အရင်လိုပဲ ဘာမှ မထူး. . .

ချိုတူးဇော်၊         ၊ဟိုတနေ့က သတင်းလေးတပုဒ်မှာ ကျနော့်မိတ်ဆွေ ကိုမျိုးမင်း(မောင်မျိုးမင်း ရင်တွင်းဖြစ်) တယောက်
ခိုးကူးခွေတွေကြောင့် စိတ်ထိခိုက်ရလွန်းတဲ့အတွက် အကယ်ဒမီပေးပွဲကိုတောင်
မတက်တော့တဲ့အကြောင်း၊ နေပြည်တော်ဟိုတယ်တခုကပဲ လှည့်ပြန်သွားပါတယ်ဆိုတဲ့အကြောင်း
လေး ဖတ်လိုက်ရလေတယ်။

အဲဒီ အကယ်ဒမီပွဲ ကိစ္စကို သုံးသပ်ကြည့်မယ်ဆိုရင်. . ၀န်ကြီးက ရှည်လျားထွေပြားစွာ နိုင်ငံတော်ရဲ့စေတနာ
ဆိုပြီး လူဝါးဝ စကားတွေပြော အမှန်က ကျနော်တို့ချွေးနည်းစာတွေထဲကတရားဝင်နည်းနဲ့ကော၊ တရားမ၀င်
နည်းနဲ့ကော သိန်းပေါင်းများစွာနှစ်စဉ် အဲဒီဝန်ကြီးဌာနက ဘတ်ဂျက်မှာ နည်းနည်းနှောနှောမဟုတ်ဘူးယူထားပါတယ်။
ကျနော်တို့ပိုက်ဆံတွေနဲ့ အခွန်အတုပ်ကောက်ယူထားပြီး ကျနော်တို့လောကမှာ ဖြစ်ပျက်နေတဲ့ မသမာဒုစရိုက်မှုကို
ကျတော့ မနှိမ်နှင်းပေးပါဘူး။ ခိုးမှုဟာ ရာဇ၀တ်ကြောင်းအရကို ပြစ်မှုမြောက်တဲ့ ရာဇ၀တ်မှုဖြစ်ပါတယ်။

ရန်ကုန်မြို့မှာ ခိုးကူးခွေတွေ ရောင်းဝယ်ဖေါက်ကားနေတာဟာရန်ကုန်တိုင်းဒေသကြီးအစိုးရ ရဲ့ တရားဥပဒေစိုးမိုးမှု
မရှိတာကို ပြ နေတာဖြစ်ပြီး၊ ဒါ အဲဒီ အစိုးရအုပ်ချုပ်မှုညံ့ဖျင်းကြောင်း သာဓကဖြစ်ပါတယ်။ ဒီကိစ္စကို ပြေလည်အောင်
မဖြေရှင်းပေးနိုင်ရင် အစိုးရဟာ နှုတ်ထွက်ပေးဖို့လိုပါတယ်။

ပြည်သူလူထုအနေနဲ့ ရွေးကောက်ပွဲကို စောင့်စရာမလိုပါဘူး။ အချိန်မရွေး ကန့်ကွက် ဖြုတ်ချပိုင်ခွင့်ရှိရပါမယ်။
မရှိရင် ဒီမိုကရေစီစနစ်မဟုတ်ဘူး။ အတုအယောင် ဒီမိုကရေစီစနစ်ပါ။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေနဲ့ မဆိုင်ဘူး
ဆိုရင်တော့ ပြည်ထောင်စုအစိုးရဆိုတဲ့ နေပြည်တော်အစိုးရအဖွဲ့ရဲ့ တာဝန်ဖြစ်ပါတယ်။
ဘာပဲပြောပြော နေပြည်တော်အစိုးရအနေနဲ့ တိုင်းပြည်ရဲ့ ဘယ်နေရာ၊ ဘယ်ဒေသ ဘယ်အစိတ်အပိုင်းမှာမဆို
တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေပြီး ခုလို ရာဇ၀တ်မှုတွေ ထူပြောနေတယ် ဆိုတာ သူတို့တာဝန်ယူဖြေရှင်းရမှာဖြစ်ပါတယ်။

