ငြိမ်းချမ်းငြိမ်း
ငါစကား မပြောချင် ဘူး ၊ စကားလေး တစ်လုံးတောင် မပြောချင်ဘူး (I won’t talk! I won’t
say a word!) ဆိုသည့် စကားပြော စာသားဖြင့် အသံတိတ် ရုပ်ရှင် ကား များ ၏ ထုံးစံ အတိုင်း
သရုပ်ဆောင် ၏ စကားပြော ကို စာတန်း ဘုတ် ထိုး ပြီး ဖွင့် လှစ်သည်။
The Artist ဇာတ်ကား မှ မင်းသား ဂျော့ဗယ်လန်တင် (ယန်း ဒူဂျာဒင်) သည် ရုရှား တို့  ဖမ်းဆီးထား
ရာ မှ သူ၏ ခွေးကလေး ဂျက် (အဂ္ဂီ) အကူအညီ ဖြင့် ထွက်ပြေး လွတ်မြောက်လာ မှု နှင့် ရုပ်ရှင် ကား ကို စဖွင့်
ထားသည်။ ဇာတ်ကား မိတ်ဆက် နေ့  ဖြစ်သဖြင့် ဇာတ်ကား ပြီး တော့ သရုပ်ဆောင်များ က ပရိသတ်များ
ကို ထွက် ၍ နှုတ်ဆက်ရာ သူ့  ခွေးကလေး ဂျက် လည်း ပါသည်။ ဟောလိဝုဒ် ရုပ်ရှင် ပေါ်ဦးစ ၁၉၂၀
ပြည့်လွန် နှစ်များ ကို (၁၉၁၂ ခုနှစ် ဟောလိဝုဒ် ၏ ပထမ ဦးဆုံး စတူဒီယို Nestor ကို ဆောက်ပြီး
ချိန် ဖြစ်သည်) အခြေခံပြီး ရုပ်ရှင်ဇာတ်ကား ကို စတင် ခြင်း ဖြစ်သည်။
The Artist ရုပ်ရှင် ကား ကို ရုပ်ရှင် ပေါ်ဦးစက က ဇာတ်ကား များ အတိုင်း အဖြူ အမည်း ဖြစ်သာ
ပြပြီးခောတ်ဟောင်း က Aspect Ratio ဖြစ်သည့် 4:3ဖြစ် တင်ဆက်သည်။ ခောတ်ဟောင်းမင်း
သား ဂျော့ဗယ်လန် အဖြစ် သရုပ်ဆောင် သည့် ယန်း ဒူဂျာဒင်သည် ထို ခောတ်က ရုပ်ရှင် ရိုက်ကူး
မှု Frame Rate အတိုင်း (24 Fps) သရုပ်ဆောင် (ဆတ်ကော့ ဆတ်ကော့ ဖြင့်) ရသဖြင့် သရုပ်
ဆောင် ရ အတော်ပင် ခက်လှသည်။
ဇာတ်လမ်း ကို လည်း ခောတ်ဟောင်း က ဇာတလမ်းများ အတိုင်း ရယ်စေ ၊ မောစေ ၊ သဲထိတ်ရင်
ဖို ဖြစ်စေ ၊ ဇာတ်ပေါင်း ခန်းမှာ အား လုံး ပါစေ ဆိုသည့် ဇာတ်လမ်း မျိုး ပင် ပြန်လည် ရိုက်ကူး ခဲ့
သည်။
ဇာတ်လမ်း အစ မှာ အင် အသံတိတ် ခောတ်က ရုပ်ရှင် ရုံ များ အတိုင်း စင်အောက် မှ နေ၍ ဂီတ
တီးဝိုင်း ဖြင့် ပိတ်ကား တွင် ပြ နေသည့် ဇာတ်ကို ပံ့ပိုး ပေး ရသည့် သဘော ကို ဦးစွာ ထည့်သွင်း
ထား သည်။
ဂျော့ဗယ်လန်တင် ၏ ပွဲဦးထွက် ပြသသည့် ဇာတ်ကားသစ် ကို သတင်းထောက် များ က လာရောက် သတင်း
ယူကြ သလို ရုပ်ရှင် ရုံ မှ အထွက် တွင် မင်းသား ကို စောင့် နေသည့် ပရိသတ် များ လည်း ပါရှိ သည်။ ထို အထဲ
တွင် ဂျော့ဗယ်လန်တင် ကို ခရေဇီ ဖြစ်သည့် ပက်ပီ မီလာ ဆိုသည့် ကောင်မလေး လည်း ပါရှိ သည်။

