား ဖြတ် အသံဖမ်း ယူမှု တွေ မှာ တာဝန်ရှိ
တယ် ဆိုတဲ့ အမှု နဲ့  ပတ် သက်ပြီး စုံစမ်း စစ်ဆေး ချိန် အတွင်းမှာ ၂၀၁၁ ခုနှစ် ဇူလိုင် လ ကတည်း
က ရပ်နား ခဲ့ တဲ့ မီဒီယာ သူဌေးကြီး ရူးပတ် မားဒေါ့ ရဲ့  ပိုင်ဆိုင်မှု တွေ ထဲ က တစ်ခု ဖြစ်တဲ့
News International
သတင်းစာ ကို The Sun အဖြစ် အစား ထိုး ပြီး ပြန်လည် ထုတ်ဝေမယ်
လို့  Fox News ၊ Wall Street ဂျာနယ် စတဲ့ နာမည် ကျော် သတင်း နဲ  ရုပ်သံ မီဒီယာ တွေ ကို
ပိုင် ဆိုင် တဲ့ မီဒီယာ သူ ဌေးကြီး ရူးပတ် မားဒေါ့ က သတင်း ထုတ် ပြန်ထား ပါတယ်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့ က The Sun သတင်းစာ ၏ အကြီးတန်း သတင်းထောက် ၅ ဦး တယ်လီ
ဖုန်း ကြား ဖြတ် နား ထောင် မှု များ ဖြင့်  ရဲတပ် ဖွဲ့  က ဖမ်းဆီး မှု ပြု ခဲ့ ပြီး နောက် မားဒေါ့ က News
International ကို အသွင် ပြောင်း ထုတ်ဝေဖို့  စီစဉ် ခဲ့ ပါတယ်။

The Sun ရဲ့  အယ်ဒီတာ ချုပ် ဟောင်  နဲ့   News International ရဲ့  အကြီး အကဲဟောင်း ဖြစ်သူ
ရေဘက်ကာ ဘရော့ ကို ပြီး ခဲ့ တဲ့ နှစ် က တယ်လီဖုန်း ခိုးနား ထောင် မှု နဲ့  ဖမ်းဆီး ခဲ့ ပြီး နောက်
အာမခံ နဲ့  ပြန်လွှတ်ခဲ့ ပါတယ်။

The Sun သတင်းစာ ဟာ ရူးပတ် မားဒေါ့ ရဲ့  News International လက်အောက်က ထုတ်ဝေတဲ့
ဗြိတိသျှ နာမည် ကျော် သတင်းစာ လေး စောင် အနက် က တစ်စောင် ဖြစ်ပြီး နေ့ စဉ် စာဖတ် သူ
၇.၇ သန်း ကို ပိုင် ဆိုင် ထား ပါတယ်။

The Sun သတင်းစာ ဟာ နိုင်ငံ ရေး အရ အရောင် ပြောင်းမှု ရှိ ပြီး ၊ အညှီအဟောက် သတင်း တွေ
ကို ဦးစား ပေး ဖော်ပြ တယ် လို့  ရှေးရိုးစွဲ ၀ါဒီ တွေ က စွပ် ဆွဲ ကြပါတယ်။