မွဲတေနေတဲ့ ဂရိ ကို ယူရိုဇုန် က ဒေါ်လာ ၁၇၀ ဘီလျှံ ထပ်ကူညီ

ဥရောပ သမဂ္ဂ ဘဏ္ဍာရေး ၀န်ကြီး တွေ က ဂရိ နိုင်ငံ ရဲ့  ကြွေးမြီ အခက် အခဲ ကို ကယ် တင် ဖို့ 
ဒုတိယ အကြိမ် ဒေါ်လာ ၁၇၀ ဘီလျှံ ( ယူရို ၁၃၀ ဘီလျှံ ) ကို ထပ်မံ အတည်ပြု လိုက် ပြီ ဖြစ်
ပါတယ်။

အဖွဲ့  ၁၇ နိုင်ငံ ပါရှိ တဲ့ ဥရောပ သမဂ္ဂ ထဲ က စီးပွားရေး နဲနဲ အင်အား ကောင်း တဲ့ နိုင်ငံ တွေ ပါ
တဲ့ Eurozone အဖွဲ့  က ဂရိ နိုင်ငံ ကို ထပ်မံ ပိုက် ဆံ ထုတ်ပေး ဖို့  ဘရပ်ဆဲလ် မြို့ မှာ ရက်ပေါင်း
များ စွာ ဆွေး နွေး ပြီး နောက် မှာ သဘော တူညီမှု ရှိ သွားတာ ဖြစ်ပါတယ်။

ဂရိ အစိုး ရ ကလည်း ဒီချေး ငွေ ရ ဖို့  အတွက် ခြိုးခြံ ချွေတာ ရေး အစီ အစဥ နဲ့  အသုံး စရိတ် ဖြတ်
တောက်ရေး အစီအစဉ် တွေ ကို အကောင် အထည် ဖော်ခဲ့ ရတာ ဖြစ်ပါတယ်။

ကာလ ကြာရှည် နေတဲ့ ဂရိ စီးပွားရေး ကျဆင်းမှု ဟာ နက်ရှိုင်းလာ တာနဲ့  အမျှ ယူရိုဇုန် က ဒုတိယ
အကြိမ် ချေးငွေ မရ ရင် ဂရိအစိုးရ အနေ နဲ့  ပြည့်သူ့  ၀န်ထမ်း တွေ ကို လစာ ပေး ဖို့ မှာ တောင် အခက်
အခဲ ရှိ လာမှာ ဖြစ်ပါတယ်။