ပက်ပီ မီလာ သည် မင်းသား ကို တွေ့ ရ အောင် လူကြားထဲ တိုးရင်း တိုးရင်း ဖြင့် အရှိန် လွန်ကာ ဂျော့ ဗယ်
လန်တင် အရှေ့  သို့  သူမ ၏ အနောက် က တွန်းလိုက် မှု ကြောင့် ရောက် ရှိ လာခဲ့ သည်။ အစ တွင် ရှက်နေ
သော် လည်း သူ မ နှစ် သက် သည့် မင်းသား ဖြစ် သောကြောင့် သတင်း ထောက် များ ၊ ပရိသတ်များ ရှေ့ တွင်
ခု လို နာမည် ကျော် မင်း သား နှင် အနီး ကပ် နေရခြင်း ကို သူ သဘော ကျလှသည်။
ဂျော့ဗယ်လန်တင် ကလည်း သတင်း ထောက် များ အရှေ့  မို့  ပရိသတ် ကို ချစ် သည့် အမူအယာ ပြလုပ်
ပြ ရာ တွင် သွက်သွက် လက်လက် ရှိ လှသည့် ပက်ပီ မီလာ က ပို အတင့် ရဲလာ ပြီး သတင်းထောက် တစ်
ယောက် က တစ်ခု ခု ပြော လိုက် သည် တွင် ပက်ပီ က မင်းသား ၏ ပါး ကို ရွှတ် ကနဲ နမ်းလိုက် သည်။
နောက်တစ်နေ့  သတင်းစာများ တွင် ဂျော့ဗယ်လန်တင် ၏ ပါး ကို နမ်း နေသည့် ပက်ပီ ၏ ပုံပါရှိလာခဲ့
သည်။ The Variety မဂ္ဂဇင်း တွင် မူ “ဘယ်သူ့ ကောင်မလေးလဲ” ဆိုသည့် စာလုံးမည်း ခေါင်းစီးကြီး ဖြင့်
ပါရှိလာ သည်။
ဇာတ်ကား လူသိများ အောင် လုပ်ချင် သိ ဆန္ဒရှိ သည် ထုတ်လုပ်သူက ဂျော့ဗယ်လန်တင် ၏ စတန့် ထွင်
မှု ကို သဘောမကျ။ သူ ၏ ဇနီး ဖြစ်သူ ဒေါရစ် (Penelope Ann Miller) ကလည်း သတင်းစာ ထဲ မှ
ပုံ ကို ကြည့် ပြီး လင်မယား အဆင် မပြေ ဖြစ်တော့ သည်။ ဒေါရစ် က သတင်း စာ ကို ကြည့် ပြီး ပက်ပီ
ကို ဘယ်သူ လဲ ဟု မေးမြန်း ပြီး နောက် စိတ်ကောက် ရာ တွင် စားသောက် စားပွဲ ကို တက် နေသည့်
ခွေးကလေး ဂျက်၏ သရုပ်ဆောင် မှု က ကောင်းလှသည်။
နောက်တစ်နေ့ တွင် ပက်ပီက သတင်းစာ ကို ကိုင်ပြီး Kinograph မှ ကတတ်သည့် အမျိုးသမီး သုံးကို
A German Affair ရုပ်ရှင် ဇာတ်ကား တွင် အရံ သရုပ်ဆောင် အဖြစ် ပါဝင်ရန် အစမ်း သရုပ်ဆောင်
မှု သို့  ရောက် ရှိ လာသည်။
ပက်ပီ ၏ ခြေထိုး အက ကို သရုပ်ဆောင် စီစစ်ရွေး ချယ်သူ က လည်း သဘောကျသည်။ ဂျော့ဗယ်လန်တင်
ရောက်လာတော့ သူက ပက်ပီ ကို ရွေးချယ်ရန် လိုလား မှု ကြောင့် အညတရ ကောင်မလေး မှာ
မှုန်နံ့ သာ ချယ်ကာ သစွာ ဖြင့် ငွေရောင် ပိတ်ကား ထက် သို့ ရောက်ရှိ လာ တော့ သည်။
ဂျော့ဗယ်လန်တင်က နာ မည် ကြီး နေသူ မို့  ပရိုဂျူဆာ တွေ မပရိုဂျူဆာ တွေ ကို သိပ်ဂရု မစိုက် ၊ သူ
