ဘိုရှီ လိုင်း သို့ မဟုတ် တရုတ် နိုင်ငံရေး အာဏာလွန် ဆွဲပွဲ
တင်ကျော်ကျော်စိုး၊         ၊ တရုတ် ကွန်မြူနစ် ပါတီ ဗဟို နိုင်ငံရေး ဦးဆောင် ကော်မတီ  အဖွဲ့  ၀င်
(ပေါ်လစ်ဗျူရို ) တစ်ဦး ဖြစ်တဲ့ ဘိုရှီ လိုင်း ဟာ သန့် သန့် ပြန့် ပြန့်  နေတတ်သူ တစ်ဦး ဖြစ်ပြီး အ
နောက် တိုင်း ယဉ်ကျေးမှု နဲ့  အနီးစပ်ဆုံး  တရုတ် ခေါင်းဆောင် တစ်ဦး ဖြစ်ပါတယ်။
“ဘို က နိုင်ငံခြား သတင်းထောက် ဖြစ် ချင်တာ လေ ၊ ပီကင်း တက္ကသိုလ်မှာ ကျွန်မ နဲ့  အတူ
ကျောင်း နေဘက်ပေါ့ ၊ သမိုင်းဌာန မှာ အတူတူ စာသင် ခဲ့ ကြတာ လေ ၊ သူက ကမ္ဘာ့ သမိုင်း
ကို ယူပြီး ကျွန်မက တရုတ် နိုင်ငံ ရဲ့  သမိုင်း ကို ယူတယ် ၊ ဒါပေမယ့် သူ ၀ါသနာ က ဒါမဟုတ်
ဘူး ။ သူက နိုင်ငံခြား သတင်းထောက် အရမ်း ဖြစ်ချင် တယ့် လူ လေ ၊ မဟာဘွဲ့ ယူတော့
သတင်းစာ အတတ် ပညာ နဲ့  ယူတာ” လို့  ဘိုရှီလိုင်း နဲ့  ကျောင်း နေဘက် သူငယ် ချင်း တစ်
ဦးက CNN ကို ပြောပါတယ်။
သတင်းထောင် ဖြစ်ချင် တဲ့ ဘိုရှီလိုင်း ဟာ နောက် ဆုံးတော့ သတင်း ထောက် ဖြစ်မလာ ခဲ့ ပါ
ဘူး။
၁၉၇၀ ပြည့်လွန် နှစ်တွေ မှာ ဘွဲ့  ရ တော့ ၁၉၈၀ မှာ ကွန်မြူနစ် ပါတီ ထဲ ၀င် ၁၉၉၀ မှာ တရုတ်
အကြီး ဆုံး ရေတပ် စခန်း ရှိ တဲ့ ဒါလျှန်း မှာ ဒုတိယ မြို့ တော်ဝန် ဖြစ်ပြီး နောက် နှစ်နှစ် အကြာ
မှာ ဒါလျှန်း မြို့ တော် ၀န် ဖြစ်လာခဲ့ ပါတယ်။
သူ ဒါလျှန်း မှာ ရှိ နေစဉ် တရုတ် ပြည် ရဲ့  နာမည် ကျော် ဖလန်းဂေါင်း ဂိုဏ်းကို နှိပ် ကွပ် ရာ မှာ
နာမည် ကျော်ခဲ့ သူ တစ်ဦး လို့  ဆို ပါတယ်။ တရုတ် ကွန်မြူနစ် ပါတီ ကတော့ တရုတ် ပြည် ရဲ့ 
ပထမ ဦးဆုံး အဝေး ပြေးလမ်း (Expressway) ကို ဖောက်ပေး နိုင်ခဲ့ တဲ့ မြို့ တော်ဝန် အဖြစ်
သူကောင်း ပြု ပြီး ၀မ် ကျား ပေါင် သမ္မတ ဖြစ်လာတဲ့ အချိန် မှာ တရုတ် ပြည် ရဲ့  ကုန် သွယ်
ရေး ၀န်ကြီး ဖြစ်လာခဲ့ ပါတယ်။
” သူ ဟာ ဆက်ဆံ ရေး အလွန် ကောင်း သူ တစ်ဦး ပေါ့ အထူး သဖြင့် မီဒီယာ တွေ နဲ့  ဆက်
ဆံ ရေး( Darling of the Media)  ကောင်းတယ်။ တက်ကြွ တဲ့ ဆက်ဆံ ရေး နဲ့  အင်္ဂလိပ်
စကား ကို ရေ ရေ လည်လည် ပြော ပြီး အနောက်တိုင်းသား တွေ ကို ဆက်ဆံ နိုင်သူ တစ်