ရုပ်ရှင်ဗီဒီယိုလုပ်ငန်းတွေကနေ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ တရားဝင်တောင်းယူထားတဲ့ အခွန်အခတွေကို
မနည်းပါဘူး။ နောက်ဆင်ဆာအဖွဲ့ညွှန်မှူးတွေ တကားချင်း စားပွဲခုံအောက်ကတောင်းတာတွေက သပ်သပ်ရှိပါသေးတယ်။
(တိတိကျကျ ပြောဆိုလည်း ပြောဖို့ အသင့်ရှိပါတယ်)။ ဒါ့အပြင် ရုပ်ရှင်လောကသားတွေဟာ အမြတ်ခွန်ကိုလည်း
သီးသန့်ဆောင်ရပါသေးတယ်။ ဒီတော့ “နိုင်ငံတော်” အနေနဲ့ နိုင်ငံတော် အနေနဲ့ ဆိုပြီး အဲဒီဝန်ကြီးက တနှစ်တနှစ်
ဘာတွေလုပ်ပေးတယ်၊ ညာတွေလုပ်ပေးတယ် လို့ပြောနေတာ အင်မတန်မှ လူဝါးဝ စကားတွေပြောနေတာလို့ပဲ
ကျနော်တော့ ထောက်ပြဝေဖန်လိုက်ပါရစေ။ တခြားစကားလုံးနဲ့ကို မတန်လို့ပါ။
ဟောဒီ ဟောလီးဝုဒ်က အော်စကာဆုပေးပွဲတွေကို ကြည့်ပါဦး၊ ဘယ်အစိုးရက ၀င်ပြီး ပါနေတာ၊ စွက်ဖက်နေတာ ရှိပါသလဲ။
ဘယ်ဝန်ကြီးက ၀င်စကားပြောတာမြင်ဖူးပါသလဲ။

လောကတခု တိုးတက်ဖို့ဆိုတာ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရဖို့ပဲလိုပါတယ်။ ကုန်သည်တွေပဲဖြစ်ဖြစ်၊ လယ်သမားပဲဖြစ်ဖြစ်၊
ရုပ်ရှင်လောကသားပဲဖြစ်ဖြစ် လူဆိုတာ ဘယ်သူမှ ကိုယ့်ထမင်းအိုးကိုယ် ရိုက်မခွဲပါဘူး။ ကိုယ့်အလုပ်တွေ ပိုကောင်းသထက်ကောင်းလာ
အောင် ပိုတိုးတက်ပိုမြင့်မားလာအောင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြိုးစားလာကြတာပါ။ လူ့ဘောင် လူ့လောကကြီးမှာ လူတွေဟာ
အဲဒီလိုနည်းနဲ့ပဲ တိုးတက်လာအောင် လုပ်ခဲ့ကြတာပါ။ ပြဿနာက အာဏာနဲ့ ခုလို ၀င်ရောက်စွက်ဖက် လိုအပ်သည်များကို
ညွှန်ကြားတတ်သူများကြီးစိုးနေတဲ့အခါ တလွဲတချော်တွေဖြစ်တတ်ပါတော့တယ်။ ကျနော်တို့မြန်မာ့ရုပ်ရှင်ဟာ လွန်ခဲ့တဲ့ရွှေခေတ်
ကာလမှာ အရှေ့တောင်အာရှမှာရှေ့ရောက်ခဲ့ပါတယ်။ ခုတော့ “နိုင်ငံတော်” ကြီး ပါကတည်းက ဘယ်လိုဖြစ်လာသလဲ ဆိုတာ
အားလုံးမြင်တဲ့အတိုင်းပါပဲ။

ဒီတော့ ကျနော်တခုပဲ ပြောချင်ပါတယ်။ တနှစ်တနှစ် စင်ပေါ်တက် သြ၀ါဒချွေ၊ ပြီးရင် တနင့်တပိုးစားထားတဲ့ အခွန်အတုပ်တွေကိုမှ
အားမနာ နိုင်ငံတော်ရဲ့စေတနာ ဆိုပြီး ပြောပြောနေတာ နားကြားပြင်းကပ်လွန်းလို့ဗျာ။
နောက် နိုင်ငံတော် အကြီးအကဲ ဆိုပြီး ကတော်တွေကအစသူတို့သားသမီးဘုစုခရု တန်းစီးပြီး ရှေ့ဆုံးမှာ နေရာယူလို့။
ဘယ်တိုင်းပြည်က ခေါင်းဆောင်တွေများ၊ ရုပ်ရှင်အကယ်ဒမီပွဲမှာ ရှေ့ဆုံးက အားအားလျားလျား ထိုင်နေတာ မြင်ဖူးပါသလဲ။