ကိုယ်တိုင်လည်း သရုပ်ဆောင် အနုပညာ ကို သာ အလေးထား ပြီး ထုတ်လုပ် သူ မျက် နှာ ကို ကြည့်သူ
တစ်ယောက် မဟုတ် ။ A German Affair ရုပ်ရှင် ဇာတ်ကား ကို ရိုကိကူး ရာ တွင် ကပွဲ ခန်းမ ဉ် ပက်ပီ
နှင့် အမှတ် မထင် ဆုံစည်း ပြီး က ရသည့် အခန်း တွင် သူ ရင် တွေ ခုန် နေပြီး Scene 2 ကို Take 1 မှ
Take 5 အထိ ပြန် ရိုက်ကူး လိုက်ရသည်။
Kinograph စတူဒီယို ရှိ ဂျော့ဗယ်လင်တန် ၏ နားနေ ခန်း ဉ် တိုင်တွင် ချိတ်ထား သည့် ကုတ် အကျီင်္
ကို ပက်ပီမီလာ က ဂျော့ ဗယ်လင်တန် မရှိ ခိုက် ပွေ့ ဖက် ပြီး ကုတ် အကျီ လက်တစ်ဖက် မှ သူ့  လက်က
လေး ထိုးကာ ဂျော့ က သူ့ ကို ပွေ့ ဖက် သယောက် နှစ် ကိုယ့်တစ်စိတ် လုပ် ကြည့် သည်။ ဘယ်သူမှ မရှိ့
ခိုက် ဂျော့ ၏ အကျီင်္ ထဲ ကို ပွေ့ ဖက် ထား ရသည် မှာ ပက်ပီ ကြည် နူး လှပေသည်။ ( အော်စကာ ဆုပေး
ပွဲ ဉ် အကောင်းဆုံး သရုပ်ဆောင် မင်းသမီး အဖြစ် ပက်ပီ အဖြစ် သရုပ်ဆောင်သည့် Bérénice Bejo မှာ
ထိုဇာတ် ကွက် အပါ အ၀င် အခြား ဇာတ် ကွက် များ ဖြင့် အကောင်းဆုံး မင်းသမီး ဆု လျှာထား ခံရသည်)
ဂျော့ က တွေ့ သည့် အခါ သူ ၏ ကုတ် အကျီ င်္ဖြင့် ကြည်နူးနေသည့် ပက်ပီ မှာ ရှက်သွေးဖြာသွား ရ တော့
သည်။ ဂျော့က ပက်ပီ ကို ဆုံး မ သုံးသင် သည့် အနေဖြင့် ” မင်း ..မင်းသမီး ဖြစ်ချင် ရင် တခြား ဟာတွေ
ဘာမှ မလုပ် ဖို့  လိုတယ် ” ဟု ပြောခဲ့ သည်။ နောက် တော့ အိမ်တွင် စိတ်ကောက် နေသည့် သူ ၏ ဇနီး ဖြစ်
သူ အတွက် သူမှာ ထားသည့် စိန်ဆွဲကြိုး ကို ကလဖ်တန် က ၀ယ်ပြီး ပြန်လာ တော့ သူ က ထုတ် အကြည့်
တွင် ဂျော့ ကို တိတ်တ ခိုးချစ် နေသည့် ပက်ပီ စိတ်မကောင်း ဖြစ်သွား ရသည်။

ပက်ပီ မီလာ သည် တစ်ဖြည်းဖြည်း လူကြိုက် များ လာ သည့် မင်းသမီး တစ်လက် ဖြစ်လာ သည်။
တစ်ည သူ့  အိပ် မက် ထဲ တွင် သူ့  ပါးစပ် မှ စကား သံ တော့ မထွက် ဘဲ အရာ ၀တ္ထု များ က အသံထွက်
နေသည်။ အသံတိတ် ဇာတ်ကား မှ အသံ စတင် ထွက် ပေါ် လာခြင်း ဖြစ်သည်။ ဒါရိုက်တာ ဂျော့ ၏ အိပ်
မက် ကို တင် ပြ ပုံ မှာ သရုပ်မှန် လွန် (Surrealism) သဘော မျိုး တင် ဆက် နိုင်ပုံ မှာ စိတ် ကူးကောင်း
လှသည်။
အိပ်မက် က နိုးတော့ သူ တော်တော် တုန်လှုပ် သွား သည်။
အိပ်မက် နိမိတ် က နောက် တော့ အမှန် ဖြစ်လာ သည် ဟု ဆိုရမည်။