ဦးပေါ့ ။ သူ့  ကို တရုတ် ပြည်ရဲ့  ဂျွန် အက်(ဖ) ကနေဒီ လို့  ခေါ်ကြ တယ် လို့  ဘို နဲ့  တွေ့ 
ဆုံ ခဲ့ ဖူး တဲ့ ၀ါရှင်တန် ပို့  စ် သတင်းစာ အကြီးတန်း သတင်းထောက် ဂျို အန်း မက်ကွင်း
က ပြော ပါတယ်။
ဘိုရှီလိုင်း ရဲ့ ဖခင် ဘို ယီဘို
ရဲ့  ခေါင်းဆောင် ဟောင်း တစ်ဦး ဖြစ် ပြီး အသက် ၁၇ နှစ် အရွယ် ၁၉၂၅ ခုနှစ် မှာ CPC ကိုဝင်
ရောက် ခဲ့ ပြီး အရံ ဗဟို ကော်မတီ ၀င် ၊ ၀န်ကြီး တာဝန် တွေ ထမ်းဆောင် ခဲ့ ပေမယ့် ယဉ်ကျေး
မှု တော်လှန် ရေး ကာလ မှာ ဗိုလ်ချုပ် လင်ဗြောင် ၊ တရုတ် ကွန်မြူနစ် ပါတီ ဥက္ကဌ အဖြစ် တာ
ဝန်ထမ်းဆောင်ခဲ့ ဖူးတဲ့ ဟွာကိုဖုန်း တို့  အမိန့် နဲ့ ဖမ်းဆီး ခံ ခဲ့ ရပါတယ်။
ဖခင် ဖြစ်သူ ၀န်ကြီး အဖြစ် ကနေထောင်နန်း စံ ရ ချိန် မှာ ဘိုရှီလိုင်း လဲ ဖခင် နဲ့  အတူ ထောင်
ထဲ မှာ ၅ နှစ် ၊ ပြန်လည် ပြင်ဆင်ရေး စခန်း မှာ ငါး နှစ် နေ ခဲ့ ရပါတယ်။
နောက်တော့ လေးဦးဂိုဏ်း ရဲ့  ခောတ် ရောက်လာတဲ့ အခါ ဘို ယီဘို လဲ ပြန်လဲ လွတ်မြောက်
လာ ပြီး  တိန့် ရှောက်ဖိန် နဲ့  အတူ ဘိုယီဘို လဲ စီးပွားရေး ပြုပြင် ပြောင်းလဲ ရေး တွေ ကို
လုပ် ခဲ့ ပါတယ်။
ဘို ရှီလိုင်း ရာထူး က မဖယ်ရှားခံ ရခင် တစ်ရက် အလို အထိ အနောက်တိုင်း က တရုတ် ကျွမ်း
ကျင် သူ တွေ က ဘိုရှီလိုင်း ကို တစ်နေ့ တရုတ် ခေါင်းဆောင် ဖြစ်လာမယ့် သူ လို့  တစ်ညီ
တစ်ညွတ် ထဲ ခန့် မှန်းထား ခဲ့ ကြ ပါတယ်။
၂၀၀၇ ခုနှစ် တွင်  တရုတ် နိုင်ငံ အနောက်တောင် ပိုင်း တွင် ရှိ သည့် ချုံကင်း ပြည်နယ် ၏ မြို့ 
တော်ဝန် ဖြစ်လာခဲ့ ပါတယ်။
The Triad အပါအ၀င် တရုတ် နိုင်ငံ ၏ နာမည် ကျော် ရာဇ၀တ် ဂိုဏ်းများ အခြေစိုက်ရာ ချုံကင်း
မှာ လူဦး ရေး သန်း ၃၀ ခန့် ရှိ သည် မြို့ ကြီး တစ်မြို  ဖြစ်ပါတယ်။  သူရောက် ပြီး သိပ် မကြာခင်မှာ
ပင် ရာဇ၀တ် ဂိုဏ်းများ ကို ပြင်းပြင်း ထန် ထန် နှိပ်ကွပ် မှု တွေ စလာခဲ့တယ်။
Operation smash the black ဟု အမည်ပေးထားသည့် စစ်ဆင်ရေး တွင် ဂိုဏ်း အဖွဲ့  ၀င်
၂၀၀၀ာ  ကျော်ကို ဖမ်းဆီး နိုင်ခဲ့ပြီး ၅၀၀ ကို အပြစ် ဒဏ် ပေးနိုင်ခဲ့ ကာ ၁၃ ဦး ကို ကွပ်မျက်
ခဲ့ ရာမှာ  ထို အထဲ တွင် တရား ရေး ဌာန မှ ညွှန်ကြား ရေး မှုး တစ်ဦး လည်း ပါဝင် ပါတယ်။
