(၁၉.၃.၂၀၁၂) မှ (၂၅.၃.၂၀၁၂) အတွင်း ခုနစ်ရက်သားသမီးများအတွက် တပတ်စာ ဗေဒင်ဟောစာတမ်း

ဆရာကြီးမင်းသိင်္ခ၏တပည့် ဒေါ်ဆွေဇင်ဝတီ

တနင်္ဂနွေသားသမီးများ၏ကံကြမ္မာ

အလှူအတန်းလုပ်ရခြင်း၊  မျက်မှန်၊ ဆိုင်ခန်း၊ ဆိုင်ကယ်ဝင်ခြင်းများဖြစ်တတ်သည်

။ မိတ်ဆွေသစ်များရခြင်း၊ လူမျိုးခြားများကြောင့်စိတ်ညစ်စရာဖြစ်နေမည်။ ငွေဝင်ခြင်း၊ အလုပ်ပြောင်းခြင်း၊
အခန်းပြောင်းရခြင်းများဖြစ်တတ်သည်။  စီးပွားရေးကောင်းနေသည်။ သို့သော် ငွေကုန်များနေမည်။
သောကြာနံပစ္စည်းများဝင်ခြင်း၊ဖုန်းအဟောင်းအသစ်လဲရခြင်းဖြစ်တတ်သည်။
ချစ်သူရည်းစားရခြင်းဖြစ်မည်။ အပူလောင်ခြင်း၊ သွေးထွက်သံယိုဖြစ်ခြင်းဖြစ်တတ် သည်။ သွေးတိုးရှိသူသတိထားပါ။
သွေးတိုးကြောင့်ဆေးရုံဆေးခန်းသွားရတတ်သည်။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှ ဘုရားသခင်အား မုန့်လုံးရေပေါ် ကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း ( ၆၊ ၄၊ ၃၊ ၃)

တနင်္လာသားသမီးများ၏ကံကြမ္မာ

ထီပေါက်ခြင်း။ အမွေရခြင်း၊ မြေ၀င်ခြင်း၊ ကွန်ပြူတာဝင်ခြင်း၊ လူမျိုးခြားများ၏ကူညီမှုရခြင်း၊ နှိုင်ငံရပ်ခြားခရီးသွားရခြင်း၊
|နှိင်ငံခြားကိစ္စများဆောင်ရွက်ရခြင်းများဖြစ်တတ်သည်။
မိမိကိုယ်တိုင်စိတ်တိုင်းမကျခြင်း၊ သူတပါးကိုစိတ်တိုင်းမကျခြင်းများဖြစ်နေတတ်သည်။ ဘာပဲလုပ်လုပ် အဆင်မပြေဖြစ်နေတတ်သည်။ လုပ်သမျှလွဲချော်နေတတ်သည်။ ငွေအကုန်အကျများနေမည်။ အသွားအလာသတိထားပါ။ အချစ်ရေးတွင် ရတာမလို
လိုတာမရဆိုသလိုဖြစ်နေမည်။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှ ဘုရားသခင်အား နို့ဆွမ်းကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း ( ရ၊ ၀၊ ၅၊ ၆)

အင်္ဂါသားသမီးများ၏ကံကြမ္မာ

အလုပ်တွင်စိတ်တိုင်းမကျဖြစ်နေသောကြောင့် အလုပ်ပြောင်းစိတ်ပေါ်နေမည်။ သို့သော်မပြောင်းပါနှင့်။ လက်ရှိအလုပ်ထက်နောက်
အလုပ်ကပိုစိတ်ညစ်ရတတ်သည်။ အစစအရာရာ သည်းခံပြီးနေပါ။ ရွှေထွက်ခြင်း၊ ဖုန်းထွက်ခြင်း၊ ဆေးစားမှားခြင်း၊
လူလိမ်ခံရခြင်းဖြစ်တတ်သည်။ စာမေးပွဲ၊ အင်တာဗြူးဖြေစရာရှိလျှင်ဖြေပါ။ ထူးချွန်စွာအောင်မြင်မည်။ အဖမ်းအဆီး
အချုပ်အနှောင်ခံရတတ်သည်။ ငွေရင်းပြီးစီးပွားရှာခြင်းမလုပ်ပါနှင့် ဆုံးရှုံးမှုများမည်။ ချစ်သူအထင်လွဲခံနေရတတ်သည်။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှ ဘုရားသခင်အား  မုန့်ဖက်ထုပ်ကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း ( ၀၊ ၅၊ ၄၊ ၅)

ဗုဒ္ဓဟူးသားသမီးများ၏ကံကြမ္မာ

ရေခြားမြေခြားပင်လယ်ရပ်ခြား ခရီးသွားရခြင်း (သို့) မိမိမရောက်ဖူးသေးသောဒေသစိမ်းသို့ သွားရတတ်ခြင်းဖြစ်တတ်သည်။
စက်ပစ္စည်းဝင်ခြင်း၊ ကားအဟောင်းမှအသစ်ပြောင်း ရခြင်းပြုလုပ်ရတတ်သည်။ စီးပွားတက်မည်။ မိဘများကိုပိုပြီးကျေးဇူးဆပ်နိုင်မည်။
အလုပ်တွင်ရန်ပေါ်တတ်သည်။ အလုပ်သစ်ပြောင်းရန်ဖြစ်လာလျှင်ပြောင်းပါ။ ကောင်းသောပြောင်းခြင်းဖြစ်မည်။ သွေးတိုးခြင်း၊
သွေးထွက်သံယိုဖြစ်ခြင်း၊ အရေပြားတွင် အဖုအကျိတ်ပေါက်ခြင်းဖြစ်တတ်သည်။ ချစ်သူရည်းစားရမည်။ မိမိဘ၀လက်တွဲဖေါ်ဖြစ်မည်။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှ ဘုရားသခင်အား ပေါက်ပေါက်ပွင့်ကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း ( ၅၊ ၃၊ ၂၊ ၅ )

