မနေ့  က အော်စကာ ဆု ပေး ပွဲ မှာ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကား ဆု အပါ အ၀င် အဓိက ကျတဲ့
ဆုတွေ နဲ့  ထိပ်တန်း ရုပ်ရှင် ထူး ချွန် ဆု တွေ ကို ဆွတ် ခူး ခဲ့ တဲ့ The Artist ဇာတ်ကားမှာ အဂ္ဂီ
အဖြစ် သရုပ်ဆောင် ခဲ့ တဲ့ ခွေး ကလေး ဟာ ဒီဇာတ် ကား မတိုင် ခင် ကတည်း က mr fix it ၊
What’s Up Scarlett ၊ Wassup Rockers (၂၀၀၅)၊ Water for Elephants စတဲ့ ဇာတ်ကား
တွေ မှာ သရုပ်ဆောင်ခဲ့ ဖူး ပါတယ်။
အဂ္ဂီ ကို ရွှေ ကမ္ဘာလုံး ဆု ပေးပွဲ ၊ ကန်း(စ) ရုပ်ရှင် ပွဲတော် နဲ့  ၈၄ ကြိမ်မြောက် အော်စကာ ဆုပေး
ပွဲ မှာ Uggie the Dog ဆိုပြီး တရား ၀င် ဖိတ်ကြား ခဲ့ ပြီး သူ့  အတွက် Limousine မော်တော်
ကား အကောင်း စား ကြီး နဲ့  လည်း ကြို ဆို ခဲ့ ပါတယ်။ မေလ က ကျင်း ပခဲ့ တဲ့ Cannes ရုပ်ရှင်
ပွဲ တော်မှာ အဂ္ဂီ က Palm Dog Award လို့  ခေါ် တဲ့ ခွေးသရုပ် ဆောင် ထူး ချွန် ဆု ကို လည်း
ရရှိ ထား သူ ဖြစ် ပြီး Best Performance Animal လို တရိစ္ဆာန် ရုပ်ရှင် ထူး ချွန် ဆု တွေ ကို
လည်း ရရှိ ထား တဲ့ ခွေး ကလေး ဖြစ်ပါတယ်။
ခွေး ကလေး အဂ္ဂီ လို ပဲ ၁၉၂၉ ခုနှစ် မေလ မှာ ပထမ ဦးဆုံး ကျင်း ပခဲ့ တဲ့ ပထမ အကြိမ်မြောက်
အော်စကာဆု ပေး ပွဲ မှာ လည်း Rin Tin Tin ဆို တဲ့ ဂျာမန် သိုး ထိမ်း ခွေး ကလေး ဟာ အခု
လို ပဲ ဂုဏ်ပြု ခံ ခဲ့ ရ ပါတယ်။
The Artist နဲ့  နာမည် ကျော်လာတဲ့ ခွေး ကလေး အဂ္ဂီ ကို ကြော်ငြာ လုပ် ငန်း ရှင် တွေ က သရုပ်
ဆောင် ကြေး တိုး ပေး ပြီး ကမ်းလှမ်းထား မှု တွေ ရှိ ပေမယ့် သူ့  ရဲ့  သခင် က တော့ စီစစ် ပြီး မှ
လက် ခံ မယ် လို့  ဆို ပါတယ်။ တကယ်လို့  ရုပ်ရှင် ရိုက် မယ် ဆို ရင်တော့ အဂ္ဂီ ရဲ့  ကျန်းမာ ရေး
နဲ့  သင့် လျှော် မယ့် ကား တွေ မှာ သာ ပါဝင် သရုပ် ဆောင် စေ မှာ ဖြစ် ပြီး ဇာတ် ကား တစ်ခု
အတွက် သရုပ်ဆောင် ကြေး က ဒေါ်လာ တစ်သိန်း နီး ပါ ကျသင့် မှာ ဖြစ်တယ် လို့  ဆိုပါတယ်။
အဂ္ဂီ ဟာ The Artist ဇာတ် ကား မှာ သူ့  သခင် သရုပ်ဆောင် မင်းသား ဂျော့ဗယ်လင်တိုင် ကို
သစ္စာ ရှိ သူ အဖြစ် သရုပ်ဆောင်ခဲ့ ပါတယ်။