ရုပ်ရှင် ထုတ်လုပ် သူ ငွေရှင် ကြေးရှင် အယ်(လ)ဇင်မာ က မင်းသား ဂျော့ဗယ်လန်တင် ကို သူ ၏
ရုံး ခန်း ဉ် ခေါ်ပြောသည်။ စကား ပြောသည့် ခောတ်ကြီး ရောက် နေပြီ ဖြစ်ကြောင်း (The World is
talking)Kinograph ရုပ်ရှင် ကုမ္ပဏီ သည် အသံတိတ် ရုပ်ရှင် ကား များ ထုတ်လုပ် ရာ မှအသံထွက် ရုပ်ရှင်
ကား များ ထုတ်လုပ် တော့ မည်ဖြစ်ကြောင်း ခောတ်ဟောင်း က အသံတိတ်မင်းသား ဖြစ် သည့်
ဂျော့ဗယ်လန်တင် ကို မလို အပ်တော့ ကြောင်း မျက်နှာသစ် များ ၊ သွေးသစ်လူ သစ် များ ကို သာ
အလို ရှိ ကြောင်း ပြောပြီး သူ့ ကို မင်းသား အဖြစ်မှ ရပ်စဲ လိုက် သည်။
သူ အပြန်အထွက် တွင် သူ့ ကျေးဇူး ကြောင့် မထင် မရှား ဇာတ်ရံ အဖြစ် ပါရသည့် ပက်ပီမီလာ ၏ ပုံ
ကို Kinograph ရုပ်ရှင် ကုမ္ပဏီ က စင်တင် မင်းသမီး သစ် တစ်လက် အဖြစ် ကြော်ငြာ ထားရာ
မရွယ်ဘဲ နှင့်စော်ကဲ မင်းဖြစ်ခဲ့ ရသည့် ပက်ပီ ၏ ပုံ ကို ကြည့်ပြီး ဂျော့ဗယ်လန်တင် မှာ ရင်ထဲ ဆို့ နစ်
သွား ရသည်။
ဂျော့ အယ်(လ)ဇင်မာ ၏ ရုံးခန်း က ထွက် တော့ ပက်ပီ နှင့် ဆုံသည်။ ဂျော့ ကို မင်းသား အဖြစ်မှ
ရပ် စဲ လိုက် သည် ကို ပက်ပီ က မသိ။ ငါတို့  အသံထွက် ဇာတ်ကား မှာ အတူတူ သရုပ်ဆောင် လို့ 
ရပြီ စသည်ဖြင့် ကရားရေလွှတ် တတွတ် တွတ် ဖြင့် ပျော်ရွှင် စွာ ပြော သည်။
ဂျော့ က ပက်ပီ ပြောသမျှ ကို သာ ခေါင်းညိတ်ရင်း အဖြစ်မှန် ကို ထုတ် မပြောဖြစ်တော့ ။
စိတ်ညစ်ညစ် ဖြစ်နေသည့် ဂျော့ က အိမ်သို့  ပြန်ရောက်သည့် အခါ လည်း ဇနီး ဖြစ်သူ နှင့်
အဆင် မပြေ သူပိုင် ငွေ များ ဖြင့် Tear of Love အမည်ရှိ ရုပ်ရှင် ဇာတ်ကား ရိုက်ရာ ၀က်
ဝက် ကွဲ ရှုံးသည်။ သူ ၏ အသံတိတ် ဇာတ်ကား ရုံတင်ရက် တွင် ပက်ပီ မီလာ ၏ ဇာတ်ကား
အသံထွက် ဇာတ်ကား ရုံ တင်ရက် ဖြင့် တိုက် နေသဖြင့် သူ့ ဇာတ်ကား ကို ကြည့် မည့် သူ
မရှိ ၊ ပက်ပီ မီလာ က တော့ ဂျော့ ၏ ရုပ်ရှင် ကား ကို လာကြည့် ရှာ သည်။ ထိုဇာတ်ကား
ထဲ မှာ မင်းသမီး နော်မာ ကို ဂျော့ က ပြောသည့် ” နော်မာ နင့် ကို ငါ ဘယ်တော့ မချစ်ခဲ့
ဘူး ” ဆိုသည့် စကား ကို တွေ့ သည့် အခါ သူ့  ကို ပြေသည် ထင်ပြီး စိတ်မကောင်း ဖြစ်
မိသေးသည်။
ဇာတ်ကား ပြီးတော့ ဂျော့ အိမ်သို့  လိုက်သွား ပြီး Tear of Love ကို ပက်ပီက သူ့ ကြည့်
