မလေး ၀န်ကြီးချုပ် ပြည်သူပိုင် ငွေနဲ့  သမီး စေ့စပ်ပွဲ လုပ်

DK၊   ၊မလေးရှားဝန်ကြီးချုပ်နာဂျစ်ဘ်ရာဇက်သည်ယမန်နှစ်က၄င်း၏၀န်ကြီးချုပ်နေအိမ်တွင်ကျင်း
ပခဲ့သည့် ငွေကြေးပမာဏကြီးမားစွာကုန်ကျခဲ့သော စေ့စပ်ပွဲအခမ်းအနားတခုအတွက် ပြည်
သူပိုင်ငွေများကို အသုံးပြုခဲ့သည်ဟု အတိုက်အခံ PKR ပါတီမှစွပ်စွဲလိုက်သည်။ နာဂျစ်ဘ်နှင့်
၎င်း၏ဇနီးတို့သည် အလွန်အကျင့်ပျက်ခြစားသည်ဟု နာမည်ဆိုးနှင့်ကျော်ကြားကြသူများဖြစ်ကြသည်။

ထိုကိစ္စအတွက်အထောက်အထားအဖြစ် ဟိုတယ်တခုမှ ဂုဏ်ပြုစားပွဲတခုအတွက်အမှာစာအား PKR
ပါတီ၏မဟာဗျူဟာရေးရာညွှန်ကြားရေးမှူး ရာဖီဇီရဲမ်လီမှသတင်းထောက်များကိုပြသခဲ့သည်။

နာဂျစ်ဘ်အနေနှင့် (၂၀၁၁) ဇွန်လ (၁၇) ရက်နေ့တွင် ၄င်း၏သမီးဖြစ်သူနှင့် ကာဇက်စတန်နိုင်ငံသား
ခင်ပွန်းလောင်းဖြစ်သူ ဒါနီယာနာဇာဘာယက်ဗ်တို့၏ စေ့စပ်ကြောင်းလမ်းပွဲအတွက် ရင်းဂစ် (၄၀၉၇၆၇)
အကုန်အကျခံခဲ့သည်ဟု ရာဖီဇီမှပြောကြားခဲ့သည်။ ဒါနီယာနာဇာဘာယက်ဗ်သည်လည်း နာမည်
ဆိုးနှင့်ကျော်ကြားသူ ကာဇက်စတန်အာဏာရှင် နာဆူလ်တန်နာဇာဘာယက်ဗ်နှင့် နှီးနွယ်ပတ်သက်သူဖြစ်၏။

အဆိုပါငွေပမာဏတွင် VIP ဧည့်သည် (၃၆) ဦးအား သြစတြေးလျဝါဂျူအမဲသား၊ ကမာကောင်တို့နှင့်
ဧည့်ခံရသောကြောင့်ကုန်ကျစရိတ် ရင်းဂစ် (၁၈၇၉၂) နှင့် အခြားဧည့်သည် (၈၆၂) ဦးတို့အတွက် ရင်းဂစ်
(၃၀၉၉၇၅) နှင့် ၀န်ဆောင်မှုစားရိတ် ရင်းဂစ် (၈၁၀၀၀) ခန့်တို့ဖြစ်သည်။

ရာဖီဇီမှသတင်းထောက်များအားပြသခဲ့သော အမှာစာတွင် မလေးရှားဝန်ကြီးချုပ်ရုံးမှ ငွေရှင်းမည်ဟု
ရည်ညွှန်းထားခဲ့သည်။

ပြည်သူများအနေနှင့် ဧည့်သည်များအတွက်အကောင်းဆုံး ဂုဏ်ပြုထမင်းစားပွဲလုပ်ပေးချင်သော
ဝန်ကြီးချုပ်နှင့်ဇနီးဖြစ်သူတို့၏ လိုအပ်ချက်ကိုနားလည်သည်ဟု PKR ရုံးချုပ်တွင် ရာဖီဇီမှ
သတင်းထောက်များသို့ပြောခဲ့သည်။

အခြားတဖက်၌မူ မလေးရှားဝန်ကြီးချုပ်အနေနှင့် ပြည်သူများအား ယခုလိုစီးပွားရေးမကောင်းသောအချိန်တွင်
ဈေးပေါသော 1 Malaysia စားသောက်ဖွယ်များ (Menu Rakyat 1 Malaysia) ကို စားခိုင်းနေပြန်၏။
သို့သော်လည်း သမီးဖြစ်သူ၏ စေ့စပ်ပွဲတက်လာကြကုန်သော ဧည့်သည်များအတွက်မူ သာမန်မလေးရှားပြည်သူ
များအနေနှင့် စိတ်တောင်မကူးနိုင်ပဲ ဘုရင်များသာစားတော်ခေါ်နိုင်မည်ဖြစ်သည့် ဟင်းပွဲများကိုရက်ရက်ရောရော
ကျွေးနေပြန်လေသည်။

