စနေ နေ့ က အာဖဂန် နစ္စတန် ပြည်ထဲရေးဌာန ကို ၀င်ရောက် တိုက်ခိုက်ခဲ့ တာ ဟာ သူ တို့ 
ရဲ့  လက်ချက် လို့  အာဖဂန် နစ္စတန် နိုင်ငံထဲ နဲ့  ပါကစ္စတန် နယ်စပ် မှာ လှုပ်ရှား နေ တဲ့ တာ
လီဘန် အဖွဲ့  က ပြော ဆို လိုက်ပါတယ်။
ဒီတိုက် ခိုက်မှု ကြောင့် ပြည်ထဲရေး ရုံး ထဲ မှာ ရှိ နေတဲ့ အာဖဂန် နစ္စတန် အစိုးရ အကြံပေး
အမေရိကန် အရာ ရှိ နှစ်ဦး ကျဆုံး ခဲ့ တယ် လို့  အာဖဂန် နစ္စတန် မှာ ရှိ တဲ့ နိုင်ငံ တကာ လုံ
ခြုံ မှု ဆိုင်ရာ အကူအညီ ပေး ရေး တပ် ဖွဲ့  က သတင်း ထုတ် ပြန် ပါတယ်။
ဗုဒ္ဓဟူနေ့  က အာဖဂန် နစ္စတန် မှာ ရှိ တဲ့ အမေရိကန် တပ် စခန်း တစ်ခု မှာ ကိုရန်အန် ကျမ်း
ကို မီးရှို့ ခဲ့ မှု ဖြစ်ပွား ပြီး နောက် နိုင်ငံ ငံ တလွှား မှာ အဓိ ကရုဏ်း တွေ ဖြစ်ပွား ခဲ့ ရာ မှာ
သေဆုံး သူ အနည်း ဆုံး ၂၀ ရှိ ခဲ့ တယ် လို့  အစိုးရ က ပြောပါတယ်။
အမေရိကန် သမ္မတ အိုဘာမား နဲ့  ကာကွယ်ရေး ဌာန အကြီး အကဲ တို့  က ဒီ မီးရှို့ မှု နဲ့  ပတ်
သက်ပြီး တောင်း ပန် မှု ပြု ခဲ့ ကာ ဆက်လက်ပြီး စုံစမ်း စစ်ဆေး မှု တွေ ပြု သွား မယ် လို့  လဲ
ဆို ပါတယ်။
ပြည်ထဲရေး ရုံး ကို တိုက် ခိုက်မှုမှာ အမေရိကန် စစ်တပ် က ဗိုလ်မှုးကြီး တစ်ဦး နဲ့  ဗိုလ်မှုး
အဆင့် ရှိ သူ နှစ်ဦး သေဆုံး ခဲ့ တာ ဖြစ်ပါတယ်။
နိုင်ငံ တကာ မှာ ဖြစ်ပွာ နေ တဲ့ အုံ ကြွမှု တွေ ကြောင် နေတိုး (NATO) နဲ့  အိုင်ဆဖ်(ISAF)
ရုံးခန်း တွေ နဲ့  စစ်ဆင်မှု ကွပ်ကဲရေး စစ်ဦးစီးချုပ် ရုံး တွေ လည်း ပိတ်ထား ရပါတယ်။
နိုင်ငံ အနောက် မြောက် ပိုင်း က ဟီရတ် မြို့  မှာ တော့ ဆန္ဒပြ သူ တွေ ဟာ အမေရိကန် ကောင်
စစ်ဝန် ရုံး ကို ၀င်ရောက် ဖို့  ကြိုး စား ခဲ့ ပြီး ကဘူး နဲ့  ကန်ဒါဟာ မြို့  တွေ မှာ တော့ ကုလသမဂ္ဂ
ရုံး တွေ နဲ့  အစိုးရ ရုံး တွေ တိုက်ခိုက် ခံ ခဲ့ ရပါတယ်။
ပြည်ထဲရေး ၀န်ကြီး ဌာန ကို တိုက်ခိုက် မှု မှာ အစွန်းရောက် သေနတ် သမား သုံး ဦး က အာဖဂန်
နစ္စတန် စစ်တပ် အရာ ရှိ တွေ လို ၀တ်ဆင် ထား ပြီး ရုံးထဲ ကို ၀င်ရောက် ခဲ့ ကာ အားလုံ့း ပြန်
လည် လွတ်မြောက် သွား တယ် လို့  ဆိုပါတယ်။
Related articles
- အမေရိကန်လုပ် F-35 တိုက်လေယာဉ် (၄၂) စီးအား ဂျပန်နိုင်ငံမှဝယ်ယူ (freedomnewsgroup.com)
