ဆီးရီးယား မှာ ရုရှား တပ်ရောက်| ဒမ္မစကတ် ကို အစိုးရ ဆန့် ကျင်ရေး လက်နက်ကိုင် တပ်တွေ ၀င်

နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့  ကို ကူညီရန် ဆိုသည့် အကြောင်း ပြချက် ဖြင့် ရုရှား အကြမ်းဖက်
ဆန့် ကျင်ရေး လက်နက်ကိုင် တပ် ဖွဲ့  များ ဆီးရီးယား နိုင်ငံ တွင်း ရောက်ရှိ နေခြင်းသည့် အာ
ဆဒ် အစိုး ရ ကို ဆန့် ကျင်သည့် လက်နက် ကိုင် အဖွဲ့  များ ကို နှိပ်ကွပ် ရန် ဆိုသည့် စိုးရိမ်စိတ်
များ ဆီးရီးယား အတိုက် အခံ များ ကြား တွင် ကြီးထွား လာသည်။

ဆီးရီးယား နိုင်ငံ မြို့ တော် ဒမ္မစကတ် တွင် စနေ့ က ပြင်းထန် သည့် ကား ဗုံး ပေါက် ကွဲ မှု နှစ်ခု
အပြီး သမ္မတအာဆဒ်  အား သစ္စာ ခံ သည့် လုံခြုံရေး တပ်ဖွဲ့ များ နှင့် ဆီးရီးယား ပြည်သူများ
လွတ်မြောက်ရေး တပ် (Free Syrian Army) တို့  တိုက်ပွဲ များ အပြင်းအထန် ဖြစ်ပွား ခဲ့
သည် ဟုCNN သတင်း တွင် ဖော်ပြထားသည်။

ဆီးရီးယား အစိုးရ ရုံးစိုက်ရာ မြို့ တော် ဒမ္မစကတ် အနီးရှိ အယ် မက်ဇာ မြို့ ကို တိုက် ခိုက်မှု
တွင် အစိုးရ တပ်သား ၁၈ ဦးခန့် ထိခိုက် ဒဏ်ရာ ရရှိခဲ့ သည် ဟု အတိုက် အခံ သတင်း ရပ်
ကွက် မှ လာသည့် သတင်းများ တွင် ဖော်ပြထားသည်။

တိုက်ပွဲများ မှာ ပြင်းထန် လှပြီး ဆီးရီးယား ပြည်သူများ  လွတ်မြောက်ရေး တပ် သည် ဒမ္မစ
ကတ် မြို့  စွန် ရှိ အရေး ပါသည့် နေရာ များ ကို ခြေကုပ် ရရှိထား သည်။
ယမန် နေ့ က ဆီးရီးယား အစိုးရ တပ် မှ  ဗိုလ်ချုပ် အဆင့် ရှိ သူ နှစ်ဦး သည် ဆီးရီးယား အစိုး
ရ ဆန့် ကျင်ရေး လက်နက် ကိုင် တပ် များ နှင့် ပူးပေါင်းခဲ့ သည်။

ဆီးရီးယား တွင် နှစ်ဖက် အပစ်အခတ် ရပ် စဲ ရတ် ရုရှား နိုင်ငံ က ယနေ့  ပြောဆိုလိုက်သည်။
ဆီးရီးယား နိုင်ငံ အတွင်း ရုရှား တပ် များ ချထားခြင်း မရှိ ဟု ရုရှား ကာကွယ်ရေး ၀န်ကြီး
Anatoly Serdyukov  က ပြောဆိုလိုက်သည်။

အယ် မက်ဇာ မြို့  သည် အစိုးရ အဖွဲ့  မှ အရာရှိ များ နှင့် လူကုံထံ များ နေသည့် ရပ်ကွက် ဖြစ်
သည်။

ဆီးရီးယား နိုင်ငံ တွင် အာဆဒ် ဆန့် ကျင်ရေး ဆန္ဒပြမှု များ စတင်ခဲ့ သည့် တစ်နှစ် အတွင်း
သေဆုံးသူ ၈၀၀၀ ကျော်ရှိ သွား ပြီ ဖြစ်သည်။