ဧပြီ လ ၁ ရက်နေ့ တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက် ပွဲ အတွက် မြန်မာ အစိုးရ က နိုင်ငံ
တကာ ရွေးကောက် ပွဲ လေ့လာ စောင့်ကြည့် ရေး အဖွဲ့ များ ကို ကမ်းလှမ်း လိုက်သည် ဟု
AFP သတင်း တွင် ဖော်ပြထားသည်။
အမေရိကန် ၊ ဥရော ပ နှင့် ကုလသမဂ္ဂ အဖွဲ့ များ ကို ရွေးကောက် ပွဲ တွင် လေ့လာ စောင့် ကြည့်
ရန် အတွက် ဖိတ် ခေါ် လိုက် ခြင်း ဖြစ်သည်။
ရန်ကုန် မြို့  အမေရိကန် သံရုံးရှိ ပြော ခွင့် ရ ပုဂ္ဂိုလ် Mike Quinlan က မြန်မာ အစိုး ရ ၏ ရွေး
ကောက် ပွဲ နိုင်ငံ တကာ က စောင့် ကြည့် လေ့လာ ခွင့် ကို ကြို ဆို ကြောင်း ပြောကြား လိုက်
သည်။
မကြာခင် ကျင်း ပမည့် ကြားဖြတ် ရွေးကောက် ပွဲ တွင် ၁၉၉၀ ရွေးကောက် ပွဲ အနိုင်ရ ပါတီ ဖြစ်
သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် က ၄၈ နေရာ အတွက် ကျော့ ပြန် ပါဝင် ဆင်နွှဲ အုံးမည်
ဖြစ်သည်။
မြန်မာ အစိုးရ ၏ ရွေးကောက် ပွဲ ကို အာဆီယံ အဖွဲ့  ၀င် နိုင်ငံ များ ကလည်း လေ့လာ စောင့်
ကြည့် မည် ဖြစ်သည်။
ရွေးကောက် ပွဲ အတွက် လေ့ လာသူ မည်မျှ ခွင့် ပြု မည် ဆိုသည် ကို မြန်မာ အစိုးရ က ထုတ်
ဖော် ပြောကြား မရှိ သေး ဟု သိရသည်။
