မတ်လ ၆ ရက်နေ့ ရုရှား နိုင်ငံ ရဲ့  သမ္မတ ရွေးကောက်ပွဲ မှာ အခြေခံ ဥပဒေ ကို စိတ်ကြိုက် ပြင်
ဆင်ပြီး သမ္မတ အဖြစ် တစ်ကျော့ ပြန် ၀င်ရောက် အရွေးခံ မယ့် ဗလာဒီမာ ပူတင် ကို ဆန့် ကျင်
ကန့် ကွဲ သူ တွေ က မတ်လ ၅ ရက် နဲ့  ၆ ရက် နေ့  တွေ မှာ အလွှာ အသီးသီး က လူတန်း စား
တွေ ပါ ၀င် တဲ့ အထွေထွေ သပိတ် ကျင်း ပ ဖို့  နှိုးဆော် လိုက် ပြီ ဖြစ်ပါတယ်။
၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့ က ရုရှား နိုင်ငံ တွင် ကျင်းပခဲ့ သည့် ပါလီမန် ရွေးကောက် ပွဲ
ရလာဒ် ကို မကျေနပ် ၍ မော်စကို နှင့် စိန့် ပီတာ စဘတ် မြို့ အပါ အ၀င် ရုရှား မြို့  ပေါင်း ၃၀ ကျော်
ဉ် ပူတင် ဆန့် ကျင် ၍ ဆန္ဒပြ ပွဲ များ ကို ခြိမ့်ခြိမ့် သဲ ကျင်း ပ ပြီး နောက် ယခု ဆန္ဒပြ ပွဲ များ သည်
တစ်ကျော့ ပြန် ပေါ်ပေါက် လာခြင်း ဖြစ်သည်။
စနေ နေ့ နှင့် တနင်္ဂနွေ နေ့ က ရုရှား ပြည်သူများ က မော်စကို တွင် ပူ တင် ဆန့် ကျင် ရေး လက်
ချင်း ချိတ် တွဲ ပြီး ချီတက် သည့် Human Chain ဆန္ဒပြ ပွဲ များ ကို ကျင်းပ ခဲ့ ကြ သည်။
တစ်နိုင်ငံ လုံး မှ ပါဝင် သည့် လူထု အုံကြွ မှု စတင် နိုင် ရန် ထင်ရှား သည့် အတိုက် အခံ များ နှင့်
လူထု လှုပ်ရှား မှု အဖွဲ့  များ က ၎င်း တို့  ၏ လူမှု ကွန်ယက် များ မှ နှိုးဆော် ခြင်း ဖြစ်သည်။
ပူ တင် သည် ၂၀၀၀ ပြည့် နှစ် မေလ ၇ ရက်နေ့ မှ ၂၀၀၈ ခုနှစ် မေလ ၇ ရက် နေ့ အထိ သမ္မတ
အဖြစ် အာဏာယူ ခဲ့ ပြီး ၂၀၁၂ ရွေးကောက်ပွဲ တွင် ပြန် လည် အရွေးခံ နိုင်ရန် အတွက် ၀န်ကြီး
ချုပ် တာဝန် ကို လွှဲ ပြောင်း ရ ယူ ခဲ့ သည်။ ၂၀၁၂ ခုနှစ် မတ်လ ရွေးကောက် ပွဲ တွင် အနိုင်ရရှိ
ပါက ခြောက် နှစ် သက်တမ်း နှစ် ကြိမ် အတွက် ထပ်မံ အရွေး ခံ နိုင် ရ ကာ ၂၀၂၄ ခု နှစ် အတွက်
သမ္မတ တာ ၀န် ကို ထမ်းဆောင် နိုင်သည်။
၂၀၁၂ ခုနှစ် မတ်လ တွင် သမ္မတ ရွေးကောက် ပွဲ ကျင်း ပမည် ဖြစ်ရာ လက်ရှိ ၀န်ကြီးချုပ် ပူ တင်က
သမ္မတ နေရာ မှ ပါဝင် ယှဉ် ပြိုင် မည် ဖြစ် သည်။
ရုရှ ၀န်ကြီး ချုပ် ပူတင် က အနောက် အုပ် စု သည် နိုင်ငံ ကို မတည် မငြိမ် ဖြစ်အောင် လှုံ ဆော်
သည် ဟု စွပ် ဆွဲ ထား သည်။

Russia’s democratic Down-Top began to start together with Global Down-Top democratic movements but Burma is waiting for Junta Regime’s Top-Down movement.