FNG၊နိုင်ငံ တကာ နိုင်ငံ ရေး အကျပ် အတည်းများ ကြောင့် ရေနံ စိမ်း ဈေးနှုန်းများ ထပ်မံ မြင့် တက်
လာသည် ဟု အာရပ် စော်ဘွားများ နိုင်ငံ ၏ ရေနံ ၀န်ကြီး မိုဟာမက် အယ်(လ)ဟာမီ က ပြော
ကြားခဲ့ သည်။
ဘရင့် ရေနံ စိမ်း တစ်စည် မှာ ယနေ့ မနက် အစော ပိုင်း တွင် လန်ဒန် ဉ် ၁၂၆ ဒေါ်လာ ထိ ဈေး
ပေါက် ခဲ့ သည်။ အမေရိကန် တွင် ဓာတ်ဆီ ဈေးနှုန်း မှာ တစ်ဂါလန် လျှက် လေးဒေါ်လာ ထိ
ဈေးမြင့် တက် သွား ပြီး ငါး နှစ် အတွင်း အမြင့် ဆုံး ဖြစ်သည်။
အီရန် ဟော်မုဇ် ရေလက် ကြား တင်းမာ မှု ကြောင့် တီဟီရန် က ဥရောပ နိုင်ငံ အချို့  ကို ရေနံ
တင် ပို့  ရောင်းချ မှု များ ဖြတ် တောက် ခဲ့ သဖြင့် ရေနံ ဈေးနှုန်းများ မြင့် တက် ရခြင်း ဖြစ် ပြီး
အစ္စရေး ပဋိပက္ခ နှင့် ဆီးရီးယား အရေး ကိစ္စများ မပြီး သေး သရွေ့ ရေနံ ဈေး ပြန် ကျရန် မရှိ
သေးဟု ရေနံ ထုတ်လုပ် ရောင်း ချသည့် နိုင်ငံ များ အဖွဲ့  အိုပက် ၏ အစီရင် ခံစာ တွင် ဖော်
ပြထားသည်။
ရေနံ ဈေးနှုန်းများ မြင့်တက် ခြင်း ကြောင့် တရုတ် နိုင်ငံ ၏ ပို့  ကုန် ၊ သွင်းကုန် သည် ဖေဖော်
ဝါရီ လ တွင် ကျဆင်းခဲ့ ရ သည် ဟု တရုတ် အစိုး ရက သတင်း ထုတ် ပြန် ထားသည်။
ဂါဇာ ကမ်းမြှောင် ဒေသ မှာ စစ်ဆေးရေး တွေ ပြု လုပ် နေတဲ့ အစ္စရေး ကို ဒဏ်ခတ် တဲ့ အနေ
နဲ့  အီဂျစ် က အစ္စရေး ကို ရေနံ တင်ပို့  မှု ရပ် ဆိုင်းခဲ့ ပါတယ်။
Oil Price , Gas, Middle East, Tension,OPEC
Related articles
- Middle East Faces Tensions Between Online Child Protection and Internet Freedom (rightways.wordpress.com)
