ပြင်သစ် သေနတ် သမား ကို မိပြီ ဆိုသည့် သတင်း ကို ငြင်းဆို

ပြင်သစ် စံတော်ချိန် နေ့ လည် ၁ နာရီ နောက်ဆုံး ရရှိ တဲ့ သတင်း တွေ အရ ပြင်သစ် သေနတ်
သမား ကို မိပြီ ဆိုတဲ့ သတင်း ဟာ မဟုတ် ဘူး လို့  ပြင်သစ် ပြည်ထဲ ရေး ၀န်ကြီး က ပြော သည်။

သေနတ် သမား ပုန်း ခိုရာ နေရာ ကို ဆက် လက် ပိတ် ဆို့ ထား ဆဲ ဖြစ်ပြီး သူ ဟာ ထွက် ပေါက်
တော့ မရှိ တော့ ဘူး လို့  သတင်း များ တွင် ဖော်ပြ ထား သည်။

မိုဟာမက် မီရာ ဆိုသည့် သေနတ် သမား သည် နေရာ ၃ ခု တွင် သီးခြား စီ  ဖြစ်ပွား ခဲ့ သည့် သေ
နတ် ပစ်ခတ်မှု များ တွင် လူ ၇ နှစ် ဦး သေဆုံး မှု အတွက် အဓိက တရားခံ ဖြစ်သည် ဟု သံသယ
ရှိ ကြသည်။

အစောပိုင်း တူလူစ် အခြေစိုက် BFM TV က သေနတ် သမား ကို မိပြီ ဆိုသည့် သတင်း ကို ဖော်
ပြ သွား ခဲ့ သည်။

ပြင်သစ် စံတော်ချိန် မနက် ၇ နာရီ ၁၀ မိနစ် တွင် အသက် ၂၄ နှစ် အရွယ် အယ်(လ)ကာယီးဒါး
ဂျီဟဒ် လှုပ်ရှား သူ ပြင်သစ် သေနတ် သမား ကို ရဲ တပ်ဖွဲ့  က ဖမ်းဆီး နိုင်ခဲ့သည်။

နှစ်ယောက် လို့  ယူဆထားသူ တွင် တစ်ယောက် ပဲ ဖမ်းဆီး ရမိသေး
ဟု နောက်ဆုံး ရ သတင်းများ အရ သိရှိ ရသည်။ အဓိက တရားခံ သည် အိမ်ထဲ ရှိ ဘန်ကာ ထဲ တွင်
ဆက်ရှိ နေပြီး ပြင်သစ် နိုင်ငံ သား ခံယူထားသူ အယ်(လ)ဂျီးရီးယား နိုင်ငံသား ဖြစ်သည်။

မိန်းကလေး ငယ် တစ်ဦး အပါအ၀င် လူလေးဦး ကို ပစ်သတ် သွားခဲ့ သည့်
သေနတ် သမား ပုန်းအောင်းနေသည် ဟု ယူဆရသည့် နေရာ အား ပြင်သစ် ရဲတပ် ဖွဲ့  က
ဝင်ရောက် စီးနင်း ရာ ရဲနှစ်ဦး ဒဏ်ရာ ရရှိ သွားသည်။ စီးနင်း မှု သည့် ယနေ့  မနက် အစော
ပိုင်း ပြင် သစ် စံ တော် ချိန်  မနက် သုံးနာရီ တွင် ဖြစ်သည်။

အနက်ရောင် ၀တ်ဆင်ထားပြီး ကျဉ်ကား အကျီ်များ ၀တ်ဆင် ထား သည့် ပြင်သစ် အထူး တပ်
ဖွဲ့  သည် အသက် ၂၄ နှစ် အရွယ် သေနတ် သမား နှင့် ဆွေး နွေး နေ ပြီး သေနတ် သမား ၏
အမေ နှင့် ညီ အကို နှစ် ယောက် တို့  နှင့် ဆွေး နွေး နေသည်။ ပြင်သစ် ရုပ်သံ တစ်ခု ဖြစ်သည့်
BFM TV မှ ထုတ်လွှင့် မှု တွင် သေနတ် သမား ၏ အိမ် ကို လုံးဝ စီးနင်း မိထား ပြီ ဟု ဆိုသည်။

သေနတ် သမား ၏ အိမ် အား စီးနင်း နေ မှု ကို တိုက်ရိုက် ကြည့်ရှု ရန်

တနင်္လာ  နေ့  က တူလူစ်  ဂျူးဘာသာရေး စာသင် ကျောင်း Ozar Hatorah တွင် ပစ်ခတ် သွား ခဲ့
သည့် သူ သည် မော်တော် ဆိုင် ကယ် စီး ဦးထုပ် ၀တ်ဆင် ထား ပြီး စကူတာ စီးလား သည်
ကို လုံခြုံရေး ကင်မ ရာ မှ တစ်ဆင့် သဲလွန် စ ရရှိ လိုက်သည်။

ပြင်သစ် နိုင်ငံ တွင် အကြမ်းဖက် အန္တရာယ အဆင့် တိုးမြှင့် သတိပေးထား ပြီး အကြမ်းဖက်
သေနတ် သမား ကို ပိုက် စိပ် တိုက် ရှာဖွေ နေခဲ့ သည်။ သမ္မတ ဆာကို ဇီ သည် အကြမ်းဖက်
မှု ဖြစ်ပွား ခဲ့ ရာ ကျောင်း သို့  လာရောက် ပြီး ကျောင်းသား များ ကို အား ပေး ခဲ့ သည်။

ပြင်သစ် ရဲတပ် ဖွဲ့  က သေနတ် သမား သည် ဆက်လက် အကြမ်းဖက် နိုင်သည် ဟု သတိ
ပေးထားသည်။

သေဆုံး သူ လေးဦး အနက် နှစ် ဦး ၏ ရုပ် အလောင်း ကို အစ္စရေး နိုင်ငံ တွင့် မြုပ် နှံ ရန် လေယာဉ်
ဖြင့် သယ်ဆောင် သွားသည်။

သေနတ် သမား သည် နာဇီ လက်သစ် ၀ါဒီ တစ်ဦး ဖြစ်သည်  ဟု ဝေဖန် ပိုင်းခြား သူ တို့  က သုံး
သပ်ထား သည်။

နောက်ဆုံး ရရှိသည့် သတင်းများ အရ သေနတ်သမား သည် အာဖဂန် နစ္စတန် နှင့် ပါကစ္စတန် နယ်
စပ် သို့  ခရီး ထွက် ခဲ့ ဖူးသည် ဟု သိရသည်။