သမ္မတ ရာထူး ပြန်ယူတဲ့ ပူတင် ကို ပြည်သူတွေ အလျှော့မပေး ဖို့  ဂေါ်ဘာချောဗ် ပြော

ရုရှား နိုင်ငံ မှာ တနင်္ဂနွေ နေ့ က ကျင်းပတဲ့ ရွေးကောက်ပွဲ မှာ ၀န်ကြီးချုပ် ပူတင် ဟာ မဲရာ
ခိုင်နှုန်း ၆၁ ရာ ခိုင် နှုန်းကျော် အနိုင်ရရှိ ပြီး သမ္မတ အဖြစ် ရွေးကောက် တင် မြှောက် ခံခဲ့
ရတယ် ရုရှား ဗဟို ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဖြစ်သူ ဗလာဒီမာ ချုရောဗ် က ကြေငြာ
ခဲ့ ပါတယ်။

ယခင် သမ္မတ အဖြစ်တာဝန်ထမ်း ဆောင် ခဲ့ ဖူး ပြီး အခြေံ ခံ ဥပဒေ အရ အခု ရွေးကောက်ပွဲမှာ
သမ္မတ နေရာ ပါဝင် ယှဉ်ပြိုင် နိုင် ဖို့  ၀န်ကြီး ချုပ် နေရာ ကို လွန်ခဲ့ တဲ့ လေးနှစ် က ပြောင်း
ပြီး တာဝန်ထမ်းဆောင် ခဲ့တဲ့  ဗလာဒီမီယာ ပူတင် ကိုယ်တိုင် ကလည်းသူ ဟာ ရွေးကောက် ပွဲ
မှာ အနိုင် ရရှိ ခဲ့ တယ် လို့  ဆိုပါတယ်။

ပူတင် ဟာ မဲရာ ခိုင် နှုန်း ရဲ့  ၅၀ ကျော် ကို ရရှိ သွား တဲ့ အတွက် ဒုတိယ အကျော့ ရွေးကောက်
ပွဲ မှာ ပါဝင် ယှဉ်ပြိုင် စရာ မလို တော့ ဘူး လို့ ရွေးကောက် ပွဲ ကော်မရှင် က ထုတ် ပြန် ချက်ကို
ကိုးကား ပြီး Russia Times သတင်း ဌာန  က ကြေ ငြာ သွား ပါတယ်။

ပူတင် ရဲ ပြိုင် ဘက် ဖြစ်သူ ကွန်မြူနစ် ပါတီ ခေါင်းဆောင် ဇူဂါနောဗ် ကတော့ မဲ အရေ အတွက်
ရဲ့  ၁၇ ရာခိုင်နှုန်း ကျော် ရရှိ ပြီး ရှုံး နိမ့် သွား တာ ဖြစ်ပါတယ်။

ပူတင် ရဲ့  ပြောရေး ဆို ခွင့် ရရှိ သူ ဒီမီထရီ ပက်(စ)ကောဗ် က “ပူတင် ကို မကြိုက် လို့  ဆန္ဒပြ တာ
တွေ ဟာ မော်စကို လောက်မှာ ပဲ လေ ၊ မော်စကို လူထု က ရုရှား တစ် နိုင်ငံ လုံး ကို ကိုယ်စား
ပြု တာ မဟုတ် ဘူး ၊ ရုရှား လူများ စု က မော်စကို မှာ ပဲ နေတာ မှ မဟုတ် တာ ရုရှား နိုင်ငံ့ က
အကြီး ကြီး ဘဲ သူ တို့  က ပူတင် ကို ထောက်ခံ တယ် လေ လို့ CNN သတင်းဌာနကို ပြောပါတယ်။

ရုရှား သမ္မတ ဟောင်း နဲ့  နိုဘဲလ် ငြိမ်းချမ်းရေး ဆု ရှင် မခ်ဟိုင်းလ် ဂေါ်ဘာချောဗ် က “ဒါ ရိုးသား
တဲ့ ရွေးကောက် ပွဲ မဟုတ် ပါဘူး ၊ ငါတို့  ဒါကို အလျှော့ ပေး ဖို့  လဲ မလို ပါဘူး လို့  အယ်(လ)ဂျာ
ဇီးယား သတင်းဌာနကို ပြောပါတယ်။

ရုရှား နိုင်ငံ ရဲ့  ထင်ရှား တဲ့ ဘလောက်ဂါ နဲ့  ဆန္ဒပြ ပွဲ တွေ ကို ဦးဆောင် စည်းရုံး တဲ့ အလက်ဇန္ဒား
နေဗီနေး က ” မျှတ တာလဲ မဟုတ် ဘူး ၊ ဒါအမှန် တရား လဲ မဟုတ် ဘူး ပူတင် က ဇာဘုရင်လို
မျိုး တစ်သက် လုံး အာဏာသိမ်း ပိုက် ဖို့  စီစဉ်ထား တဲ့ လုပ် ရပ် ကို ဟန့် တား ရမယ် လို့ 
ရိုက်တာ သတင်း ကို ပြောပါတယ်။

ပူ တင် ကို ဆန့် ကျင် တဲ့ ဆန္ဒပြ သူ တွေ ဟာ မနက် ဖြန် မှာ တော့ မြို့ တော် မော်စကို နဲ့  စိန့် 
ပီတာ စဘတ် မြို့ တွေ မှာ ဆန္ဒပြ ဖို့  စီစဉ်ထားကြ ပါတယ်။

ရွေးကောက်ပွဲ မှာ အနိုင်ရမှု ကြောင့် ပူတင် ဟာ နောက်ထပ် သမ္မတ သက်တမ်း ၆ နှစ် တာဝန်
ထမ်းဆောင် ရမှာ ဖြစ်ပြီး အဲဒီ သက်တမ်း ကုန် ရင်  နောက် ၆ နှစ် အတွက် လည်း ဆက်ပြီ
တာဝန်ထမ်း ဆောင် ဖို့  ၀င်ရောက် ယှဉ်ပြိုင် နိုင် ပါတယ်။

လစ်ဘရယ် ဒီမိုကရတ် အတိုက် အခံ ဗလာဒီမီယာ ဇိုင်ရင် နောဗ်စကီး ကလည်း ပူ တင် အနိုင်ရရှိ
တာ နဲ့  ပတ်သက် ပြီး ဝေဖန် ပြောကြား ခဲ့ ပါတယ်။

မြန်မာ စံတော်ချိန် နံနက် ၁၁ နာရီ မိနစ် ၃၀ အချိန် နောက် ဆုံး ရ သတင်းများ အရ ရုရှား နိုင်ငံ
မော်စကို မြို့  တွင် ပူတင် ဆန့် ကျင်ရေး ဆန္ဒပြ ပွဲ များ စတင် နေပြီ ဖြစ်ပါသည်။

ရွေးကောက်ပွဲ မှာ အနိုင်ရပြီး နောက် ပူတင် မိန့် ခွန်း ပြောကြား စဉ်

Russia , Putin , Kremlin, Moscow , Protest,