အခြေခံ ဥပဒေ ဟာ ဒီမိုကရေစီ စံနှုန်း တွေ နဲ့  မကိုက်ညီ လို့ ရုပ်သံ မိန့် ခွန်း မှာ ဒေါ်စု ပြော

Update၊           ၊လက်ရှိ အခြေခံ ဥပဒေ ဟာ ဒီမိုကရေစီ စံနှုန်း တွေ နဲ့  မကိုက်ညီ ပဲ လွှတ်
တော် ထဲ မှာ ပြည်သူက  ရွေးကောက် တင်မြှောက် ထား သူ မဟုတ် တဲ့ သူ တွေ လည်း ပါ
ဝင် နေ တယ် လို့  အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ဒီနေ့ 
မြန်မာ့ ရုပ်မြင် သံကြား မှာ မိန့် ခွန်း မှာ ထည့် သွင်း ပြောကြား ခဲ့ ပါတယ်။

ပြည်တွင်း ငြိမ်းချမ်းရေး နှင့် တရား ဥပဒေ စိုးမိုး ရေး တို့  ကို လည်း ထည့်သွင်း ပြောကြား ခဲ့
ပြီး ၊ ပညာရေး မှာ နိုင်ငံ သား တိုင်း အရည် အသွေး ပြည့် ၀တဲ့ ပညာ သင်ကြား နိုင်ဖို့  နှင့်
မသင်မနေရ ပညာရေး စနစ် ကို မူလတန်း အဆင့် မှာ အခမဲ့ သင် နိုင် ဖို့  နဲ့  ဆရာ ၊ ဆရာမ
တွေ အရည် အချင်း ပြည့် ၀ဖို့  ကို စီစဉ် ရမှာ ဖြစ်ကြောင်း ပြောကြား ခဲ့ ပါတယ်။
ဘဏ် နှင့် ငွေကြေး စနစ် ပြု ပြင် ပြောင်း လဲ ရန် လိုအပ်ကြောင်း နှင့် တောင်သူ လယ်သမား
များ ကို လယ်ပိုင် နိုင် ဖို့  နှင့် အခွင့် အရေး များ ရ ရှိ ဖို့  လို ကြောင်း ၁၄ မိနစ် ကြာ မြင့် တဲ့
မိန့် ခွန်း မှာ ပြောကြား ခဲ့ ပါတယ်။

နေမျိုးဦး၊         ၊အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီ လ
၁ရက် နေ့  လကျင်းပမည့် ကြားဖြတ် ရွေးကောက် ပွဲ အတွက် နေပြည်တော် ပြန်ကြားရေး
ဝန်ကြီးဌာန မြန်မာ့ ရုပ်မြင်သံကြား တွင် တိုင်းပြည်သို့  မိန့် ခွန်း ပြော ရန် အတွက် ယနေ့ 
နေ ပြည်တော် သို့ သွားရောက် ရာ တွင် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့ လွှတ်တော်
အစည်းအဝေးခန်းမ သို့ လွှတ် တော် ဥက္ကဌ များ ဖိတ် ကြား ချက် အရ ၀င်ရောက် ကြည့် ရှု လေ့လာ ခဲ့ သည်။

ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းနှင့် မတွေ့ ဆုံ မှီ အမျိုးသားလွှတ်တော် ဥက္ကဌ
ဦးခင်အောင်မြင့် နှင့် တွေ့ ဆုံခဲ့ သည် ဟု သတင်း ရရှိ သည်။

ဒေါ်အောင်ဆန်း စုကြည် ၏ ယနေ့  နေ ပြည်တော် ခရီး စဉ် သည် စတ္ထု ထမြောက် ဖြစ်ပြီး
ယမန် နှစ် က သမ္မတ ဦးသိန်းစိန် နှင့် တွေ့ ဆုံ ရန် တစ်ကြိမ် ၊ ပါတီ မှတ် ပုံ တင်ခြင်း
လွှတ်တော် ဥက္ကဌ နှစ် ယောက် နှင့် တွေ့ ဆုံ ရန် တစ်ကြိမ် သွား ရောက် ခဲ့ ဖူးသည်။

ပြီးခဲ့ သည့် သီတင်း ပတ် က နေပြည်တော် စည်းရုံး ရေး ခရီး စဉ် သွား ရောက် ခဲ့ ဖူးပြီး
နောက် ယခု နှစ် အတွက် ဒုတိယ အကြိမ်မြောက် ဖြစ်သည်။

ဒေါ်အောင်ဆန်း စုကြည် ၏ ရုပ်မြင်သံကြား မှ ပြောကြား သည့် မိန့် ခွန်း ကို ဆင်ဆာ ဖြတ်
တောက် မှု ရှိ သည် ဟု NLD ပါတီ က တရား ၀င် သတင်း ထုတ် ပြန်ထား သည်။

ယမန်နေ့  က မွန်ပြည်နယ် မြို့ များ ဖြစ်သည့် မော်လမြိုင် ၊ ဘီးလင်း ၊ မုတ္တမ ၊ သထုံ
စည်း ရုံး ရေး ခရီးစဉ် များ ဉ် ဒေါ်အောင် ဆန်း စုကြည်က မြန်မာ နိုင်ငံ ရေးသည်
မသေချာ မရေရာ သည့် အခြေ အနေ မှာ ပင် ရှိ နေသေး ကြောင်း ပြောကြား ခဲ့ သည်။

ဒေါ်အောင်ဆန်းစုကြည် မိန့် ခွန်း ဗီဒီယို ကို ကြည့်ရှု နားဆင်ရန် ကလစ် နှိပ် ပါ။

ကြားဖြတ် ရွေးကောက် ပွဲ ရုပ်သံ မိန့် ခွန်း

This slideshow requires JavaScript.


Photo Credit : Thiha Thwe, Rama Nya