အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ၏ မဲဆွယ် စည်းရုံးရေး ခရီးစဉ် အရ ကချင် ပြည်နယ် မြစ်ကြီး
နား မြို့  လေဆိပ် သို့ ယနေ့ နံနက် ၁၁း၅၀ အချိန် တွင် ရောက် ရှိ သွား သည့် ဒေါ်အောင်ဆန်း
စုကြည် အား မြစ်ကြီး နား မြို့ ခံ များ က လေဆိပ် မှ အထွက် မှာ ပင် သောင်းသောင်း ဖျဖျ လာ
ရောက် ကြို ဆို သည် ဟု FNG မှ သတင်း ရရှိ သည်။
ဒေါ်အောင်ဆန်း စုကြည်သည် ယနေ့ မိုးကောင်း မြို့  သို့  ဆက်လက် ထွက် ခွာ သွားပြီ ဖြစ်ပြီး မနက်
ဖြန် တွင် မြစ်ကြီး နား မြို့ တွင် ဒေသခံ ပြည်သူ လူထု နှင့် တွေ့ ဆုံ ဟော ပြော မည် ဟု သတင်းရရှိ
သည်။
ဒေါ်အောင်ဆန်း စုကြည်သည် ရန်ကုန် နိုင်ငံ တကာ လေဆိပ် မှာ နေ ၍ နံနက် ၈ နာရီ တွင် လေ
ယာဉ် ဖြင့် မြစ်ကြီးနား မြို့  သို့ ထွက် ခွာ သွား ခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်း စုကြည် ကချင် ခေါင်းဆောင် များ နှင့် တွေ့ ဆုံမည် ဖြစ်သည်။
၈၈ မျိုးဆက် အဖွဲ့ မှ ကျောင်းသား ခေါင်းဆောင် များ သည် လည်း ယနေ့ နေ့ လည်
၁ နာရီ ၄၅ မိနစ် လေယာဉ် ဖြင့် မြစ်ကြီးနား မြို့  သို့ ဆက်လက် ထွက် ခွာ သွား ပြီ ဖြစ်
ပါသည်။
မြစ်ကြီးနား မှ နမ္မတီး သို့  လိုက်ပါ ပို့ ဆောင် သည့် ဒေသခံ များ ၏ ကား စီးရေ ၁၀၀
ကျော် ရှိ သည် ဟု သိရသည်။
ဆားမှော် နှင့် ဟိုပင် မြို့ နယ် မှ ပြည်သူများ က ဒေါ်အောင်ဆန်းစုကြည်ကို မိုးကောင်း
မြို့ နယ် တွင် လာရောက် ကြိုဆိုကြသည်။ ဒေါ်အောင်ဆန်း စုကြည် သည် နမ္မတီး မြို့ 
သို့  ယခု ရောက်ရှိ သွား ပြီ ဖြစ်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်က နမ္မတီး မြို့တွင် ပြည်သူ လူထု ကို ပြောသည့် မိန့် ခွန်း ဉ်
ဒီမိုကရေစီ ပြုပြင် ပြောင်း လဲ ရေး တွင် သမ္မတကြီး ပါ ပါဝင် လာ ခြင်း အတွက် အထူး
ကောင်း မွန် ကြောင်း ပြော ဆို ခဲ့ သည်။
ဒေါ်အောင်ဆန်းစုကြည် သည် ယနေ့  ည ၁၀ နာရီ တွင် မြစ်ကြီးနား မြို့  မဂျွယ်ခန်းမ
တွင် ကချင် ပြည်နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် မှ ပြု လုပ် သည့် ညစာ စား
ပွဲ ကို တက်ရောက် ခဲ့ ရာ အဆိုပါ ညစာ စား ပွဲ သို့  ပင်လုံစာ ချုပ် ချုပ် ဆို မှု တွင် ပါ
ဝင် ခဲ့ သည့် ကချင် တိုင်း ရင်း သား ခေါင်းဆောင် များ လည်း တက်ရောက် သည် ဟု
မြစ်ကြီးနား မြို့ နယ် အမျိုးသား ဒီမို ကရေစီ အဖွဲ့ ချုပ် မှ ပြောသည်။
ထပ်မံ တိုးတက်ဖြစ်ထွန်း သည့် သတင်းများ ကို အချိန် နှင့် တပြေးညီ တင်ဆက် ပေး မည်ဖြစ်ပါသည်။
Photo Credit : Kyaw Swar Shein : AFP : Demo Waiyan

















သတင်းတွေအတွက်ကျေးဇူးတင်ပါသည်။
ကိုမန်းရေ ..ခင်ဗျားလို ပြည်သူ့လွှတ်တော်ဥက္ကဌတယောက်တောင် ဆင်ဆာအဖွဲ့ကို မကျော်နိုင်သေးဘူးဆို
တော့ ပြည်တွင်းက ဂျာနယ်တွေအားလုံးကတော့ ဆိုဖွယ်ရာမရှိတော့ဘူးဗျ..ခင်ဗျားလိုပြည်သူ့လွှတ်တော်ဥက္ကဌ
တယောက်ပြောတာကိုဆင်ဆာဖြတ်တယ်ဆိုတာ ခင်ဗျားအတွက် တော်တော် ” ဒေါက်ပြုတ် ” တယ်ဗျာ..
ခင်ဗျားကို အကြံပေးချင်တာကတော့ စကားလုံးတွေနဲ့အပြောကတော့ ရွှေမန်း လုပ်မနေဘဲ ခင်ဗျားပြောတာကို
ဆင်ဆာဖြတ်တဲ့ ပြန်ကြားရေးက ကျော်ဆန်းကို အရင် ကျော်ကြည့်လိုက်ပါအုန်းဗျ …စောင့်ကြည့်နေမယ်နော်.