နောက် ကျန်ပါသေးသဗျာ. .အော့နှလုံးနာစရာအကောင်းဆုံးက အကယ်ဒမီဆုပေးပြီး တန်းစီပြီး အဲဒီ့နိုင်ငံတော် အကြီးအကဲ ဆိုတဲ့
လူကို လက်အုပ်ကလေးတွေ ချီပြီ ဂါရ၀ သွားပြရပါသေးသတဲ့။
ဒါတွေကို အဲလို လုပ်ရမယ်အောင့်မေ့လို့ လုပ်နေတာဆိုရင်. . .ကားပေါ်တက်ပြီး မြင်းလည်းမတွေ့၊ နွားလည်းမတွေ့ ဒီလှည်းဘယ်လို
ဆွဲသလဲမေးတဲ့ တောသားတွေလို ခင်ဗျားတို့ ဒီမိုကရေစီစနစ်နဲ့ ဈေးကွက်စီးပွားရေစနစ်ကိုဖေါ်ဆောင်တဲ့ အစိုးရ ၀န်ကြီးများ ဘယ်လို
နေ ဘယ်လိုထိုင်ရသလဲ ဆိုတာ နည်းနာလေးများယူ၊ အတုလေးများခိုးကြစေချင်တယ်။ အမြီးအမောက်မတည့်တာ မျက်စိကလော၊
နားကလောလွန်းလို့ပါ။

ပြောရရင် ကိုမျိုးမင်းရေ…ကျနော်ကတော့
ဘယ်တုန်းကမှ အဲဒီ အကယ်ဒမီ ပွဲဖိတ်စာကို ယူလည်း မယူ၊ တက်လည်းမတက်ခဲ့ပါဘူး။ လက်ထဲ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာ
တာတောင် မတက်ခဲ့ဘူး။ ကိုယ့်ကားလေးပါလို့ တက်ရင်ကောင်းမလား လို့ တွေဝေမိတာလည်း ခုနကပြောတာတွေ တွေးမိပြီး မတက်ရေးပဲဆုံးဖြတ်ခဲ့တယ်။
နောက်တခု အရေးကြီးတာပြောချင်ပါသေးတယ်။
ခင်ဗျားတို့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်အကြောင်းပြု “ခြံထဲကို အမေစု” လုပ်လို့ တမင်တကာကိုး ခိုးကူးတွေ ဖမ်းမပေးပဲ ဒဏ်ပေးတဲ့အနေနဲ့
ခင်ဗျားတို့စီးပွားပျက်အောင် ဖျက်တဲ့သဘော လို့မြင်ပါတယ်။ ဂီတလောကကြီးလည်း သူပုန်တွေများလို့ တမင် ဒီလို ဖျက်ခဲ့ပါရော။
ပြောရရင် အင်မတန်မှ စိတ်နှလုံးယုတ်ညံ့တဲ့ သူများ လက်နက်ကိုင် အုပ်ချုပ်နေဆဲပါပဲလား လို့ အဲဒီသတင်းလေးကို ဖတ်မိပြီး ပွားများ
ရပါကြောင်းဗျာ။

ချိုတူးဇော်

4 thoughts on “အရင်လိုပဲ ဘာမှ မထူး. . .

  1. မသိလို့ မေးမယ်ဗျာ မြန်မာကား ခိုးကူးခွေဆိုတဲ့အကြောင်းကို…………… ။ တစ်ခါတစ်လေ…… တချို့ ဇာတ်ကားတွေမှာပေါ့ဗျာ နိုင်ငံခြား ကားတွေကို ပြန် ကော်ပီချ ရိုက်ထားတယ်ဗျ။ နဂိုကတောင် ခိုးကူးပြန်ရိုက်နေရတာ………. ကျွန်တော်တို့ အခိုးခံရတယ် အခိုးခံရတယ် ဟစ်နေတာ တကယ်ကော သေချာလို့လားဗျာ