ကြာသပတေးသားသမီးများ၏ကံကြမ္မာ

အိုးသစ်၊ အိမ်သစ်၊ နေရာသစ်ပြောင်းရခြင်း၊ ကိုယ်ပိုင်လုပ်ငန်းလုပ်ရန်အကြောင်းဖြစ်လာခြင်းဖြစ်တတ်သည်။ သို့သော်မလုပ်ပါနှင့်၊
ဆုံးရှုံးမှုများမည်။ ရွှေ ၊နာရီ ထွက်တတ်သည်။ စန်းအားကောင်းနေသည်။  ငယ်ရွယ်သူများသတိထားပါ၊ အိမ်ထောင်ရှင်များ၏ချစ်ခွင့်ပန်ခြင်း
၊ အိမ်ထောင်ရှင်များနှင့်စွပ်စွဲခံရခြင်းဖြစ်တတ်သည်။ အစီအစဉ်မရှိပဲအိမ်ထောင်ကျတတ်သည်။
မမြဲတတ်ပါ။ အစားမှားခြင်း၊ ဆေးထိုးမှားခြင်း၊ ခေါင်းကိုက်ခြင်းဖြစ်တတ်သည်။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှ ဘုရားသခင်အား မြေပဲယိုကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း ( ၁၊ ၆၊ ၅၊ ၂ )

သောကြာသားသမီးများ၏ကံကြမ္မာ

ရာထူးတိုးခြင်း၊ လစာတိုးခြင်း၊ ပျော်ရွှင်သောခရီးသွားရခြင်း၊ ကိုယ်ပိုင်လုပ်ငန်းလုပ်ရန်ကောင်းသောအချိန်ဖြစ်သည်။ ရွှေလက်စွပ်၊
စိန်လက်စွပ်ဝင် တတ်သည်။ လက်အောက်ငယ်သားကောင်းရခြင်း၊ အိမ်ထောင်ရှင်ဖြစ်ပါက ကိုယ်ဝန်ရခြင်း ဖြစ်တတ်သည်။
စီးပွားတက်သောကြောင့် သတိရှိပါ။ အရေးကြီးဆုံးကံအားထိန်းသိမ်းပါ။
မိန်းကလေးအနှောင့်အယှက်တွေ့ရတတ်သည်။ အချစ်ရေးတွင် အရွေးရခက်အောင်စန်းအားကောင်းနေသည်။ ဆီးကျောက်
ကပ်နှင့်ပတ်သက်သောရောဂါဖြစ်ခြင်း၊ ခေါင်းမူးခေါင်း
ကိုက်ခြင်းဖြစ်တတ်သည်။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှ ဘုရားသခင်အား ဖရုံယိုကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း ( ၄၊ ၂၊ ၁၊ ၃ )

စနေသားသမီးများ၏ကံကြမ္မာ

စက်ပစ္စည်းဝင်ခြင်း၊ စာရွက်စာတမ်းနှင့်ပတ်သက်ပြီး အဆင်ပြေမည်။ ယခုအချိန်တွင်အိမ်ပိုင်ရခြင်းဖြစ်တတ်သည်။
အလုပ်တွင်စိတ်တိုင်းမကျဖြစ်နေမည်။ ထို့ကြောင့် ငွေရင်းပြီးစီးပွားမရှာပါနှင့် အလောင်းအစားမလုပ်ပါနှင့်။
ဆုံးရှုံးမှုများမည်။ ဆွေမျိုးသားချင်း၊ သွေးသားအတွက်ပူပင်သောက ရောက်ရတတ်သည်။ ရွှေ၊ နာရီထွက်မည်။ အပူလောင်ခြင်း၊ အအေးမခံပါနှင့် လေဖျန်းလေဖြတ်တတ်သည်။ လေထိုးလေအောင့်ခြင်းဖြစ်တတ်သည်။ ချစ်သူရည်းစားအတွက် စိတ်ညစ်နေရမည်။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှ ဘုရားသခင်အား သင်္ဘောသီးကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း ( ၃၊ ၃၊ ၁၊ ၀ )

                                           *ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ*

(ဆရာကြီးမင်းသိင်္ခ၏ တပည့်) ဗေဒင်ပညာရှင် ဒေါ်ဆွေဇင်ဝတီ
ဟောချိန်- နံနက် ၁၀း၀၀ နာရီ မှ ညနေ ၅း၀၀ နာရီ၊
ဟောခန်း- နန်းထိုက်ပဒုမ္မာ (ဆံသ၊ စတိုးနှင့်စားသောက်ဆိုင်) ကလန်းကားဂိတ်နှင့် Mydin Supermarket အနီး။

ဖုန်း   +6012-9133-093, +6016-6903-513
E-mail:swezinwati@gmail.com

* မလေးရှားမဟုတ်သော မြန်မာနိုင်ငံမှအပ အခြားနိုင်ငံများမှ ဗေဒင်မေးမြန်းချင်သူများကို အီးမေးလ်မှဟောစာတမ်းရေးပြီးဟောပေးပါသည်*

One thought on “(၁၉.၃.၂၀၁၂) မှ (၂၅.၃.၂၀၁၂) အတွင်း ခုနစ်ရက်သားသမီးများအတွက် တပတ်စာ ဗေဒင်ဟောစာတမ်း

Comments are closed.