KONY 2012 ဟု အမည်ပေးထား သည့် အွန်လိုင်း ဗီဒီယို ကြောင့် ယူဂန္တာ သူပုန် ခေါင်းဆောင်
ဂျိုးဆက်ဖ် ကိုနီ ကို လူမျိုးတုံး သတ်ဖြတ်မှု စစ် ရာဇ၀တ်မှု များ ဖြင့် ဖမ်းဆီးရန် တက်ကြွ လှုပ်ရှား
သူများက စည်း ရုံး လှုံ ဆော်လာကြသည်။
Invisible Children ဟု အမည်ပေးထားသည့် အမေရိကန် အခြေစိုက် ကလေး သူငယ် ကာ
ကွယ်စောင့်ရှောက် ရေး အဖွဲ့  မှ စီစဉ် ပြီး ဒါရိုက်တာ ဂျေဆန် ရပ်ဆဲလ် ရိုက်ကူး ခဲ့ သည့် မိနစ်
၃၀ ကြာ မှတ်တမ်း ရုပ်ရှင် မှာ မတ်လ ၅ ရက်နေ့ က Vimeo ဗီဒီယို ဆိုတ် တွင် စတင်
ဖော်ပြပြီး ၃ ရက် အကြာ မှာ ပင် ကြည့် ရူ သူ ၁၅ သန်းကျော် ရှိ ခဲ့ ပြီး ယူတု တွင် ၁၅ သန်း
ကျော် ရှိ ကာ အခြား ဗီဒီယို ဆိုတ်များ တွင် ကြည့်ရှု မှု မျာ ယခု သန်း ၄၀ ကျော် ပြီ
ဟု ဟဖ်ဖင်တန် ပိုစ် အွန်လိုင်း သတင်းစာတွင် ဖော်ပြထား သည်။
သူပုန် ခေါင်းဆောင် ဂျိုးဆက်ဖ် ကိုနီ ၏ Lord’s Resistance Armyဟု အမည်ပေးထား သည့်
ယူဂန္တာ နိုင်ငံ တွင်း ရှိ ပြောက် ကျား လက်နက် ကိုင် တပ်ဖွဲ့ သည် ၁၉၈၀ ပြည့်လွန် နှစ်များမှ စပြီး
လက်နက်စွဲ ကိုင် တော်လှန် ချိန် မှ စ၍ ကလေး သူငယ်များ ကို ဖမ်းဆီး ခြင်း ၊ ပြန်ပေး ဆွဲ သတ်
ဖြတ် ခြင်း မိန်းကလေး ငယ်များ ကို ထာဝရ ဖမ်းဆီးထား ပြီး မတော် မတရား ကျင့်ခြင်း ၊ ယေင်္ကျား
လေးများ ကို လက်နက် ကိုင် တိုက်ခိုက်မှုများ တွင် ခိုင်းစေခြင်း တို့  ကို လုပ်ဆောင် ခဲ့ သည်။
KONY 2012 ဗီဒီယို ကြောင့် ဂျိုးဆက်ဖ် ကိုနီ ကို ဖမ်းဆီး ရန် နိုင်ငံ တကာ လူ့  အခွင့် အရေး အဖွဲ့ 
များ က အပြင်း အထန် ဖိအား ပေး လာကြ သည်။
ကိုနီ ၏ LRA ကို စက်တင်ဘာ ၁၁ အကြမ်းဖက် တိုက်ခိုက်မှု ပြီး နောက် အမေရိကန် အစိုးရက
အကြမ်းဖက် အဖွဲ့  အစည်း အဖြစ် သတ်မှတ်ထား ပြီး ကိုနီ ၏ ပြောက်ကျား တပ် ကို ချေမှုန်း နိုင်
ရန် အမေရိကန် က ယူဂန္တာ အစိုးရ ကို တပ်သား ၁၀၀ ကူညီထား သည်။
ဝေဖန် သူများ က မူ ထိုဗီဒီယို ကြောင့် ကိုနီ သည် ပိုမို ထင်ရှားလာ သည် ဟု ဆိုသည်။
Invisible Children ကမူ ကိုနီ ကို ဖမ်းဆီး အပြစ်ပေး နိုင်ရေး လှုံဆော်မှု မဆုံးခင် နေ့ ဖြစ်
သည့် ၂၀၁၂ ဒီဇင်ဘာ ၃၁ မတိုင် ခင် အမေရိကန် အစိုးရ ကိုကိုနီ ကို ဖမ်းဆီး နိုင်ရန် ဖိအား ပေး
သွား မည် ဟု ဆိုသည်။
Related articles
- Kony 2012: Viral Campaign Aims to Take Down War Criminal [Video] (inquisitr.com)
- Kony 2012 (dailyposts365.wordpress.com)
- Kony 2012 (hausofdeath.com)
- KONY 2012 (streetknowledge.wordpress.com)
- Who is Joseph Kony? (janetnewenham.wordpress.com)
- Kony 2012 (987ampradio.cbslocal.com)
- Hunt for Ugandan war criminal Joseph Kony video goes viral (news.nationalpost.com)
- Meet Kony: He’s a Ugandan warlord and he’s about to be famous (thestar.com)
- Can viral video take down a war criminal? (globalpublicsquare.blogs.cnn.com)
- Kony 2012 (defehrpoetry.wordpress.com)