  2. မှန်တယ်ဗျ…ခိုးကူးတာတန်ဖိုးမထားတာပါ…တန်ဖိုးမထားတာတန်ဖိုးမရှိလို.ပါ..တန်ဖိုးမရှိတာကိုယ် ကိုယ်တိုင်က..သူများဟာ…ခိုးကူးခိုးဆိုလုပ်တာကိုး…အဲလိုဘာလို.လုပ်တာလဲဆိုတော….အခွန်ဆောင်ရတာများလို…..ရတာကြံပြီးလုပ်တာပါ…အခွန်ဘာလို့ဆောင်ရတာလဲဆိုတော့ တိုင်းပြည်ဘတ်ဂျက်မလောက်လို့ပါတိုင်းပြည်ဘတ်ဂျက်ဘာလို့မလောက်တာလဲဆိုတော.့အစိုးရကခိုးလို့ပါ့……ရှင်းပါတယ် အစိုး၇၀င်တေါမခိုးရင်ပြသနာရှင်းပါလိမ့်မယ်

  3. ခိုးကူးခွေပျောက်ချင်ရင် မူရင်းအခွေတွေကို အရင်ဈေးနှုန်းကျအောင်လုပ်ပါအုန်း … မြန်မာပြည်သူတွေဟာ ၀င်ငွေကောင်းတဲ့သူတွေမဟုတ်သလို မူရင်းဇာတ်ကားခွေကို ဈေးကြီးပေးပြီးဝယ်ရအောင်လည်း တတ်နိုင်တဲ့သူရှားပါတယ်… ကိုယ့်မြန်မာအခွေတွေကို တဒေါင့်တစ်နေရာကနေ အားပေးတာလို့ပဲ မြင်မိပါတယ် … အဓိကပြဿနာက မူရင်းခွေတွေကိုဈေးလျော့ရောင်းမလား… ပြည်သူတွေရဲ့ ၀င်ငွေတွေကို တိုးတက်လာအောင် လုပ်မလားဆိုတာပါပဲ … ပြည်သူတွေရဲ့ဝင်ငွေတိုးတက်အောင်လုပ်ဖို့ဆိုတာကတော့ မဖြစ်နိုင်သေးတဲ့အတွက် ဇာတ်လမ်းခွေတွေကို ဘယ်လို ဈေးနည်းနည်းနဲ့ရောင်းနိုင်အောင် လုပ်မလဲဆိုတာပဲ အရင်စဉ်းစားပါအုန်း

  4. First of all that is good post.
    But some of the point in this post make me feel a bit uncomfortable.
    Copy .. Yes.. there are tons of copy right CD , VCD or lots in Myanmar streets.
    And that make stressful and make difficult life for producer. I heard a few singer say
    ” Pls buy original ” That s should b the way.. and now one famous director say so..
    of course, who will like to be used their creation without getting anything. what i say getting is
    because end of the day, everybody need money for living.

    But who ppl shouting ” Don’t Buy Copy’ ” Don’t Buy Imitation”.
    But for who shouting , did they really support original at first?
    and why they don t mention about foreign Copy CD on the street?
    These are not creation? or they only buy original foreign movie?
    let it b. what about software they are using to create their movie or song?
    Are they really buy original? .

    from the politic view? why gov don t try to solve the matter but taxing lot amount?
    Honestly i don t know. but what i see is there are a lot of thing need to do in this moment
    in myanmar. Media is one of the important but not most.
    People who working in media field is living in better condition than other fields in myanmar.
    There are lots of poor people in Myanmar. A lot .. Some poor people dont know the meaning of Education , Health , of course, freedom as well as media.So.. .why dont you let them start from basic thing.. let poor ppl to eat first. let give them chance to go hospital when they need.

    So in this moment, why don’t we give time for them, gov , a bit more cos we already suffer a few decades . Let them settle which is most important and one by one .. I am sure one day when media people give money to Microsoft, some editing software company, all director, actor waring no imitation clothes, Next generation wouldn’t know the meaning of Myanmar copy cd.

    whenever i feel that country is not fair for me. I always try to read back this quote what Kennedy said once ‘”Ask not, what your country can do for you. Ask what, you can do for your country.”
    Take care.

Comments are closed.