အသက် ၆၂ အရွယ်ရှိ ချုံကင်း ကွန်မြူနစ် ပါတီ အကြီး အကဲ ဘို ရှီ လိုင်း ရာ ထူး က ဖယ်ရှား
ခံ ရတာ နဲ့  ပတ်သက် ပြီး ဘဏ္ဍာရေး ဆိုင်ရာ ဝေဖန် သူ သတင်းထောက် တစ်ဦး ဖြစ်တဲ့
Yu Fenghui က ” ဒီည တော့ နိုင်ငံ တ၀ှမ်း က ဒုစရိုက်  ဂိုဏ်း တွေ  ၀ိုင် အရက် နီ နဲ့ အောင်
ပွဲ ခံ တဲ့ ညပဲ” လို့  မှတ် ချက်ပေး ပါတယ်။
ယခင် ချုံ ကင်း ရဲချုပ် ဖြစ်တဲ့ သူ့  ရဲ့  လက်ထောက် လည်းဖြစ် လူယုံ လည်း ဖြစ်တဲ့ ဒုတိယ
မြို့ တော်ဝန် ၀မ်လိဂျွမ် ဟာ မွန်ဂိုလီးယား နဲ့  နီးတဲ့ ချန်ဒူး ပြည်နယ်က  တရုတ် ကောင် စစ်
ဝန် ရုံးမှာ တစ်ည တာ သွားရောက် နေ ခဲ့ရာ က နေ ဘိုရှီလိုင်း ရဲ့  နိုင်ငံရေး ဆုံးခန်း တိုင် ဖို့ 
ဖြစ်လာ ခဲ့ ပါတယ်။
၂၀၀၇ ခုနှစ် က ကျင်းပတဲ့ ၁၇ ကြိမ်မြောက် တရုတ် ကွန်မြူနစ် ပါတီ အမျိုးသား ကွန်ဂရက်
မှာ ပေါ်လစ်ဗျူရို အဖြစ် ရွေးချယ် ခံ ရ တဲ့ ဘို ဟာ လက်ရှိ ကျင်း ပနေတဲ့ Fifth Session of the 11th
National People’s Congress (NPC
)  ကို လည်း တက်ရောက် ဖို့  ပျက် ကွက် ခဲ့  ပါတယ်။
ရလာဒ် က  မော်ဝါဒီ တစ်ကျော့ ပြန် လို့ ကင်ပွန်း တပ်ကြတဲ့ လက်ဝဲသစ် အယူ အဆ ရှိတဲ့
ဘို ရှီလိုင်း တစ်ယောက် ရာထူး က ဖယ်ရှား ခံ ရတာ ပါပဲ။
ဘိုရှိလိုင် ကို ရာထူးမှ ဖယ်ရှားကြောင်း ပြောနေသည့် ၀မ်ကျားပေါင်
ဥရော ပ သမဂ္ဂ နိုင်ငံခြား ရေးရာ ကောင်စီ ရဲ့  တရုတ်ပြည် ရေးရာ ကျွမ်းကျင် သူ Francois Godement
က ” ဘို ဟာ နိုင်ငံရေး ပြုပြင် ပြောင်းလဲ မှု နဲ့  အဂတိ လိုက်စား မှု တွေ ကို တိုက်ဖျက် ချင် သူ
တစ်ဦး ပါ။ တရုတ် ထိပ်တန်း ခေါင်းဆောင် တစ်ဦး ဖြစ်လာ မယ့် သူ ပေါ့ ။ အခု တော့
သူ လဲ နိုင်ငံရေး ခြေထိုး ခံ မှု နဲ့ ကြုံ လိုက် ရပြီ လို့ သုံးသပ် ပါတယ်။
တစ်ယောက် က ဧကရာဇ် ဖြစ်ပြီ ဆို ရင် တစ်ယောက် က ဓားပြ ဖြစ်တော့ တာ ပဲ ဆိုတဲ့
နာမည် ကျော် တရုတ် စကား ပုံ အတိုင်း ပင် ဒီနှစ် ကုန် မှာ ကျင်း ပမယ့် ၁၈ ကြိမ်မြောက်
တရုတ် ကွန်မြူနစ် ပါတီ အမျိုးသား ကွန်ဂရက် အတွက် အကြိတ် အနယ် ယှဉ်ပြိုင် ပွဲ
မစခင် မှာ သူ ဘေးရောက် သွား ပြီ ဖြစ်ပါတယ်။
