ဆီးရီးယား နိုင်ငံ မှာ အနောက် နိုင်ငံ တွေ က နေ လာရောက် သတင်း ယူ တဲ့ သတင်းထောက် နှစ်ဦး
ဟာ ဒီနေ့  ဟွမ် မြို့  ပစ်သတ် ခံ လိုက် ရတယ် လို့  အယ်(လ) ဂျာဇီးယား သတင်း မှာ ဖော် ပြထား ပါတယ်။
တစ်ဆက် တည်းမှာ ပဲ ဆီးရီးယား အစိုး ရ တပ် က စစ်သား ၅၀၀ ထက် မနည်း ဟာ Free Syrian
Army နဲ့  ပူးပေါင်း ခဲ့ တယ် လို့  သတင်း ရရှိ ပါတယ်။
ပြီးခဲ့ တဲ့ အပတ် က နယူးယောက် တိုင်း သတင်း ထောက် အန်ထော်နီ ရှာဒစ် ပန်းနာ ရင်ကျပ် ရောဂါ
နဲ့  သေဆုံး ပြီး နောက်မှာ နောက်ထပ် သတင်း နှစ် ယောက် ထပ်မံ သေဆုံး ခဲ့ ခြင်း ဖြစ်ပါတယ်။
မနေ့ က ဆီးရီးယား နိုင်ငံ အနှံ မှာ ဆန္ဒပြ သူ တစ်ရာ ကျော် ကို အစိုးရ တပ် တွေ က ပစ်သတ် ခဲ့ ပြီး
အတိုက် အခံ တွေ အား ကောင်း တဲ့ ဟွမ်မြို့ ကို ၀ိုင်းပတ် ပိတ် ဆို့  ပြီး ဆက် လက် တိုက် ခိုက် နေတာ
ကြောင့် မြို့ မှာ သောက်သုံးရေ နဲ့  စားနပ် ရိက္ခာ တွေ ပြတ် လပ် နေ ပြီ ဖြစ်ပါတယ်။
သေဆုံး သွား တဲ့ ဂျာနယ် လစ် နှစ် ဦး အနက် တစ်ဦး ကတော့ လန်ဒန် ဆန်ဒေးတိုင်း သတင်းစာ
တိုက် က မေရီ ကော်ဗင် ဖြစပါတယ်။ သူ ဟာ နယူးယောက် မှာ မွေးတဲ့ အမေရိကန် ဂျာနယ် လစ်
တစ်ဦး ဖြစ်ပြီး သူ နဲ့  အတူ ရော့ကတ် ထိမှန် သေဆုံး ခဲ့ သူ ကတော့ ပြင်သစ် ဓာတ်ပုံ သတင်း ထောက်
Rémi Ochlik ဖြစ်ပါတယ်။
Related articles
- ဆီးရီးယား စစ်သား တွေ ဘက်ပြောင်း တာများ လာလို့ လစ်ဗျား ပုံစံ ဖြစ်လာ (freedomnewsgroup.com)
- ကဒါဖီ ဘယ်လို သေဆုံး ခဲ့ သလဲ (ဇာတ်သိမ်း) (freedomnewsgroup.com)
- ရုရှား နိုင်ငံ အနှံ လူထု အုံကြွမှု တွေ စပြီ (freedomnewsgroup.com)