အဆိုပါစေ့စပ်ပွဲအထိမ်းအမှတ်ညစာစားပွဲအတွက် ကုန်ကျစရိတ်အား ၄င်း၏၀န်ကြီးချုပ်ရုံးသို့ နာဂျစ်ဘ်မှပြန်
လည်ပေးချေပြီးပြီလားဆိုသည်အား မိမိအနေနှင့်မသိရှိရသေးပဲ ၀န်ကြီးချုပ်နာဂျစ်ဘ်အနေနှင့် အများပြည်
သူဆိုင်ရာဝန်ကြီးချုပ်ရုံးအား တံခါးပိတ်၍ကိုယ်ရေးကိုယ်တာကိစ္စအတွက် အသုံးပြုရန်မသင့်တော်ဟု
ရာဖီဇီမှဆိုသည်။

အကယ်၍နာဂျစ်ဘ်အနေနှင့် ထိုကုန်ကျစရိတ်အတွက် ပြန်လည်ပေးချေပြီးပြီဖြစ်လျှင်လည်း ထိုညစာစားပွဲအ
တွက်ကုန်ကျစရိတ်ပမာဏမှာ ရင်းဂစ်ငွေပမာဏသန်းဝက်ခန့်ရှိနေ၍ ထိုငွေအား ၄င်းမည်သည့်နေရာမှရရှိသည်ကို
သိရှိလိုပါသည်ဟု ရာဖီဇီမှဆိုသည်။

မလေးရှားအခွန်ထမ်းပြည်သူတို့၏ငွေများကို ၀န်ကြီးချုပ်နာဂျစ်ဘ်မှ အလွဲသုံးစားလုပ်နေခြင်းကို
ထောက်ချင့်ခြင်းအားဖြင့် ခေါင်ကအစမလုံသောကြောင့် မလေးရှားပြည်သူများအနေနှင့် လက်ရှိမလေးရှားအစိုးရ၏ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးအား ပြင်းပြင်းထန်ထန်ရှိမည်ဟု မျှော်လင့်မထားသင့်ဟု ၄င်းမှဆိုသည်။

BN ခေါင်းဆောင်များတွင် စိတ်ဓါတ်ပိုင်းဆိုင်ရာစောင့်စည်းထိန်းသိမ်းမှု (သို့) အကျင့်ပျက်ခြစားမှုအား အမှန်တကယ်
ပပျောက်လိုသည့်ရပ်တည်မှုတို့ ရှိမနေသောကြောင့် ၄င်းတို့အနေနှင့် ပြုပြင်ပြောင်းလဲရေးဟူ၍ကြွေးကြော်နေသည်များမှာ
အဓိပ္ပာယ်သိပ်မရှိလှဟု ရာဖီဇီမှဆိုသည်။

လာမည့် လွှတ်တော်အစည်းအဝေးမှစပြီး နာဂျစ်ဘ်မှစ၍ အစိုးရခေါင်းဆောင်များ၏ အသုံးစရိတ်များနှင့် ပိုင်ဆိုင်မှုများကို
တော်ဝင်စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့၍ စစ်ဆေးရန် PR မဟာမိတ်အဖွဲ့မှ တောင်းဆိုရန်ရည်ရွယ်ထားသည်ဟု
ရာဖီဇီမှဆက်လက်ပြောကြားသည်။

 “ အကျင့်ပျက်ခြစားမှုတွေမှာ ထိပ်ဆုံးအဆင့်ခေါင်းဆောင်တွေပါပါနေလေတော့ ကျနော်တို့အနေနဲ့ မလေးရှားအကျင့်
ပျက်ခြစားမှုတိုက်ဖျက်ရေးကော်မရှင် (
MACC) သို့မဟုတ် ရဲတပ်ဖွဲ့ကိုသာအားထားနေမယ်ဆိုရင်တော့
ဘာမှထူးထူးခြားခြားဖြစ်လာမယ်မထင်ပါဘူး…”

ဟု ရာဖီဇီမှပြောကြားသွားခဲ့သည်။

One thought on “မလေး ၀န်ကြီးချုပ် ပြည်သူပိုင် ငွေနဲ့  သမီး စေ့စပ်ပွဲ လုပ်

  1. သန်းရွှေက ဒီလောက်တော့ ဟားနေတယ်။ ဟား–ဟား…ဟ။

Comments are closed.