နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့  တွေ ဆီးရီးယား နိုင်ငံ ထဲ ၀င်ပြီး ထိရောက် တဲ့ ကူညီမှု တွေ လုပ်
လို့  မရအောင် အနှောင့်အယှက် တွေ ရှိ နေ ဆဲ ပဲ လို့  နိုင်ငံတကာ ကြက်ခြေ နီ အဖွဲ့  က ဒီကနေ့ 
သတင်း ထုတ် ပြန် လိုက်ပါတယ်။
ဆီးရီးယား အစိုး ရ က အတိုက်အခံ တွေ အားကောင်းတဲ့ ဟွမ် မြို့ မှာ ဆက် လက် ပြီး ဗုံးကြဲ တိုက်
ခတ် မှု တွေ နဲ့  တစ်အိမ်တစ်ဆင်း ပစ်ခတ် ဖမ်းဆီး မှု တွေ လုပ် နေ တဲ့ အတွက် ကူညီ ရဲ့  အဖွဲ့ 
တွေ ဟာ ပြီး ခဲ့ တဲ့ ရက် တွေ က ဒဏ်ရာ ရ ရှိ ထား တဲ့ သူ တွေ ကို မကူညီ နိုင် ဘူး ဖြစ် နေဆဲ
ဖြစ်ပါတယ်။
ဆီးရီးယား အစိုးရ နဲ လူသား ချင်း စာနာ တဲ့ အထောက်အပံ့ နဲ့  ကူညီ ကယ်ဆယ် ရေး လုပ် ငန်း
တွေ အတွက် ဆွေးနွေး မှု တွေ ဟာ သောင် မတင် ရေ မကျ အခြေ အနေ ရှိ နေဆဲ ဖြစ် ပြီး အရေး
ပေါ် ကယ်ဆယ် ရေး လုပ်ငန်း တွေ အတွက် အပစတ် အခတ် ရပ် စဲ ဖို့  လခြမ်း နီ နဲ့  ကြက် ခြေ နီက
တောင်း ပန် ထား တာ ကို ဆက် လက် ပစ်ခတ် နေဆဲ ဖြစ် ပါတယ်။
Bab Amr အရပ်မှာ ဆီးရီးယား အစိုးရ က ပစ်ခတ် ဖမ်း ဆီး မှု တွေ ကြောင့် သီတင်း တစ်ပတ် အတွင်း
လူ ၃၀၀ ခန့် သေဆုံး ခဲ့ တယ် လို့  ဆီးရီးယား တက်ကြွသူ တစ်ဦး ဖြစ်တဲ့ Nadir Husseini က Al Jazeera
သတင်း ဌာန ကို ပြောပါတယ်။
တူနီးရှား နိုင်ငံ မှာ ကျင်း ပခဲ့တဲ့ အမေရိကန် အပါ အ၀င် ဆီးရီးယား မိတ်ဆွေ နိုင်ငံ များ အစည်း အဝေး က
ဆီးရီးယား ပြည်သူ တွေ ကို အကူ အညီ ပေး ဖို့ နဲ့  ဆီးရီးယား နိုင်ငံ ရေး မှာ သမ္မတ အာဆဒ် မပါ
ဝင် ဘဲ အပြောင်း အလဲ ဖြစ်ဖို့  ဆွေးနွေး ခဲ့ ကြ ပေ မယ့် ဆီးရီးယား လက်နက် ကိုင် ခုခဲ တွေ ကို လက်
နက် ထောက်ပံ့ ဖို့  နဲ့  ဆီးရီးယား အစိုး ရ ကို ဖယ်ရှား ရေး မှာ စစ်ရေး အရ ၀င်ရောက် ဆွေး နွေး ဖို့ 
တွေ မပါ ဘူး လို့  ဆိုပါတယ်။
ဆီးရီးယား အစိုးရ က အခြေခံ ဥပဒေ အတွက် လူထုဆန္ဒ ခံယူ ပွဲ ကျင်းပမယ် ကြေငြာ ထား ပေမယ့်
ဆီးရီးယား အတိုက် အခံ တွေ ကတော့ ဒါဟာ တစ်နှစ် နီး ပါး ကြာပြီ ဖြစ်တဲ့ ဆီးရီးယား ပြည်သူ တွေ
ရဲ့  အုံကြွမှု အတွက် ကောင်း မွန် တဲ့ အဖြေ မဟုတ် ဘူး လို့  ဆိုပါတယ်။
ဒီနေ့  ထုတ်ဝေ တဲ့ အီရန် အစိုးရ အာဘော် တီဟီရန် တိုင်း(မ) သတင်း စာ က တော့ ဆီးရီးယား သူ ပုန်
တွေ ကို အနောက် နိုင်ငံ တွေ က လက်နက် ကူညီမှု တွေ ပြု နေတယ် လို့  ဖော်ပြ ထား ပါတယ်။