ခဲ့ကြောင်း ပြောသည့် အခါ သူ၏ ရုပ်ရှင် ကား အရှုံးပေါ် နေသဖြင့် ဂျော့ က စိတ်ညစ်ညစ်
ဖြင့်ြ့ပန် အမ်းငွေ လို ချင်သလား ဟု ပြောလိုက်သည် ရာ ဖေးမ ကူညီ လိုသည့် သဘော
ဖြင့် လာသည့် ပက်ပီ လည်း စိတ်နာနာဖြင့် ထွက်သွား သည်။
အင်တာဗျုး တစ်ခု တွင် ပက်ပီ က ပြောသည် ကို ကြားရပုံ နှင့် ဂျော့ က သူ၏ တစ်ဖက်သတ်
အမြင် များ ကြောင့် ပက်ပီ က သူ့  ကို ကျေး ဇူး ကန်းသည် ဟု ထင်မိသည်။
ရုပ်ရှင်ကား အရှုံးပေါ် မှု ကြောင့် မိန်းမ က ငြူစူသည်။ ဒေါရစ် က ဂျော့ ကို ဆွေးနွေး ရန် ပြော
သည့် အခါ ဂျော့ က မထုံ တက်သေး အမူ အယာ ဖြင့် နေပြ ၍ ဒေါရစ်က ” ငါ မပျော် တော့
ဘူး ဟု ပြောသည့် အခါ ဂျော့ က ” ငါတို့  အတွက် တော့ မပျော်ရွှင်ရတာ တွေ အများကြီးပဲ”
ဟု ပြန် ပြောခဲ့ သည်။
The Artist ဇာတ်ကား သည် အသံတိတ် ဇာတ်ကား ဖြစ်၍ ဒိုင်ယာလော့ အနည်းငယ် သာ
ပါသော်လည်း စကားပြောခန်း အချို့ မှာ နိုင်ငံရေး သရော် ကွက် များ ဖြစ်သည်။
စတူဒီယို ထဲ ဉ် နပိုလီယန် ခောတ်က ဇာတ်လမ်း တစ်ပုဒ် ကို သရုပ်ဆောင် ပြီးသည့် အခါ
မင်းသား ဖြစ်သည့် ဂျော့ ကို ရေပူ ရေ ချမ်း ကမ်း လှမ်း မည့် သူ ရှိ သော် လည်း နပိုလီယန်
အဖြစ် သရုပ်ဆောင် သည့် တစ်ယောက်က ထိုင်ခုံ ရမလား ဟု မေးသသည့် အခါ ရိုက်ကွင်း
တာဝန်ခံ က ” မင်းက နပိုလီယံ မှ မဟုတ်တာ အရံ သရုပ်ဆောင်ပဲ ” ဟု ပြောသည့် သရော်
ချက် ဖြင့် လက်ရှိ ပြင်သစ် နိုင်ငံရေ ကို ပြင်သစ် ဇာတ်ကား တို့  ၏ ထုံး စံ အတိုင်း သလျှော်
သည်။
ဂျော့ အဆင်မပြေ ဖြစ်သည့် အခါ သူ ၏ ပိုင် ဆိုင် မှု များ ကို လေလံ ပွဲ တွင် ရောင်းချပြီး နောက်
လေလံ ပစ်သူက ” ဂုဏ်ယူ လေးစား ပါတယ်” အကုန်ရောင်းပြီး သွား ပြီ ခင်ဗျား မှာ ဘာမှမကျန်
တော့ ဘူး” ဆို သည့် စကားဖြင့် အမေရိပကန် အရင်းရှင် စနစ် ကို သရော် ခဲ့ သည်။
ဟောလိဝုဒ် ထုတ်လုပ် သူများ ကို သရော်ရာ တွင်လည်း အယ်(လ)ဇင်မာ သူ့  ကိုမင်းသားအဖြစ်မှ
ရပ်စဲသည့် အခါ ” လတ်လတ် ဆတ် ဆတ် အသား (FRESH MEAT) (မျက်နှာသစ် များ ကို ဆို
လို ခြင်း ဖြစ်သည် ) များ ကို သာ လိုချင် သည် ဟု ပြောသည့် အယ်(လ)ဇင်မာ စကား ကို မှတ်
ထားပြီး ပက်ပီ ပုံ ကို တွေ့ သည့် အခါ fresh meat ….fresh meat ဆိုပြီး သူက ရေရွတ် ခဲ့ သည်။
