နိုင်ငံရေး အကျဉ်းသော လွတ်မြောက်ရေး လှုံ ဆော်သူ ကို ရွာသာကြီး ပို့ 

ယူကွန် ၊နိုင်ငံရေး အကျဉ်းသား များ လွတ်မြောက်ရေး လှုံ ဆော်သူ ဆန္ဒပြ သူ တစ်ဦး ဖြစ်သည့် ဧရာဝတီ
တိုင်း ဘိုကလေး မြို့ မှ ဦးအောင်မြင့် ဆို သူ သည် ယမန် နေ့ က ရန်ကုန် မြို့  သို့  လာရောက် ၍
နိုင်ငံရေး အကျဉ်းသား များ လွတ်မြောက်ရေး ဆန္ဒပြရန် စီစဉ် နေ ချိန် အတွင်း ဆိုင်ရာ အာဏာ
ပိုင် များ က ဖမ်း ဆီး သွား ပြီး ရွာသာကြီး စိတ်ကျန်းမာရေး ဆေးရုံ ကို ပို့ ဆောင် လိုက်တယ်
လို့ FNG က သတင်း ရရှိ ပါတယ်။

ဦးအောင်မြင့် နဲ့  သူ့  ရဲ့  သမီး ဖြစ်သူ နှစ်ဦး ဟာ ရန်ကုန် မြို့  ကို လာရောက် စဉ် သင်္ဘောဆိပ် မှာ
ဖမ်းဆီး ခံ ရတာ ဖြစ်တယ် လို့  ဘိုကလေး မြို့ နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့  ချုပ် အဖွဲ့ ၀င် တစ်
ဦး က ပြောပါတယ်။

FNG က ရွာသာ ကြီး စိတ်ကျန်းမားရေး ကို ဆက်သွယ်ရာမှာ ပြင်ပ လူနာ တွေ ရှိ နေတဲ့ အတွက်
ဘယ်သူ ဘယ်ဝါ ထပ် မံ ရောက်လာ ကြောင်း အတိ အကျ မပြော နိုင် ပေမယ့် တနင်္လာ နေ့ မှာ
အပတ်စဉ် ဆေးစစ်မှု ရှိ ပြီး ကြာသပတေး နေ့ မှ ဆုံး ဖြတ် ချက် ချ မှာ ဖြစ်တယ် လို့  ပြောပါတယ်။

ဦးအောင်မြင့် ဟာ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး အတွက် ဘိုကလေး မြို့  က သူ့  ရဲ့ 
နေအိမ်မှာ ခြေထောက်ကို သံခြေချင်း ခတ် ပြီး ဆန္ဒပြ ခဲ့ ပါတယ်။

သူ့  ရဲ့  သမီး ဖြစ်သူ မနှင်းထက်ထက်အောင် ကို ဖမ်းဆီး ခဲ့ ပေမယ့် ပြန်လည် လွှတ်ပေး ခဲ့ ပါတယ်။

နိုင်ငံရေး အကျဉ်းသား ဟောင်း တစ်ဦး ဖြစ်တဲ့ ဦးအောင် မြင့် ဟာ ၁၉၉၈ ခုနှစ် နဲ့  ၂၀၀၇ ခုနှစ်တွေ
မှာ ဆန္ဒပြမှု နဲ့ ဖမ်းဆီးခံခဲ့ ရ ပါတယ်။

Political Prisoners, Rare, Protests,