အာဖဂန် ပစ်ခတ် မှု တွင် သံသယ ရှိ သူ ၏ နာမည် ကို ထုတ်ပြောပြီ
Update၊ ၊၊အာဖဂန် နစ္စတန် နိုင်ငံ ကန်ဒါဟာ မြို့  တွင် ဖြစ်ပွား ခဲ့ သည့် အရပ်သား များ သေ
ဆုံးသည့် ပစ်ခတ် မှု တွင် သံသယ ရှိသူ မှာ တပ်ကြပ်ကြီး စာရေး ရောဘတ် ဘေးလ် ဖြစ်
သည်ဟု CNN သတင်း တွင် ဖော်ပြထားသည်။
တပ်ကြပ်ကြီး စာရေး ရောဘတ် ဘေးလ် အား ယခု ကန့် ဆပ် ပြည်နယ် ဖို့  လာဗင် ၀တ် ရှိ့
အကျဉ်းထောင် တွင် အကျဉ်းချထား သည် ဟု ဆိုသည်။
သူသည် အီရတ် စစ်မြေပြင် တွင် တာဝန် ထမ်းဆောင် စဉ် က ဒဏ်ရာ နှစ်ခါ ရရှိ ခဲဖူးသည်။
စစ်မြေပြင် တွင် နှစ် ကာလ ကြာရှည် စွာ တာဝန် ထမ်းဆောင် မှု ကြောင့် နှင့် ဒဏ်ရာ ရရှိ
ထား မှု ကြောင့် စိတ် ဓာတ် ကျပြီး အမြင် အာရုံ မှောက် မှား နေ ချိန် တွင် ဖြစ်ရသည် ဟု
ဆိုသည်။
FNG၊         ၊အာဖဂန် နစ္စတန် နိုင်ငံ ကန်ဒါဟာ မြို့  တွင် ယမန်နေ့ က ဖြစ်ပွား ခဲ့ သည့် ပစ်ခတ်မှု
အတွက်အမေရိကန် သမ္မတ အိုဘားမား က အာဖန် နစ္စတန် သမ္မတ ဟာမစ် ကာ ဇိုင်း ထံ သို့  တယ်
လီဖုန်း ဖြင့် ဆက်သွယ် ၍ တောင်း ပန် စကား ဆို ခဲ့ သည်။
အမေရိကန် ကာကွယ်ရေး ၀န်ကြီး လီယွန် ပန်နိတ (Leon Panetta ) က လည်း တောင်း ပန်
စကား ဆိုခဲ့ သည်။
ယမန်နေ့  ဖြစ်ပွား ခဲ့ သည့် ပစ်ခတ်မှု တွင် အမျိုးသမီး ၃ ဦး နှင့် ကလေး ၉ ဦး အပါ အ၀င် ၁၆
ဦး အသက် ဆုံးရှုံး ခဲ့ သည်။
အာဖန် နစ္စတန် သမ္မတ ဟာမစ် ကာ ဇိုင်းက  အမေရိကန် တပ် ဖွဲ့  ၏ ယခု ပစ်ခတ်မှု သည် ခွင့်
မလွှတ် နိုင် စရာ ကောင်း ပြီး ၊ လူသားမဆန် သည့် ရည်ရွယ် ချက် ရှိ ရှိ  အကြမ်းဖက် သတ်ဖြတ်
မှု တစ်မျိုး ပင် ဖြစ်သည် ဟု ပြောကြားခဲ့ သည်။
အာဖဂန် နစ္စတန် ရှိ အမေရိကန် တပ် ဖွဲ့  များ ၏  စစ်ဦးစီးချုပ် ဖြစ်သူ ဗိုလ်ချုပ် ဂျွန် အယ်လင်
(John Allen) က ပစ်ခတ် သည့် စစ်သား ကို ဖမ်းဆီး ထား ပြီး စုံစမ်း စစ်ဆေး မှု များ ကို
ပြု လုပ် နေသည် ဟု ပြောသည်။
ကန်ဒါဟာ အခြေစိုက် အမေရိကန် တပ် မှ ပစ်ခတ်မှု တွင် သေဆုံး သူ ၁၆ ဦး တွင်  အသက် ၆
နှစ် အောက် မိန်း ကလေး လေး ဦး ပါဝင် သည်။
ပြီးခဲ့ သည် လက အမေရိကန် စစ်သား များ ကုရ်အန် ကျမ်းစာ ကို မီးရှို့ မှု ကြောင့် အာဖဂန် နစ္စ
တန် တစ်ဝှမ်း အမေရိကန် ဆန့် ကျင်ရေး ဆန္ဒပြပွဲ များ ဖြစ်ပွား ခဲ့ သည်။
နယူးယောက် တိုင်း တွင် ဖော်ပြထား သည့် သတင်း အရ ပစ်ခတ်မှု တွင် တာဝန် ရှိ သော တပ်
သား သည် အသက် ၃၈ နှစ် အရွယ် ရှိ ပြီ ဖြစ်ကာ အမေရိကန် တွင် သားသမီး နှစ်ဦး နှင့် ဇနီး
ဖြစ်သူ ကျန် ရှိ သည် ဟု သိရသည်။ စစ်မှု ထမ်း သက် ၁၁ နှစ် ရှိ ပြီ ဖြစ်ပြီး  အီရတ် တွင် တာဝန်
ဆောင် ရခြင်း ဖြစ်သည်။