ဒီဖြစ်ရပ် က တရုတ် နိုင်ငံ ရဲ့ နိုင်ငံ ရေး အားပြိုင်မှု ပဲ တရုတ် နိုင်ငံ မှာ အာဏာလွန်ဆွဲမှု
တွေ ရှိနေတာ ကို ပြတာ ပဲ လို့  ဘီဂျင်းမှာ အခြေစိုက်တဲ့ တရုတ်ရေး ရာ ပါမေက္ခ တစ်
ဦးဖြစ်သူ Russell Leigh Moses က Wall Street Journal မှာ ရေးသား ထား ပါ
တယ်။
ဘို ကို ရာထူး က ဖယ်ရှားတာ ဟာ ၁၉၈၉ ခုနှစ် မှာ တိန့် အန် မင်း အရေး အခင်း ဖြစ်ပြီး
တော့ တရုတ် ခေါင်းဆောင်  ကျောက်ကျိ ယန် ကို ရာထူး က ဖယ်ရှား ပြီး ၂၀၀၅ ခုနှစ်
သေတဲ့ အထိ  နေအိမ်  အကျယ်ချုပ် ချထား ပြီး နောက် ပထမ ဦးဆုံး ဖြစ်ပါတယ်။
ဘိုရှီ လိုင်း ပြန်ပြီး တော့ အာဏာ ရဖို့  ဖြစ်လာ အုံးမလား … ဖြစ်တာ ပေါ့ ဗျာ သိပ်ရှိတာ
ပေါ့ ကွန်မြူနစ် ပါတီ ထဲ မှာ လက်ဝဲ သစ် တွေ အများ ကြီး ပဲ လေ ၊ ၀မ်ကျား ပေါင် တို့
အကုန် ရှင်း ဖို့ လွယ်မှာ မဟုတ် ဘူး  ၊ အခု ပထမ နှစ်လ မှာတရုတ်  စီးပွားရေး ကျလာ
တယ်။ ဒီထက် ဆိုး ရင် လက်ဝဲ သစ် တွေ ခေါင်းထောင် လာ မှာ ပဲ ။ သူတို့  က စီးပွားရေး၊
နိုင်ငံ ရေး ပြုပြင် ပြောင်းလဲ မှု ကို လို ချင်တာ ၊ တရုတ် နိုင်ငံ ရဲ့  မဆုံး တဲ့ နိုင်ငံ ရေး
အာဏာ လွန် ဆွဲ ပွဲ တွေ စလာ လိမ့် မယ် လို့  ပြော ပါတယ်။
ဘို ရှိလိုင်း ဟာ ၀မ်ကျားပေါင် ကို ဝေဖန် သူ တစ်ဦး  ဖြစ်ပြီး တရုတ် ကွန်မြူ နစ် ပါတီ
ဆက် ရှင် သန် ဖို့  အတွက် ပြုပြင် ပြောင်းလဲ ရေး တွေ လုပ်ဖို့  တွန်းအား ပေး သူ တစ်
ဦး ဖြစ် ပါတယ်။
အခု သူ့  နေရာမှာ  ရှန်  ဒေး ကျန် နဲ့  အစား ထိုး လိုက်ဖြစ်ပါတယ်။ တရုတ် စကား ပုံ အတိုင်း
ဆို ရင် သူ ဓားပြ ဖြစ်သွား ပါပြီ။  ဒါပေမယ့် ဘိုရှီ လိုင်း က ကားလိပ် ချသွားတာ တော့ မဟုတ်
သေး ဘူး တရုတ် နိုင်ငံရေး ငလျှင် ကြီး ကို ရှုစား ရ အုံးမှာ ဖြစ်ပါတယ် ။
References ;
The New American
http://www.thenewamerican.com/world-mainmenu-26/asia-mainmenu-33/11220-bo-xilai-purged-in-chinas-communist-party-shakeup
The Huffing ton Post
CNN   The rise and fall of China‘s Bo Xilai
( Washington Post) Purge in China
B0 Xilai, China, Chongqing , Leader in Wait List
Xin Hua
The Wall Street Journal