FNG၊ ၊မြန်မာ အစိုးရ သစ် လက်ထက်မှ ပထမ ဦးဆုံး အနေနဲ့  နိုင်ငံ့ ၀န်ထမ်းတွေ ကို လစာ တိုးမြှင့်
ပေး လိုက် တယ်လို့  မြန်မာ့ ဒီမို ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပြင်ပကမ္ဘာ
ကို ပေါက် ကြား ထား တဲ့ ကြားဖြတ် ရွေးကောက် ပွဲ မဲဆွယ်ပွဲ မိန့် ခွန်း မတိုင် ခင် မှာ မြန်မာ့
ရုပ်မြင် သံကြား က ကြေငြာ သွား ခဲ့ သည်။
နိုင်ငံ့ ကာကွယ်ရေး အတွက် စစ်မှုထမ်း ၀န်ထမ်းများ ဖြစ်သည့် တပ်မတော်(ကြည်း၊ ရေ၊ လေ)
အမှုထမ်းများကို စားဝတ်နေရေးသက်သာချောင်လည်မှု ရှိစေရန်အတွက် လက်ရှိလစာအပြင် အ
ပိုထောက်ပံ့ကြေးအဖြစ် တစ်ဦးလျှင် တစ်လကျပ်သုံးသောင်းတိတိ တိုးမြှင့် ပေး လိုက်ပြီး ၊
အစိုးရ ဌာနများနှင့် အဖွဲ့အစည်းများရှိ နေ့စားအလုပ်သမားများ၏ လုပ်ခကို အလုပ်ချိန် တစ်နေ့
၈ နာရီအတွက် လက်ရှိသတ်မှတ်ထားသော လုပ်ခ ၁၁၀၀ ကျပ်အပေါ်တွင် အပို ထောက်ပံ့ကြေး
ကျပ် ၁၀၀၀ တိတိကို ထပ်မံခံစားခွင့်ပြုမည်ဖြစ်၍ နေ့စားအလုပ်သမားမှာ တစ်နေ့ လုပ်ခ ၂၁၀၀
ကျပ်တိတိကို ၂၀၁၂၊ ဧပြီ ၁ ရက်မှ စတင်ခံစားခွင့်ပြုလိုက်ကြောင်း ရုပ်သံ က ထုတ် လွှင် ခဲ့သည်။
ပြီးခဲ့သည့် လက လွှတ်တော် ဥက္ကဌ ဦးသူရ ရွှေမန်း က ၀န်ထမ်းများ လစာ တိုးမြှင့် ရေး ကို နောက်
မဆုတ် ပဲ ဆောင်ရွက် မည် ဟု ပြောဆို ပြီး တစ်လ နီးပါး ကြာမြင့် ချိန် တွင် ယခု ကဲ့ သို့  သတင်း
ထုတ် ပြန် အတည်ပြု ခဲ့ ခြင်း ဖြစ်သည်။
၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီး နေ၀င်း အစိုးရ အာဏာ သိမ်းပြီး ချိန် မှ စ၍ ၀န်ထမ်း လစာ တိုးမြှင့် တိုင်း
ကုန်ဈေးနှုန်း ပါ ထပ်ချပ် မကွာ မြင့် တက် လေ့ ရှိ သည်။
ဝန်ထမ်း လစာ တိုးမြှင့် ခြင်း နှင့် ပတ်သက် ပြီး ရန်ကုန် မြို့  ရှိ ပြန်ကြား ရေး ဌာန လက် အောက်မှ
ဝန်ထမ်း တစ်ဦး က လစာတိုးတဲ့ သတင်း ကြားရတော့ ပျော်ရတယ် ကုန်ဈေးနှုန်းမတက် ပါစေ
နဲ့  လို့  ပဲ မျှော်လင့် တယ် ဟု ပြောသည်။
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးက မတ်လ ၁၄ ရက်၊ ရက်စွဲဖြင့်ကြေညာစာ
အမှတ် ၁၀၀/ ၂၀၁၂ ဖြင့် ယနေ့  ကြေငြာ ရာ တွင် ၀န်ထမ်း လစာ တိုးမှု စတင် အကျိုးသက်ရောက်
သည့် နေ့ မှာ ဧပြီ လ ၁ ရက် နေ့  ဟု ဆို သဖြင့် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပ ရန် ရက် နှင့် လည်း
တိုက် ဆိုင်နေသည်။

မဲထည့်ခိုင်းပြီးN.L.Dကိုမဲမပေးရလက်မှတ်ထိုးခိုင်း
မယ်လို့သိရတယ်။ဝန်ထမ်းမှာလည်းကိုယ်ပိုင်အခွင့်ရေး
တော့ရှိသင့်တယ်။
သူတို့လညိးဝန်ထမ်းဘ၀ပိုမိုခိုင်မာရေး
တိုင်းပြည်အတွက်စဉ်းစားပေးလို့မရဘူးလား။