နောင်တွင် fresh meat သည် Hollywood slang တစ်ခု ဖြစ်လာပြီး fresh meat မှာ ဟောလိ
ဝုဒ် တွင် အရာရောက်သူ များ က မျက်နှာသစ် များ ( အထူးသဖြင့်) သရုပ်ဆောင်အမျိုး သမီး အချို့ 
ကို ကြိတ်လို့  ရပြီ ဆို သည့် သဘောလည်း သက်ရောက်ပေ သည်။
The Artist ရုပ်ရှင် ကား ကို ရုပ်ရှင် ပေါ်ဦးစက က ဇာတ်ကား များ အတိုင်း အဖြူ အမည်း ဖြစ်သာ
ပြပြီးခောတ်ဟောင်း က Aspect Ratio ဖြစ်သည့် 4:3ဖြစ် တင်ဆက်သည်။ ခောတ်ဟောင်းမင်း
သား ဂျော့ဗယ်လန် အဖြစ် သရုပ်ဆောင် သည့် ယန်း ဒူဂျာဒင်သည် ထို ခောတ်က ရုပ်ရှင် ရိုက်ကူး
မှု Frame Rate အတိုင်း (24 Fps) သရုပ်ဆောင် (ဆတ်ကော့ ဆတ်ကော့ ဖြင့်) ရသဖြင့် သရုပ်
ဆောင် ရ အတော်ပင် ခက်လှသည်။
ဇာတ်လမ်း ကို လည်း ခောတ်ဟောင်း က ဇာတ်လမ်းများ အတိုင်း ရယ်စေ ၊ မောစေ ၊ သဲထိတ်ရင်
ဖို ဖြစ်စေ ၊ ဇာတ်ပေါင်း ခန်းမှာ အား လုံး ပါစေ ဆိုသည့် ဇာတ်လမ်း မျိုး ပင် ပြန်လည် ရိုက်ကူး ခဲ့
သည်။
ဇာတ်လမ်း အစ မှာ အင် အသံတိတ် ခောတ်က ရုပ်ရှင် ရုံ များ အတိုင်း စင်အောက် မှ နေ၍ ဂီတ
တီးဝိုင်း ဖြင့် ပိတ်ကား တွင် ပြ နေသည့် ဇာတ်ကို ပံ့ပိုး ပေး ရသည့် သဘော ကို ဦးစွာ ထည့်သွင်း
ထား သည်။
ကျန်ရှိ နေသည့် နောက်ဆုံးပိုင်း ကို မနက်ဖြန် စောင့်မျှော်ဖတ် ရှု ပါ……………..။
The Artist
Jean Dujardin as George Valentin
Bérénice Bejo as Peppy Miller
Uggie as Jack (the dog)
John Goodman as Al Zimmer
James Cromwell as Clifton
Missi Pyle as Constance
Penelope Ann Miller as Doris
Malcolm McDowell as The Butler
Bitsie Tulloch as Norma
Beth Grant as Peppy’s Maid
Ed Lauter as Peppy’s First Chauffeur
Jen Lilley as Onlooker
Nina Siemaszko as Admiring Woman
Jewel Shepard as Flapper Starlet
Basil Hoffman as Auctioneer
Ben Kurland as Casting Assistant
Ken Davitian as Pawnbroker
Photos are fair use and non-commercial use only.
All photo on posted on this post are copy righted by
The Weinstein Company (US)
Entertainment Film Distributors (UK)
Canal +
French Television
